ထီးတစ္ေခ်ာင္း၀ယ္ေတာ႔မယ္ဆုိ ဘာေတြစဥ္းစားရမလဲ?
ထီး၀ယ္တာမ်ား ဘာဆန္းလို႔လည္း ေရာ႔ပိုက္ဆံ၊ ေပးထီး ဂြက္၊ ဂြက္ဆို ၿပီးေနတာပဲဟာလို႔ မထင္ပါနဲ႔။ ယခုလို ေလၾကမ္း၊ မိုးၾကမ္း မိုးတြင္းကာလမွာ သင္႔ရဲ႕ရာသီဥတုဒဏ္က ကာကြယ္ေပးမယ္႔ ထီးတစ္ေခ်ာင္းဟာ အရမ္းကိုအေရးပါပါတယ္။ ဘယ္သြားသြား သြားေလရာယူသြားရမယ္႔ ထီးေလးဟာ သင္႔ရဲ႕အိတ္ေဆာင္ကိုယ္ရံေတာ္ေလးပါ။ ဒီေတာ႔ ဒီကိုယ္ရံေတာ္ေလးရဲ႕ အရည္အခ်င္းေတြကို အကဲျဖတ္ဆန္းစစ္ဖုိ႔ လိုအပ္လာပါတယ္။ ထီးတစ္ေခ်ာင္း၀ယ္ေတာ႔မယ္ဆုိ ဘာေတြစဥ္းစားရမလဲဆိုေတာ႔...
၁ - ဖရိန္ေကာင္းေကာင္း
အျပင္သြားတုန္း ရုတ္တရက္မိုးေတြ ရြာလာေလေတြတိုက္လာလို႔ ထီးကိုဖြင္႔လိုက္တဲ႔အခါ ဂြမ္းခနဲ႔လန္ထြက္သြားရင္ ရွက္စရာႀကီးျဖစ္ပါၿပီ။ လူေတြကလည္း ၀ိုင္းၾကည္႔ၾကေတာ႔မွာျဖစ္သလို၊ မိုးေရေတြလည္း စိုစိုရႊဲသြားပါလိမ္႔မယ္။ ဒီေတာ႔ မိုးတြငး္အတြက္ ထီး၀ယ္မယ္ဆို ဖရိန္ေကာင္းေကာင္၊ ေတာင္႔ေတာင္႔တင္းတင္းထီးကို၀ယ္ပါ။
၂ - ဒီဇိုင္းကာလာ ဘာညာအေနအထား
အထူးသျဖင္႔ မိန္းကေလးေတြအတြက္ဆို ဒီအခ်က္က အေရးႀကီးပါတယ္။ သင္ႀကိဳက္ေသာအေရာင္၊ သင္ႀကိဳက္ေသာ ဒီဇိုင္းျဖစ္မွသာ အၿမဲအသံုးျပဳခ်င္စိတ္ရွိမွာပါ။ ဒါ႔အျပင္ မိုးရာသီဖက္ရွင္ေတြထဲမွာ ေခါက္ထီးလွလွေလး၊ အေရာင္ေတာက္ေတာက္ေလးေတြလည္း ပါ၀င္တာမုိ႔ သူမ်ားထက္ အဆန္းဆံုး အလန္းဆံုးအေရာင္ဘာညာကို ေသခ်ာေရြး၀ယ္ပါ။
၃ - ေပါ႔ပါးမႈအေနအထား
အၿမဲတမ္းလိုလို အိတ္ထဲမွာ ထည္႔ေဆာင္သြားရမွာဆိုတဲ႔ သူ႔ရဲ႕အေလးခ်ိန္ကိုလည္း ေသခ်ာစဥ္းစားဖို႔လိုပါတယ္။ အရမ္းေပါ႔လြန္းတဲ႔ တရုတ္ျဖစ္ေတြၾကေတာ႔လည္း အသံုးမခံသလို၊ ေလဒဏ္ မိုးဒဏ္မခံႏိုင္ပါဘူး။ မိမိရဲ႕အိတ္ေဆာင္ကိုယ္ရံေတာ္မို႔ ေစ်းကိုသိပ္မကပ္တြက္ပါနဲ႔။ ေစ်းေကာငး္ေကာင္းေလးနဲ႔ ေပါ႔ေပါ႔ပါးပါး ႏိုင္ႏိုင္နင္းနင္းျဖစ္မယ္႔ဟာမ်ိဳးေလး ေရြး၀ယ္ပါေနာ္။
၄ - လက္ကိုင္ထီးေကာက္၀ယ္မလား
လက္ကိုင္ထီးေကာက္ႀကီးေတြဟာ သာမာန္ေခါက္ထီးေလးေတြထက္ ပိုမိုသန္မာၾကၿပီး ေလေတြမိုးေတြလည္း ပိုလံုပါတယ္။ ဒါေပမယ္႔ သူတို႔ကေတာ႔ သယ္ေဆာင္ရတာ အနည္းငယ္အခက္အခဲရွိသလို၊ အၿမဲလိုလို တစ္ေနရာရာမွာ က်န္ခဲ႔တက္ၾကတဲ႔သူေတြမို႔ သတိထားပါ။ ထီးေကာက္ႀကီးေတြ၀ယ္မယ္ဆိုရင္လည္း စတိုင္မိုက္မိုက္ဟာေလးေတြ ရွိေနပါၿပီ။
Credit : Momolay
# Unicode Version
ထီးတစ်ချောင်းဝယ်တော့မယ်ဆို ဘာတွေစဉ်းစားရမလဲ?
