Posts

မိန်းမတစ်ယောက်အတွက် အရမ်းချစ်ပြတတ်တဲ့ ယောက်ျားမလိုဘူး ...!

Image
ယောင်္ကျား တစ်ယောက်က အရမ်း ချစ်ပြတတ်ဖို့ မလိုဘူး.. တာဝန် သိတတ်ဖို့ပဲ လိုတယ်.. တာဝန် သိတတ်မှ တာဝန်ယူတတ်တာ.. တာဝန် သိတတ်တယ် ဆိုတာ... ကိုယ်နဲ့ တွဲနေတယ်လို့ ပတ်ဝန်းကျင်က အသိအမှတ် ပြုထားတဲ့အတွက် သူမရဲ့ သိက္ခာကို ထည့်တွက်ရမယ်.. ကိုယ်နဲ့ တွဲခဲ့တဲ့ ကာလတလျောက် သူမရဲ့ ရယ်ခြင်း ငိုခြင်း စိတ်ခံစားချက် ပေါင်းစုံနဲ့ သူမရဲ့ အချိန်တွေ ကိုယ့်ကြောင့် ကုန်ဆုံးခဲ့ရတာကို ထည့်တွက် တတ်ရမယ်.. ကိုယ်နဲ့ တွဲနေလို့ သူမအပေါ် ကိုယ့်ထက် ကောင်းနိုင်မယ့် လူမျိုးကို ငြင်းပယ် ခဲ့ရတာတွေကိုလည်း ထည့်တွက်ပေး တတ်ရမယ်.. နောက်ဆုံး နဖူးလေး နမ်းတာ လက်ကလေး ကိုင်တာက အစ သူမရဲ့ အသွေးအသား အရေပြားကို ထိတွေ့ သုံးစွဲခဲ့တာတွေလည်း ထည့်တွက်ပေး တတ်ရမယ်.. အတိတ်တွေ လက်ညှိုးထိုးပြီး လမ်းခွဲဖို့ စိတ်ကူးထားရင်တော့ အစကတည်းက မပတ်သတ်နဲ့ သူမကို ချစ်မိပြီဆိုရင် သူမရဲ့ ကောင်းခြင်းဆိုးခြင်းတွေ သူမရဲ့ ဖြစ်တည်ခြင်းတွေကိုလည်း ချစ်တတ်ရမယ်.. အမြဲတမ်း အရမ်းချစ်နိုင်ဖို့ ဆိုတာ တသက်လုံးအတွက် မသေချာဘူး ချစ်တဲ့အချိန်ရှိသလို မချစ်တော့တဲ့ အချိန်ဆိုတာလည်း ရှိလာနိုင်တာပဲ.. တာဝန်သိတတ်တဲ့ ယောက်ျားကသာ ချစ်နေသေးသည်ဖြစ်စေ မချစ်တော့ဘူးဖြစ်စေ ကိုယ့်ကို ဘဝတလျှောက်လုံး စိတ်ချလ...

ဆိုင်မှာခေါင်းလျှော်တော့မယ်ဆိုရင် ဒါတွေကိုအရင် သတိထားလေ့လာပါ

Image
အခုခေတ်မှာ မိန်းကလေး၊ ယောက်ျားလေး တော်တော်များများက ဆိုင်မှာ နှိပ်နယ်ပြီး ခေါင်းလျှော်ရတဲ့ အလေ့အ ထကို ပြုလုပ်လာကြပါတယ်။အလုပ်ရှုပ်တဲ့နေ့တွေဆိုရင် အိမ်မှာ လျှော်မနေတော့ဘဲ ဆိုင်မှာပဲနေ့၊ ည မရွေး သွားလျှော်လိုက်ရုံပါပဲ။ဒီလိုဆိုင်မှာ မကြာခဏ ခေါင်းလျှော်လေ့ရှိတဲ့ သူတွေအနေနဲ့ ဘာတွေကို သိထားသင့် တယ်ဆိုတာကို ကျန်းမာရေးဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ (၁)အသုံးပြုတဲ့ခေါင်းလျှော်ရည်ကိုမေးမြန်းပါ။ အချို့ဆိုင်တွေက ခေါင်းလာလျှော်တဲ့သူတိုင်းကို ခေါင်းလျှော်ရည်တစ်မျိုးတည်းကို အသုံးပြုပေးပါတယ်။ ခြောက်သွေ့ပျက်စီးတဲ့ဆံပင်လား၊ အရောင်ဆိုးထားတဲ့ဆံပင်လား၊ အဆီပြန်တဲ့ ဆံသားပိုင်ရှင်လားဆိုတာကို သေချာမစူးစမ်းဘဲ ဖြစ်သလို လျှော်ပေးလိုက်ကြတာကို သတိပြုဖို့ လိုပါတယ်။ဒါ့ကြောင့် ကိုယ့်ရဲ့ဆံပင်က ဘယ်လိုဖြစ်တယ်၊ ဆံပင်ကျွတ်တယ်၊ ဓာတုပစ္စည်းများနဲ့ဓာတ်မတည့်ဘူး၊ ဒီခေါင်းလျှော်ရည်နဲ့တော့ မတည့်ဘူး ဆိုတာကို ပြောပြထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်အသုံးပြုနေကျ ခေါင်းလျှော်ရည်ကိုသာ ယူသွားပါ။ (၂) ခေါင်းလျှော်သင့်တဲ့ အချိန်နဲ့ နေရာကို သတိပြုပါ။ အလုပ်တွေရှုပ်နေလို့ ညဘက်ရုံးဆင်းချိန်မှ ခေါင်းဝင်လျှော်လိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်...

