ေသာၾကာ သားသမီးေလးေတြ အေၾကာင္း...!

ေသာၾကာ သားသမီးေလးေတြ အေၾကာင္း

ေသာၾကာ သားသမီးေတြဟာ လူ့ေလာကကို စေရာက္ျပီဆုိကတည္းက အငုိသန္တယ္။ ေသြးေအးေအး နဲ ့ စိတ္ၾကီးတတ္တယ္။ အေနေအးတဲ့ လူအမ်ားစု ျဖစ္ၾကေပမဲ့ ကိုယ္ခင္ရတဲ့သူ အရင္းနွီးဆံုး လူေတြနဲ့ စကားေျပာရင္ေတာ့ အင္မတန္မွ စကားမ်ားတယ္။ ေလေၾကာ မျပတ္နုိင္ဘူး။ သူမ်ားအေၾကာင္းထက္ ကိုယ့္အေၾကာင္းေတြကို ပိုျပီး ေျပာျပေလ့ရွိတယ္။

ရည္မွန္းခ်က္တစ္ခုကို အေကာင္အထည္ေဖာ္ရင္ စိတ္ရွည္တယ္။ သည္းခံတယ္။ ကိုယ္မၾကိဳက္တဲ့ အရာ ၊ ကိုယ္မနွစ္သက္ေသာ လူေတြဆုိရင္ေတာ့  ဘယ္ေတာ့မွ ဂရုမစိုက္တတ္ဘူး။ ကုိယ္မွန္တယ္လုိ့ထင္ရင္လည္း ဘယ္သူေျပာေျပာ ဂရုမစုိက္တတ္တာ ေသာၾကာပါ။
လူမွဳေရး နဲ ့ ပတ္သတ္ျပီး ဆက္ဆံရင္ ေဖာ္ေရြတတ္တာ ေသာၾကာပါ။

ကုိယ္ခင္တဲ့ မိတ္ေဆြေတြရဲ့ လူမွဳေရးပဲြေတြ အတြက္ဆုိရင္ ေသာၾကာေတြဟာ မပ်က္မကြက္ သြားေရာက္တတ္ပါတယ္။ အျပင္မွာ ေအးစက္စက္နဲ့မာနၾကီးတယ္လုိ့ ထင္ရေပမဲ့ ကုိယ္ခင္တဲ့ လူေတြအေပၚမွာ ဆုိရင္ေတာ့ ပြင့္ပြင့္လင္းလင္းနဲ့ေျပာဆို ဆက္ဆံတတ္တာ ေသာၾကာပါ။

ကေလးေတြကိုလည္း ၾကင္နာစြာနဲ့ ခ်စ္တတ္တယ္။ စိတ္ညစ္စရာ စိတ္ဆင္းရဲစရာေတြရွိရင္ တစ္ေယာက္တည္း ေအးေဆးေတြေတာေနရတာကို ပိုျပီး နွစ္သက္တာ ေသာၾကာ၊ ေသာၾကာေတြဟာ ကိုယ့္အနားမွာရွိေနတဲ့ သူေတြကို အရင္းနွီးဆံုး ခင္မင္စြာေနတတ္ေပမဲ့ စိတ္ထဲမွာ သိပ္ျပီး အစြဲ
အလန္း မထားတတ္ဘူး။

ခင္မင္ရတဲ့ လူအခ်ိဳ့ကို အခ်ိန္ေတၾကာသြားလည္း အမွတ္ရေနတတ္တဲ့သူေတြ ျဖစ္ေပမဲ့ အစြဲအလန္းၾကီးစြာနဲ့ တသသ သတိရေနတတ္တဲ့လူေတြေတာ့ မဟုတ္ဘူး။ အခ်စ္ေရးကိစၥမွာ ေသာၾကာေတြဟာ အရွက္ၾကီးတယ္။ ကုိယ့္ရဲ့ အခ်စ္ေရး အခ်စ္ရာ အေၾကာင္းေတြကုိ သူငယ္ခ်င္းေတြအေပၚမွာ အေၾကာင္းစံု သိပ္ျပီး ေျပာျပေလ့မရွိဘူး။ လွ်ိဳ့၀ွက္တတ္တဲ့ ေနရာမွာ သိပ္ေတာ္တာ ေသာၾကာပါ။

ေသာၾကာေတြဟာ ပစၥဳပၸာန္ထက္ အနာဂတ္ကို ပိုျပီး စိတ္ကူးယဥ္ ေတြးေတာေလ့ ရွိတယ္။ ေသာၾကာေတြရဲ့ မ်က္၀န္းဟာ စြဲေဆာင္မွဳရွိသလုိ စကားေျပာရင္လည္း စဲြေဆာင္မွဳ အျပည့္အ၀ ပိုင္ဆုိင္ထားတာ ေသာၾကာေတြပါ။ ေသာၾကာေတြရဲ့ အခ်စ္ဦးနဲ့လြဲေနေပမဲ့ အခ်စ္စစ္နဲ့ ရင္ဆိုင္ၾကံဳေတြ့ေနရတဲ့
အေနအထားေလးပါ။

