ဆိုင်မှာခေါင်းလျှော်တော့မယ်ဆိုရင် ဒါတွေကိုအရင် သတိထားလေ့လာပါ
Credit: myanmaplatform
#Unicode Version
အခုခေတ်မှာ မိန်းကလေး၊ ယောကျ်ားလေး တော်တော်များများက ဆိုင်မှာ နှိပ်နယ်ပြီး ခေါင်းလျှော်ရတဲ့ အလေ့အ ထကို ပြုလုပ်လာကြပါတယ်။အလုပ်ရှုပ်တဲ့နေ့တွေဆိုရင် အိမ်မှာ လျှော်မနေတော့ဘဲ ဆိုင်မှာပဲနေ့၊ ည မရွေး သွားလျှော်လိုက်ရုံပါပဲ။ဒီလိုဆိုင်မှာ မကြာခဏ ခေါင်းလျှော်လေ့ရှိတဲ့ သူတွေအနေနဲ့ ဘာတွေကို သိထားသင့် တယ်ဆိုတာကို ကျန်းမာရေးဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
(၁)အသုံးပြုတဲ့ခေါင်းလျှော်ရည်ကိုမေးမြန်းပါ။
အချို့ဆိုင်တွေက ခေါင်းလာလျှော်တဲ့သူတိုင်းကို ခေါင်းလျှော်ရည်တစ်မျိုးတည်းကို အသုံးပြုပေးပါတယ်။ ခြောက်သွေ့ပျက်စီးတဲ့ဆံပင်လား၊ အရောင်ဆိုးထားတဲ့ဆံပင်လား၊ အဆီပြန်တဲ့ ဆံသားပိုင်ရှင်လားဆိုတာကို သေချာမစူးစမ်းဘဲ ဖြစ်သလို လျှော်ပေးလိုက်ကြတာကို သတိပြုဖို့ လိုပါတယ်။ဒါ့ကြောင့် ကိုယ့်ရဲ့ဆံပင်က ဘယ်လိုဖြစ်တယ်၊ ဆံပင်ကျွတ်တယ်၊ ဓာတုပစ္စည်းများနဲ့ဓာတ်မတည့်ဘူး၊ ဒီခေါင်းလျှော်ရည်နဲ့တော့ မတည့်ဘူး ဆိုတာကို ပြောပြထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်အသုံးပြုနေကျ ခေါင်းလျှော်ရည်ကိုသာ ယူသွားပါ။
(၂) ခေါင်းလျှော်သင့်တဲ့ အချိန်နဲ့ နေရာကို သတိပြုပါ။
အလုပ်တွေရှုပ်နေလို့ ညဘက်ရုံးဆင်းချိန်မှ ခေါင်းဝင်လျှော်လိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ အမှန်တ ကယ် တော့ ဒီအလေ့အကျင့်က မကောင်းပါဘူး။ဒါပေမယ့်လည်း လိုအပ်လို့ မဖြစ်မနေပြုလုပ်ရမယ် ဆိုရင်တောင် အရမ်းအေးလွန်းတဲ့ အဲအွန်းခန်းထဲမှာ ခေါင်းလျှော်တာမျိုး၊ အချိန်အကြာကြီး လျှော်စေတာမျိုး လုံးဝမပြုလုပ်ပါနဲ့။ဒါ့အပြင် နေ့ခင်းဘက် နေပူကြီးထဲမှာ လမ်းလျှောက်လာပြီး ခေါင်းဝင်လျှော်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
(၃) သန့်ရှင်းသပ်ရပ်မှုကို လေ့လာပါ။
ဆိုင်ရဲ့သန့်ရှင်းသပ်ရပ်မှု၊ ခေါင်းလျှော်ပေးမယ့်သူရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို လေ့လာထားဖို့တော့ လိုပါ တယ်နော်။ ကိုယ်အပတ်စဉ်လျှော်နေကျ ဆိုင်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ဒါပေမယ့် ကိုယ့်ရဲ့ဦးရေပြားကို လက် သည်းနဲ့ ပွတ်ပြီးလျှော်ပေးမယ့်သူရဲ့ လက်က သန့်ရှင်းနေဖို့ လိုပါတယ်။ဆံပင်သုတ်ပေးမယ့် တဘတ်ကလည်း တစ်ခါသုံးကိုပဲ အသုံးပြုသင့်ပါတယ်။ ဖြစ်နိုင်ရင် ဆိုင်ကတဘတ်ကိုတွေအသုံးမပြုဘဲကိုယ်တိုင်ယူသွားဖို့ အကြံပြုချင်ပါတယ်။
(၄) နှိပ်နယ်မှုကို သတိထားပါ။
ခေါင်းလျှော်တဲ့အခါမှာ ခေါင်းကြည်လင်အောင်၊ အညစ်အကြေးများကင်းစင်အောင် ဦးခေါင်းနှိပ်နယ်တာမျိုး ပြုလုပ် ပေးကြပါတယ်။ ဒါကိုလည်း သတိထားသင့်ပါတယ်။စည်းစနစ်ကျကျ လေ့လာသင်ယူထားတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါ့ကြောင့် ခေါင်းလျှော်ရင်းအနှိပ်ခံတာဟာ စွန့်စားမှုတစ်ခုသက်သက်လို့ ဆိုရပါမယ်။
Comments
Post a Comment