သီချင်းတွေကလွဲရင် တခြား လှုပ်ရှားမှ ဘာမှ မရှိပါဘူးဆိုတဲ့ ဘီလီလမင်းအေး ...!

Image
လတ်တလော  ဇာတ်ဝင်တေးသီချင်းတွေ  သီဆိုထားပြီး  အမ်တီဗီ အတွက်လည်း  သီချင်းတွေ  ရိုက်ကူးဖြစ်နေတယ်ဆိုတဲ့   မြန်မာအိုင်ဒေါလ် အဆိုရှင် ဘီလီလမင်းအေးက   ဆရာမအလုပ်ကိုလည်း  ပြန်လည်လုပ်ကိုင်သွားဦးမယ်လို့  သိရတယ်။ ဘီလီလမင်းအေးက သူ့ရဲ့ ပထမဆုံး တေးစီးရီးဖြစ်တဲ့ အရှုံးမပေးတဲ့ ဝိညာဉ် အခွေကို  အမ်တီဗီ ရိုက်ကူးမှာနဲ့  ပတ်သက်ပြီး   “အမ်တီဗီကတော့   နှစ်ယောက်တွဲ ဇာတ်လမ်းပုံစံမျိုးတွေထက်  ဖူးတစ်ယောက်တည်း ပုံစံမျိုးလေးတွေ  ပိုမြင်ရမယ်ပေါ့နော်။ အမ်တီဗီကတော့  seclection ပဲ ရွေးထုတ်ပြီး  ရိုက်ဖြစ်မယ်၊ အားလုံးရိုက်ဖြစ်မယ်တော့  မထင်ဘူး၊ ပြီးတော့ မကြာခင်မှာလဲ   ဇာတ်ဝင်တေးသီချင်း  ဆိုထားတဲ့  ငါ့ကို  နမ်းတဲ့  မုန်တိုင်းထဲက  သီချင်းတစ်ပုဒ်လဲ  မကြာခင်ထွက်လာမှာပါ  ၊ ဒီလကုန်မှာပေါ့” လို့   ဘီလီလမင်းအေးက   ပြောပါတယ်။ ဒုတိယအခွေအတွက်လည်း   ပြင်ဆင်နေပြီဆိုတဲ့ ဘီလီလမင်းအေးက သူ့ရဲ့ ဆရာမအလုပ်ကိုလဲ   “ဆရာမ  အလုပ်ကတော့  လုံးဝမလုပ်တော...

အသည်းတယားယားနဲ့ ကြည့်ရမယ့် နေခြည်ဦးရဲ့ပုံလေးတွေ

Image
Beauty Blogger မလေးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာခဲ့ပြီး ခုနောက်ပိုင်းမှာတော့ သူမဟာ အနုပညာအလုပ်တချို့ပါ  လုပ်ကိုင်လာပါပြီ  ။               ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကိုလဲမကြာခင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ နေခြည်ဦးဟာ ပရိသတ်တွေအပေါ်သိပ်ဆိုးတဲ့ ကောင်မလေးပေါ့။ သူဆိုးသမျှကို လိုက်လံဖြေရှင်းပြီး ချစ်ပေးကာကွယ်ပေးကြတဲ့ သူ့ရဲ့ ချီလီတွေကလဲ များပြားလှပါတယ်။ သူမဟာ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီဝတ်မှုံရွှေရည်၊ နေမင်းတို့နဲ့ အတူ ရိုက်ကူးခဲ့ပြီး၊ မကြာခင်မှာ ရိုက်ကူးတော့မယ့် ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ ရွှေမှုံရတီ၊ ရွှေထူးတို့နဲ့အတူ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နေခြည်ဦးတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ရေကူးကန်ထဲကပုံလေးတွေကို ကြည့်ရှု့ပြီး တစ်ခုခုပြောခဲ့ကြပါဦးနော်။     သူမဟာ ရေကူးကန်ထဲက ပုံတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီ မပေါ်တပေါ် အသည်းယားစရာကောင်းတဲ့ ပုံလေးတွေက ပရိသတ်ကြီးကို စွဲဆောင်ထားနိုင်လွန်းပါတယ်။  ဖတ်ရှု့ပေးကြတဲ့...

