Posts
Showing posts from May, 2018
သီချင်းတွေကလွဲရင် တခြား လှုပ်ရှားမှ ဘာမှ မရှိပါဘူးဆိုတဲ့ ဘီလီလမင်းအေး ...!
Image
လတ်တလော  ဇာတ်ဝင်တေးသီချင်းတွေ  သီဆိုထားပြီး  အမ်တီဗီ အတွက်လည်း  သီချင်းတွေ  ရိုက်ကူးဖြစ်နေတယ်ဆိုတဲ့   မြန်မာအိုင်ဒေါလ် အဆိုရှင် ဘီလီလမင်းအေးက   ဆရာမအလုပ်ကိုလည်း  ပြန်လည်လုပ်ကိုင်သွားဦးမယ်လို့  သိရတယ်။ ဘီလီလမင်းအေးက သူ့ရဲ့ ပထမဆုံး တေးစီးရီးဖြစ်တဲ့ အရှုံးမပေးတဲ့ ဝိညာဉ် အခွေကို  အမ်တီဗီ ရိုက်ကူးမှာနဲ့  ပတ်သက်ပြီး   “အမ်တီဗီကတော့   နှစ်ယောက်တွဲ ဇာတ်လမ်းပုံစံမျိုးတွေထက်  ဖူးတစ်ယောက်တည်း ပုံစံမျိုးလေးတွေ  ပိုမြင်ရမယ်ပေါ့နော်။ အမ်တီဗီကတော့  seclection ပဲ ရွေးထုတ်ပြီး  ရိုက်ဖြစ်မယ်၊ အားလုံးရိုက်ဖြစ်မယ်တော့  မထင်ဘူး၊ ပြီးတော့ မကြာခင်မှာလဲ   ဇာတ်ဝင်တေးသီချင်း  ဆိုထားတဲ့  ငါ့ကို  နမ်းတဲ့  မုန်တိုင်းထဲက  သီချင်းတစ်ပုဒ်လဲ  မကြာခင်ထွက်လာမှာပါ  ၊ ဒီလကုန်မှာပေါ့” လို့   ဘီလီလမင်းအေးက   ပြောပါတယ်။ ဒုတိယအခွေအတွက်လည်း   ပြင်ဆင်နေပြီဆိုတဲ့ ဘီလီလမင်းအေးက သူ့ရဲ့ ဆရာမအလုပ်ကိုလဲ   “ဆရာမ  အလုပ်ကတော့  လုံးဝမလုပ်တော...
အသည်းတယားယားနဲ့ ကြည့်ရမယ့် နေခြည်ဦးရဲ့ပုံလေးတွေ
Image
Beauty Blogger မလေးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာခဲ့ပြီး ခုနောက်ပိုင်းမှာတော့ သူမဟာ အနုပညာအလုပ်တချို့ပါ  လုပ်ကိုင်လာပါပြီ  ။               ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကိုလဲမကြာခင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ နေခြည်ဦးဟာ ပရိသတ်တွေအပေါ်သိပ်ဆိုးတဲ့ ကောင်မလေးပေါ့။ သူဆိုးသမျှကို လိုက်လံဖြေရှင်းပြီး ချစ်ပေးကာကွယ်ပေးကြတဲ့ သူ့ရဲ့ ချီလီတွေကလဲ များပြားလှပါတယ်။ သူမဟာ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီဝတ်မှုံရွှေရည်၊ နေမင်းတို့နဲ့ အတူ ရိုက်ကူးခဲ့ပြီး၊ မကြာခင်မှာ ရိုက်ကူးတော့မယ့် ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ ရွှေမှုံရတီ၊ ရွှေထူးတို့နဲ့အတူ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နေခြည်ဦးတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ရေကူးကန်ထဲကပုံလေးတွေကို ကြည့်ရှု့ပြီး တစ်ခုခုပြောခဲ့ကြပါဦးနော်။     သူမဟာ ရေကူးကန်ထဲက ပုံတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီ မပေါ်တပေါ် အသည်းယားစရာကောင်းတဲ့ ပုံလေးတွေက ပရိသတ်ကြီးကို စွဲဆောင်ထားနိုင်လွန်းပါတယ်။  ဖတ်ရှု့ပေးကြတဲ့...
