သီခ်င္းေတြကလြဲရင္ တျခား လႈပ္ရွားမွ ဘာမွ မရွိပါဘူးဆိုတဲ့ ဘီလီလမင္းေအး ...!

လတ္တေလာ  ဇာတ္ဝင္ေတးသီခ်င္းေတြ  သီဆိုထားၿပီး  အမ္တီဗီ အတြက္လည္း  သီခ်င္းေတြ  ႐ိုက္ကူးျဖစ္ေနတယ္ဆိုတဲ့   ျမန္မာအိုင္ေဒါလ္ အဆိုရွင္ ဘီလီလမင္းေအးက   ဆရာမအလုပ္ကိုလည္း  ျပန္လည္လုပ္ကိုင္သြားဦးမယ္လို႔  သိရတယ္။

ဘီလီလမင္းေအးက သူ႔ရဲ႕ ပထမဆုံး ေတးစီးရီးျဖစ္တဲ့ အရႈံးမေပးတဲ့ ဝိညာဥ္ အေခြကို  အမ္တီဗီ ႐ိုက္ကူးမွာနဲ႔  ပတ္သက္ၿပီး   “အမ္တီဗီကေတာ့   ႏွစ္ေယာက္တြဲ ဇာတ္လမ္းပုံစံမ်ိဳးေတြထက္  ဖူးတစ္ေယာက္တည္း ပုံစံမ်ိဳးေလးေတြ  ပိုျမင္ရမယ္ေပါ့ေနာ္။

အမ္တီဗီကေတာ့  seclection ပဲ ေ႐ြးထုတ္ၿပီး  ႐ိုက္ျဖစ္မယ္၊ အားလုံး႐ိုက္ျဖစ္မယ္ေတာ့  မထင္ဘူး၊ ၿပီးေတာ့ မၾကာခင္မွာလဲ   ဇာတ္ဝင္ေတးသီခ်င္း  ဆိုထားတဲ့  ငါ့ကို  နမ္းတဲ့  မုန္တိုင္းထဲက  သီခ်င္းတစ္ပုဒ္လဲ  မၾကာခင္ထြက္လာမွာပါ  ၊ ဒီလကုန္မွာေပါ့” လို႔   ဘီလီလမင္းေအးက   ေျပာပါတယ္။

ဒုတိယအေခြအတြက္လည္း   ျပင္ဆင္ေနၿပီဆိုတဲ့ ဘီလီလမင္းေအးက သူ႔ရဲ႕ ဆရာမအလုပ္ကိုလဲ   “ဆရာမ  အလုပ္ကေတာ့  လုံးဝမလုပ္ေတာ့တာ မဟုတ္ဘူး၊   ဒီလိုင္းကိုေတာ့  ဖူး  ျပန္သြားဦးမယ္။

 ဘာလို႔လဲဆို ပေရာ္ဖက္ရွင္နယ္ ၿပီးထားတဲ့  အလုပ္ကလဲ ဒီ teaching ျဖစ္ေနေတာ့  ေနာက္ပိုင္း မွာ education နဲ႔ ပတ္သက္ၿပီး  ျပန္ၿပီး  လုပ္ဦးမွာပါ”လို႔  ေျပာပါတယ္။

လတ္တေလာမွာေတာ့ သူက သီခ်င္းေတြကလြဲလို႔  တျခားလႈပ္ရွားမႈ မရွိေသးဘူးလို႔  ဆိုပါတယ္။  ျမန္မာအိုင္ေဒါ selection က  ညီအစ္ကို ေမာင္ႏွမေတြ  အတြက္လည္း အခုလို  အႀကံေပးထားပါတယ္။

“ၿပိဳင္ပြဲဝင္ေတြကိုေတာ့   ဖူးအၿမဲ  ေျပာတယ္၊ အျပင္မွာ ေတြ႕လဲ ေျပာတယ္၊  သီခ်င္းမ်ားမ်ား  နားေထာင္ပါ၊ ၿပီးေတာ့  ဒီ Myanmar Idol   မွာ အရမ္းကို ခက္ခဲတဲ့ အဆင့္ေတြ အမ်ားႀကီး ႀကဳံရပါတယ္၊ စိတ္ပိုင္းဆိုင္ရာမွအစ   အစစအရာရာ  ဘယ္အရာမွ လြယ္ကူတာ မရွိပါဘူး၊
ကိုယ္သည္ ေလွကားထစ္ေတြ အမ်ားႀကီးကို တက္ေနတဲ့ သူတစ္ေယာက္ပါ၊  ေလွကားထစ္တိုင္းမွာ အခက္အခဲေတြ  ရွိပါတယ္၊  တက္လိုက္တဲ့ ေလွကားထစ္မွာ ကိုယ္ေသေသခ်ာခ်ာ  မလုပ္ထားဘူး၊  ခြၽတ္ေခ်ာ္သြားရင္ ဒီstep ကေနျပဳတ္က်ႏိုင္ပါတယ္ေပါ့ေနာ္ ။

ကိုယ္သြားရင္းနဲ႔ ေလွကားထစ္တိုင္းကို ႀကိဳးစားပါ။ ကိုယ္လုပ္ရမယ့္ တစ္မိနစ္တိုင္း၊ ႏွစ္မိနစ္တိုင္းသည္ တန္ဖိုးရွိပါတယ္ဆိုေတာ့   အာ႐ုံစိုက္ၿပီး  ေသခ်ာလုပ္ၾကဖို႔   ဖူး ကေတာ့   ေျပာခ်င္ပါတယ္˘လို႔  ဘီလီလမင္းေအးက  ဆိုပါတယ္။    