ေသာၾကာ သားသမီးေလးေတြကေတာ့ အရိုးသားဆံုး သူေလးေတြပါ။ သူတို့ဟာ အရာရာကို အေလးအနက္ထားတတ္ၾကတယ္။ အပ်င္းမၾကီးတတ္ဘူး။
အစားေတာ့ နည္းနည္းမက္တယ္။ မိသားစုအေပၚ အျမဲ အနစ္အနာခံတတ္တဲ့ သူေတြပါ။ သူတုိ့ဟာ ဘ၀ကို ရဲရဲ၀င့္၀င့္ ရင္ဆုိင္ရဲၾကတယ္။ စိတ္တုိလြယ္သလုိ စိတ္ေျပလည္း လြယ္တယ္။ ေဒါသၾကီးတတ္ေပမဲ့ အျငိဳးအေတး မထားတတ္ၾကဘူး။

တစ္ခုခုဆို ခံစားလြယ္လြန္းတယ္။ မ်က္ရည္လြယ္တယ္။ ကုိယ္ခံစားရတာေတြကို ဘယ္သူ့မွ ေျပာမျပဘဲ တစ္ေယာက္ထဲ က်ိတ္ခံစားတတ္တဲ့သူမ်ိဳး။သိုသိုသိပ္သိပ္ ေနတတ္ၾကတယ္။ ေလာဘမၾကီးဘူး။ အခ်စ္ၾကီးသေလာက္ အခ်စ္ေရးမွာ ကံမေကာင္းဘူး။ ေခတ္မွီမွီေနျခင္းထက္ ရိုးရိုးေလးေနတာကို
ပို သေဘာက်တတ္တယ္။ ဒါေပမယ့္ သူ့ေနရာနဲ့သူ။ ၀တ္တတ္ စားတတ္တယ္။ မုသား မေျပာတတ္ဘူး။

သူငယ္ခ်င္းေတြထဲမွာလည္း အျမဲအနစ္နာခံတတ္တယ္။ ခ်စ္သူပဲျဖစ္ျဖစ္ မိသားစုပဲျဖစ္ျဖစ္ သူငယ္ခ်င္းအေပါင္းအသင္းပဲ ျဖစ္ျဖစ္ အျမဲသူတုိ့ကပဲအနစ္နာခံတတ္ၾကတယ္။

အခ်စ္ဦးမွာ ကံအရမ္း ဆိုးတတ္တယ္။ တစ္ေယာက္တည္း ေနရတာကို သေဘာက်တယ္။ သီခ်င္းေလးေတြကသာ သူတုိ့ရဲ့ အေဖာ္ျဖစ္တယ္။ စိတ္ကူးယဥ္တတ္တယ္။ တစ္ခုခုဆုိလဲ အရမ္း စုိးရိမ္လြန္တတ္တယ္။ ေသာၾကာ သားသမီးေလးေတြရဲ့ အထူးျခားဆံုးက အနစ္နာခံနုိင္္တာပါ။


Credit: ဦးဘုန္း




#Unicode Version


သောကြာ သားသမီးလေးတွေ အကြောင်း


သောကြာ သားသမီးတွေဟာ လူ့လောကကို စရောက်ပြီဆိုကတည်းက အငိုသန်တယ်။ သွေးအေးအေး နဲ့ စိတ်ကြီးတတ်တယ်။ အနေအေးတဲ့ လူအများစု ဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံး လူတွေနဲ့ စကားပြောရင်တော့ အင်မတန်မှ စကားများတယ်။ လေကြော မပြတ်နိုင်ဘူး။ သူများအကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပြီး ပြောပြလေ့ရှိတယ်။

ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ရင် စိတ်ရှည်တယ်။ သည်းခံတယ်။ ကိုယ်မကြိုက်တဲ့ အရာ ၊ ကိုယ်မနှစ်သက်သော လူတွေဆိုရင်တော့  ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး။ ကိုယ်မှန်တယ်လို့ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။
လူမှုရေး နဲ့ ပတ်သတ်ပြီး ဆက်ဆံရင် ဖော်ရွေတတ်တာ သောကြာပါ။

ကိုယ်ခင်တဲ့ မိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေ အတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။ အပြင်မှာ အေးစက်စက်နဲ့မာနကြီးတယ်လို့ ထင်ရပေမဲ့ ကိုယ်ခင်တဲ့ လူတွေအပေါ်မှာ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ပြောဆို ဆက်ဆံတတ်တာ သောကြာပါ။

ကလေးတွေကိုလည်း ကြင်နာစွာနဲ့ ချစ်တတ်တယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေရှိရင် တစ်ယောက်တည်း အေးဆေးတွေတောနေရတာကို ပိုပြီး နှစ်သက်တာ သောကြာ၊ သောကြာတွေဟာ ကိုယ့်အနားမှာရှိနေတဲ့ သူတွေကို အရင်းနှီးဆုံး ခင်မင်စွာနေတတ်ပေမဲ့ စိတ်ထဲမှာ သိပ်ပြီး အစွဲ
အလန်း မထားတတ်ဘူး။