ထီးဝယ်တာများ ဘာဆန်းလို့လည်း ရော့ပိုက်ဆံ၊ ပေးထီး ဂွက်၊ ဂွက်ဆို ပြီးနေတာပဲဟာလို့ မထင်ပါနဲ့။ ယခုလို လေကြမ်း၊ မိုးကြမ်း မိုးတွင်းကာလမှာ သင့်ရဲ့ရာသီဥတုဒဏ်က ကာကွယ်ပေးမယ့် ထီးတစ်ချောင်းဟာ အရမ်းကိုအရေးပါပါတယ်။ ဘယ်သွားသွား သွားလေရာယူသွားရမယ့် ထီးလေးဟာ သင့်ရဲ့အိတ်ဆောင်ကိုယ်ရံတော်လေးပါ။ ဒီတော့ ဒီကိုယ်ရံတော်လေးရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဆန်းစစ်ဖို့ လိုအပ်လာပါတယ်။ ထီးတစ်ချောင်းဝယ်တော့မယ်ဆို ဘာတွေစဉ်းစားရမလဲဆိုတော့...
၁ - ဖရိန်ကောင်းကောင်း
အပြင်သွားတုန်း ရုတ်တရက်မိုးတွေ ရွာလာလေတွေတိုက်လာလို့ ထီးကိုဖွင့်လိုက်တဲ့အခါ ဂွမ်းခနဲ့လန်ထွက်သွားရင် ရှက်စရာကြီးဖြစ်ပါပြီ။ လူတွေကလည်း ဝိုင်းကြည့်ကြတော့မှာဖြစ်သလို၊ မိုးရေတွေလည်း စိုစိုရွှဲသွားပါလိမ့်မယ်။ ဒီတော့ မိုးတွင်းအတွက် ထီးဝယ်မယ်ဆို ဖရိန်ကောင်းကောင်၊ တောင့်တောင့်တင်းတင်းထီးကိုဝယ်ပါ။
၂ - ဒီဇိုင်းကာလာ ဘာညာအနေအထား
အထူးသဖြင့် မိန်းကလေးတွေအတွက်ဆို ဒီအချက်က အရေးကြီးပါတယ်။ သင်ကြိုက်သောအရောင်၊ သင်ကြိုက်သော ဒီဇိုင်းဖြစ်မှသာ အမြဲအသုံးပြုချင်စိတ်ရှိမှာပါ။ ဒါ့အပြင် မိုးရာသီဖက်ရှင်တွေထဲမှာ ခေါက်ထီးလှလှလေး၊ အရောင်တောက်တောက်လေးတွေလည်း ပါဝင်တာမို့ သူများထက် အဆန်းဆုံး အလန်းဆုံးအရောင်ဘာညာကို သေချာရွေးဝယ်ပါ။
၃ - ပေါ့ပါးမှုအနေအထား
အမြဲတမ်းလိုလို အိတ်ထဲမှာ ထည့်ဆောင်သွားရမှာဆိုတဲ့ သူ့ရဲ့အလေးချိန်ကိုလည်း သေချာစဉ်းစားဖို့လိုပါတယ်။ အရမ်းပေါ့လွန်းတဲ့ တရုတ်ဖြစ်တွေကြတော့လည်း အသုံးမခံသလို၊ လေဒဏ် မိုးဒဏ်မခံနိုင်ပါဘူး။ မိမိရဲ့အိတ်ဆောင်ကိုယ်ရံတော်မို့ ဈေးကိုသိပ်မကပ်တွက်ပါနဲ့။ ဈေးကောင်းကောင်းလေးနဲ့ ပေါ့ပေါ့ပါးပါး နိုင်နိုင်နင်းနင်းဖြစ်မယ့်ဟာမျိုးလေး ရွေးဝယ်ပါနော်။
၄ - လက်ကိုင်ထီးကောက်ဝယ်မလား
လက်ကိုင်ထီးကောက်ကြီးတွေဟာ သာမာန်ခေါက်ထီးလေးတွေထက် ပိုမိုသန်မာကြပြီး လေတွေမိုးတွေလည်း ပိုလုံပါတယ်။ ဒါပေမယ့် သူတို့ကတော့ သယ်ဆောင်ရတာ အနည်းငယ်အခက်အခဲရှိသလို၊ အမြဲလိုလို တစ်နေရာရာမှာ ကျန်ခဲ့တက်ကြတဲ့သူတွေမို့ သတိထားပါ။ ထီးကောက်ကြီးတွေဝယ်မယ်ဆိုရင်လည်း စတိုင်မိုက်မိုက်ဟာလေးတွေ ရှိနေပါပြီ။
Credit : Momolay
Comments
Post a Comment