Author: ခတၱာျဖဴ

Credit: Kumudra


#Unicode Version

လတ်တလော  ဇာတ်ဝင်တေးသီချင်းတွေ  သီဆိုထားပြီး  အမ်တီဗီ အတွက်လည်း  သီချင်းတွေ  ရိုက်ကူးဖြစ်နေတယ်ဆိုတဲ့   မြန်မာအိုင်ဒေါလ် အဆိုရှင် ဘီလီလမင်းအေးက   ဆရာမအလုပ်ကိုလည်း  ပြန်လည်လုပ်ကိုင်သွားဦးမယ်လို့  သိရတယ်။

ဘီလီလမင်းအေးက သူ့ရဲ့ ပထမဆုံး တေးစီးရီးဖြစ်တဲ့ အရှုံးမပေးတဲ့ ဝိညာဉ် အခွေကို  အမ်တီဗီ ရိုက်ကူးမှာနဲ့  ပတ်သက်ပြီး   “အမ်တီဗီကတော့   နှစ်ယောက်တွဲ ဇာတ်လမ်းပုံစံမျိုးတွေထက်  ဖူးတစ်ယောက်တည်း ပုံစံမျိုးလေးတွေ  ပိုမြင်ရမယ်ပေါ့နော်။

အမ်တီဗီကတော့  seclection ပဲ ရွေးထုတ်ပြီး  ရိုက်ဖြစ်မယ်၊ အားလုံးရိုက်ဖြစ်မယ်တော့  မထင်ဘူး၊ ပြီးတော့ မကြာခင်မှာလဲ   ဇာတ်ဝင်တေးသီချင်း  ဆိုထားတဲ့  ငါ့ကို  နမ်းတဲ့  မုန်တိုင်းထဲက  သီချင်းတစ်ပုဒ်လဲ  မကြာခင်ထွက်လာမှာပါ  ၊ ဒီလကုန်မှာပေါ့” လို့   ဘီလီလမင်းအေးက   ပြောပါတယ်။

ဒုတိယအခွေအတွက်လည်း   ပြင်ဆင်နေပြီဆိုတဲ့ ဘီလီလမင်းအေးက သူ့ရဲ့ ဆရာမအလုပ်ကိုလဲ   “ဆရာမ  အလုပ်ကတော့  လုံးဝမလုပ်တော့တာ မဟုတ်ဘူး၊   ဒီလိုင်းကိုတော့  ဖူး  ပြန်သွားဦးမယ်။

 ဘာလို့လဲဆို ပရော်ဖက်ရှင်နယ် ပြီးထားတဲ့  အလုပ်ကလဲ ဒီ teaching ဖြစ်နေတော့  နောက်ပိုင်း မှာ education နဲ့ ပတ်သက်ပြီး  ပြန်ပြီး  လုပ်ဦးမှာပါ”လို့  ပြောပါတယ်။

လတ်တလောမှာတော့ သူက သီချင်းတွေကလွဲလို့  တခြားလှုပ်ရှားမှု မရှိသေးဘူးလို့  ဆိုပါတယ်။  မြန်မာအိုင်ဒေါ selection က  ညီအစ်ကို မောင်နှမတွေ  အတွက်လည်း အခုလို  အကြံပေးထားပါတယ်။

“ပြိုင်ပွဲဝင်တွေကိုတော့   ဖူးအမြဲ  ပြောတယ်၊ အပြင်မှာ တွေ့လဲ ပြောတယ်၊  သီချင်းများများ  နားထောင်ပါ၊ ပြီးတော့  ဒီ Myanmar Idol   မှာ အရမ်းကို ခက်ခဲတဲ့ အဆင့်တွေ အများကြီး ကြုံရပါတယ်၊ စိတ်ပိုင်းဆိုင်ရာမှအစ   အစစအရာရာ  ဘယ်အရာမှ လွယ်ကူတာ မရှိပါဘူး၊
ကိုယ်သည် လှေကားထစ်တွေ အများကြီးကို တက်နေတဲ့ သူတစ်ယောက်ပါ၊  လှေကားထစ်တိုင်းမှာ အခက်အခဲတွေ  ရှိပါတယ်၊  တက်လိုက်တဲ့ လှေကားထစ်မှာ ကိုယ်သေသေချာချာ  မလုပ်ထားဘူး၊  ချွတ်ချော်သွားရင် ဒီstep ကနေပြုတ်ကျနိုင်ပါတယ်ပေါ့နော် ။

ကိုယ်သွားရင်းနဲ့ လှေကားထစ်တိုင်းကို ကြိုးစားပါ။ ကိုယ်လုပ်ရမယ့် တစ်မိနစ်တိုင်း၊ နှစ်မိနစ်တိုင်းသည် တန်ဖိုးရှိပါတယ်ဆိုတော့   အာရုံစိုက်ပြီး  သေချာလုပ်ကြဖို့   ဖူး ကတော့   ပြောချင်ပါတယ်˘လို့  ဘီလီလမင်းအေးက  ဆိုပါတယ်။   

Author: ခတ္တာဖြူ

Credit: Kumudra

Comments

Popular posts from this blog

ေသာၾကာ သားသမီးေလးေတြ အေၾကာင္း...!

အသည္းတယားယားနဲ႔ ၾကည့္ရမယ့္ ေနျခည္ဦးရဲ႕ပံုေလးေတြ

ဆီဆိုင္က ဝန္ထမ္းေတြ အမ်ိဳးသမီးအိမ္သာကို ေနာက္ကေခ်ာင္းၾကည့္ေနၾကတယ္တဲ့ .. လမ္းခရီးသြားတဲ့ အမ်ိဳးသမီးမ်ား သတိထားၾကပါ။