ဘွဲ့ရပြီး အလုပ်ခွင်ဝင်မည့်သူတိုင်း သိထားသင့်သည့် အချက်(၅)ခု

Image
တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရပြီး လက်တွေ့လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြသူတိုင်း တစ်ခါတည်း လွယ်ကူရိုးရှင်းတဲ့ လုပ်ငန်းခွင်အောင်မြင်မှုကို ရရှိနိုင်ကြတာမဟုတ်ပါဘူး။ ဘာတက္ကသိုလ်ဖြစ်ဖြစ်၊ ဘာပညာရပ်ဆိုင်ရာဘွဲ့ဖြစ်ဖြစ် လက်တွေ့လောကရဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းဖို့ လိုပါသေးတယ်။ ဒါ့ကြောင့် ဘွဲ့ရပြီး အလုပ်ခွင်ဝင်မယ့်သူတိုင်းအတွက် လုပ်ငန်းခွင်မှာ အဆင်ပြေတိုးတက်မှုတွေ ရရှိစေနိုင်ဖို့ သိထားသင့်တဲ့ အချက်(၅)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ အကူအညီပေးနိုင်သူတွေကို ရှာဖွေပါ ဘွဲ့ရပြီးခါစမှာ လုပ်ငန်းခွင်ဝင်သူတွေအနေနဲ့ အလွယ်တကူမအောင်မြင်ရတဲ့အကြောင်းရင်းက သူတို့ကို ကူညီပံ့ပိုးပေးနိုင်သူတွေ မရှိတာကြောင့်ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ တကယ်အားကိုးအားထားပြုလို့ရနိုင်တဲ့ မိတ်ဆွေတွေ၊ လိုအပ်တာကို သင်ကြားပြသပေးနိုင်မယ့်သူတွေကို ရှာဖွေပြီး အချိန်ရော လုပ်အားကိုပါ အလဟဿဖြစ်စေနိုင်သူတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ၂။ ပထမဆုံးအလုပ်က တသက်လုံးလုပ်ရမှာ မဟုတ်ဘူး ဘွဲ့ရပြီးခါစအလုပ်ဝင်သူ လူငယ်အများစုနဲ့ သူတို့ရဲ့မိဘတွေဟာ ပထမဆုံးအလုပ်ရှာတဲ့အခါမှာ ပြီးပြည့်စုံတဲ့ အလုပ်အကိုင်တစ်ခုရဖို့ကို အာရုံစိုက်တတ်ကြပါတယ်။ တကယ်တော့ လုပ်ငန်းခွင်အခြေအနေပေါ်မှာ...

၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်းတစ်ခု

Image
မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ တစ်ခါတစ်လေ မျက်နှာပေါ်မှာ အမဲစက်ကြီးတွေမြင်နေရရင်ကို လူက စိတ်မကြည်မသာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတောင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတတ်ပါတယ်။ အဲ့ဒီ့အတွက် စာရေးသူဆေးတစ်ခုရှာတွေ့ထားတယ်။ ခက်တယ်မထင်လိုက်နဲ့။ မီးဖိုချောင်မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။ အဲ့ဒါကတော့ အာလူးသံပုယို ရေခဲတုံးပါ။ သံပုယိုသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။အဲ့ဒီ့ပါဝင်ပစည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။ ပါဝင်ပစ္စည်းများ အာလူး -၁လုံး တလဲသီး- ပန်းကန်လုံး တစ်ဝက် သံပုယိုသီး- တစ်ခြမ်း ရေခံပုံစံခွက် -တစ်ခု ပြုလုပ်နည်း အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး ခြစ်ခွက်နဲ့ ခြစ်လိုက်ပါ။ ပြီးတာနဲ့ ဖော်ျရည်ကြိတ်စက်ထဲ ခြစ်ပြီးသားအာလူး၊ တလဲသီးများ နှင့် သံပုရာရည်ရောထည့်ပြီး ရေတစ်ဇွန်းပါထပ်လောင်းထည့်လိုက်ပါ။ ဇွန်းနဲ့အသာအယာမွှေပေးပြီးတာနဲ့ ကြိတ်ပစ်လိုက်ပါ။...

ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ...

Image
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။ . ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။ ———————————————————————– ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူရင်းသီးနှင့် နွာ...