ခင်မင်ရတဲ့ လူအချို့ကို အချိန်တေကြာသွားလည်း အမှတ်ရနေတတ်တဲ့သူတွေ ဖြစ်ပေမဲ့ အစွဲအလန်းကြီးစွာနဲ့ တသသ သတိရနေတတ်တဲ့လူတွေတော့ မဟုတ်ဘူး။ အချစ်ရေးကိစ္စမှာ သောကြာတွေဟာ အရှက်ကြီးတယ်။ ကိုယ့်ရဲ့ အချစ်ရေး အချစ်ရာ အကြောင်းတွေကို သူငယ်ချင်းတွေအပေါ်မှာ အကြောင်းစုံ သိပ်ပြီး ပြောပြလေ့မရှိဘူး။ လျှို့ဝှက်တတ်တဲ့ နေရာမှာ သိပ်တော်တာ သောကြာပါ။

သောကြာတွေဟာ ပစ္စုပ္ပာန်ထက် အနာဂတ်ကို ပိုပြီး စိတ်ကူးယဉ် တွေးတောလေ့ ရှိတယ်။ သောကြာတွေရဲ့ မျက်ဝန်းဟာ စွဲဆောင်မှုရှိသလို စကားပြောရင်လည်း စွဲဆောင်မှု အပြည့်အ၀ ပိုင်ဆိုင်ထားတာ သောကြာတွေပါ။ သောကြာတွေရဲ့ အချစ်ဦးနဲ့လွဲနေပေမဲ့ အချစ်စစ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့

အနေအထားလေးပါ။

သောကြာ သားသမီးလေးတွေကတော့ အရိုးသားဆုံး သူလေးတွေပါ။ သူတို့ဟာ အရာရာကို အလေးအနက်ထားတတ်ကြတယ်။ အပျင်းမကြီးတတ်ဘူး။
အစားတော့ နည်းနည်းမက်တယ်။ မိသားစုအပေါ် အမြဲ အနစ်အနာခံတတ်တဲ့ သူတွေပါ။ သူတို့ဟာ ဘဝကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ရဲကြတယ်။ စိတ်တိုလွယ်သလို စိတ်ပြေလည်း လွယ်တယ်။ ဒေါသကြီးတတ်ပေမဲ့ အငြိုးအတေး မထားတတ်ကြဘူး။

တစ်ခုခုဆို ခံစားလွယ်လွန်းတယ်။ မျက်ရည်လွယ်တယ်။ ကိုယ်ခံစားရတာတွေကို ဘယ်သူ့မှ ပြောမပြဘဲ တစ်ယောက်ထဲ ကျိတ်ခံစားတတ်တဲ့သူမျိုး။သိုသိုသိပ်သိပ် နေတတ်ကြတယ်။ လောဘမကြီးဘူး။ အချစ်ကြီးသလောက် အချစ်ရေးမှာ ကံမကောင်းဘူး။ ခေတ်မှီမှီနေခြင်းထက် ရိုးရိုးလေးနေတာကို
ပို သဘောကျတတ်တယ်။ ဒါပေမယ့် သူ့နေရာနဲ့သူ။ ဝတ်တတ် စားတတ်တယ်။ မုသား မပြောတတ်ဘူး။

သူငယ်ချင်းတွေထဲမှာလည်း အမြဲအနစ်နာခံတတ်တယ်။ ချစ်သူပဲဖြစ်ဖြစ် မိသားစုပဲဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းပဲ ဖြစ်ဖြစ် အမြဲသူတို့ကပဲအနစ်နာခံတတ်ကြတယ်။

အချစ်ဦးမှာ ကံအရမ်း ဆိုးတတ်တယ်။ တစ်ယောက်တည်း နေရတာကို သဘောကျတယ်။ သီချင်းလေးတွေကသာ သူတို့ရဲ့ အဖော်ဖြစ်တယ်။ စိတ်ကူးယဉ်တတ်တယ်။ တစ်ခုခုဆိုလဲ အရမ်း စိုးရိမ်လွန်တတ်တယ်။ သောကြာ သားသမီးလေးတွေရဲ့ အထူးခြားဆုံးက အနစ်နာခံနိုင်တာပါ။


Credit: ဦးဘုန်း

Comments

Popular posts from this blog

အသည္းတယားယားနဲ႔ ၾကည့္ရမယ့္ ေနျခည္ဦးရဲ႕ပံုေလးေတြ

ဆီဆိုင္က ဝန္ထမ္းေတြ အမ်ိဳးသမီးအိမ္သာကို ေနာက္ကေခ်ာင္းၾကည့္ေနၾကတယ္တဲ့ .. လမ္းခရီးသြားတဲ့ အမ်ိဳးသမီးမ်ား သတိထားၾကပါ။