ဘွဲ့ရပြီး အလုပ်ခွင်ဝင်မည့်သူတိုင်း သိထားသင့်သည့် အချက်(၅)ခု
Image
တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရပြီး လက်တွေ့လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြသူတိုင်း တစ်ခါတည်း လွယ်ကူရိုးရှင်းတဲ့ လုပ်ငန်းခွင်အောင်မြင်မှုကို ရရှိနိုင်ကြတာမဟုတ်ပါဘူး။ ဘာတက္ကသိုလ်ဖြစ်ဖြစ်၊ ဘာပညာရပ်ဆိုင်ရာဘွဲ့ဖြစ်ဖြစ် လက်တွေ့လောကရဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းဖို့ လိုပါသေးတယ်။ ဒါ့ကြောင့် ဘွဲ့ရပြီး အလုပ်ခွင်ဝင်မယ့်သူတိုင်းအတွက် လုပ်ငန်းခွင်မှာ အဆင်ပြေတိုးတက်မှုတွေ ရရှိစေနိုင်ဖို့ သိထားသင့်တဲ့ အချက်(၅)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ အကူအညီပေးနိုင်သူတွေကို ရှာဖွေပါ ဘွဲ့ရပြီးခါစမှာ လုပ်ငန်းခွင်ဝင်သူတွေအနေနဲ့ အလွယ်တကူမအောင်မြင်ရတဲ့အကြောင်းရင်းက သူတို့ကို ကူညီပံ့ပိုးပေးနိုင်သူတွေ မရှိတာကြောင့်ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ တကယ်အားကိုးအားထားပြုလို့ရနိုင်တဲ့ မိတ်ဆွေတွေ၊ လိုအပ်တာကို သင်ကြားပြသပေးနိုင်မယ့်သူတွေကို ရှာဖွေပြီး အချိန်ရော လုပ်အားကိုပါ အလဟဿဖြစ်စေနိုင်သူတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ၂။ ပထမဆုံးအလုပ်က တသက်လုံးလုပ်ရမှာ မဟုတ်ဘူး ဘွဲ့ရပြီးခါစအလုပ်ဝင်သူ လူငယ်အများစုနဲ့ သူတို့ရဲ့မိဘတွေဟာ ပထမဆုံးအလုပ်ရှာတဲ့အခါမှာ ပြီးပြည့်စုံတဲ့ အလုပ်အကိုင်တစ်ခုရဖို့ကို အာရုံစိုက်တတ်ကြပါတယ်။ တကယ်တော့ လုပ်ငန်းခွင်အခြေအနေပေါ်မှာ...
၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်းတစ်ခု
Image
မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ တစ်ခါတစ်လေ မျက်နှာပေါ်မှာ အမဲစက်ကြီးတွေမြင်နေရရင်ကို လူက စိတ်မကြည်မသာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတောင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတတ်ပါတယ်။ အဲ့ဒီ့အတွက် စာရေးသူဆေးတစ်ခုရှာတွေ့ထားတယ်။ ခက်တယ်မထင်လိုက်နဲ့။ မီးဖိုချောင်မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။ အဲ့ဒါကတော့ အာလူးသံပုယို ရေခဲတုံးပါ။ သံပုယိုသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။အဲ့ဒီ့ပါဝင်ပစည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။ ပါဝင်ပစ္စည်းများ အာလူး -၁လုံး တလဲသီး- ပန်းကန်လုံး တစ်ဝက် သံပုယိုသီး- တစ်ခြမ်း ရေခံပုံစံခွက် -တစ်ခု ပြုလုပ်နည်း အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး ခြစ်ခွက်နဲ့ ခြစ်လိုက်ပါ။ ပြီးတာနဲ့ ဖော်ျရည်ကြိတ်စက်ထဲ ခြစ်ပြီးသားအာလူး၊ တလဲသီးများ နှင့် သံပုရာရည်ရောထည့်ပြီး ရေတစ်ဇွန်းပါထပ်လောင်းထည့်လိုက်ပါ။ ဇွန်းနဲ့အသာအယာမွှေပေးပြီးတာနဲ့ ကြိတ်ပစ်လိုက်ပါ။...
ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ...
Image
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။ . ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။ ———————————————————————– ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူရင်းသီးနှင့် နွာ...
ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့နည်းလမ်းကောင်း
Image
သောကြာ သားသမီးလေးတွေ အကြောင်း...!
Image
သောကြာ သားသမီးလေးတွေ အကြောင်း သောကြာ သားသမီးတွေဟာ လူ့လောကကို စရောက်ပြီဆိုကတည်းက အငိုသန်တယ်။ သွေးအေးအေး နဲ့  စိတ်ကြီးတတ်တယ်။ အနေအေးတဲ့ လူအများစု ဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံး လူတွေနဲ့ စကားပြောရင်တော့ အင်မတန်မှ စကားများတယ်။ လေကြော မပြတ်နိုင်ဘူး။ သူများအကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပြီး ပြောပြလေ့ရှိတယ်။ ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ရင် စိတ်ရှည်တယ်။ သည်းခံတယ်။ ကိုယ်မကြိုက်တဲ့ အရာ ၊ ကိုယ်မနှစ်သက်သော လူတွေဆိုရင်တော့  ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး။ ကိုယ်မှန်တယ်လို့ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။ လူမှုရေး နဲ့  ပတ်သတ်ပြီး ဆက်ဆံရင် ဖော်ရွေတတ်တာ သောကြာပါ။ ကိုယ်ခင်တဲ့ မိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေ အတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။ အပြင်မှာ အေးစက်စက်နဲ့မာနကြီးတယ်လို့ ထင်ရပေမဲ့ ကိုယ်ခင်တဲ့ လူတွေအပေါ်မှာ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ပြောဆို ဆက်ဆံတတ်တာ သောကြာပါ။ ကလေးတွေကိုလည်း ကြင်နာစွာနဲ့ ချစ်တတ်တယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေရှိရင် တစ်ယောက်တည်း အေးဆေးတွေတောနေရတာကို ပိုပြီး နှစ်သက်တာ သောကြာ၊ သောကြာတွေဟာ ကိုယ့်အနားမှာရှိနေတဲ့ သူတွေကို အ...
ဗက်ဆလင်း (Vaseline) အလှဆီနဲ့ အလှပြင်ကြမယ်
Image
တစ်ကိုယ်လုံး ကြိုက်ရာသုံးနိုင်ပါတယ် ဗက်ဆလင်း (Vaseline) အလှဆီကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒီအလှဆီကို အသားအရေအတွက် မျိုးစုံ သုံးလို့ရတာကို သိကြမှာပါ။ အလှအပရေးရာအတွက်ကော ဘယ်လိုသုံးလို့ ရလဲ ကြည့်ကြည့်ရအောင်။ မျက်တောင်တွေ ပိုထူပြီး မြန်မြန်ရှည်လာစေဖို့ ဗက်ဆလင်း အဆီကို မာစကာရာအတံလေးနဲ့ သုတ်ပြီး မျက်တောင်တွေပေါ်ကို သုတ်သုတ်ပေးပါ။ တစ်လလောက်ကြာတဲ့အခါ မျက်တောင်တွေ ကော့ပြီး ရှည်လာတာကိုတွေ့ရပါလိမ့်မယ်။ ခြေဖဝါးနုနု ခြေဖဝါးလေးတွေ ခြေဖနောင့်လေးတွေ ဖော့ဖယောင်းလို ပျော့ပျောင်းနူးညံ့နေစေဖို့ဆိုရင် ညမအိပ်ခင် ခြေဖဝါးနဲ့ ခြေချောင်းတွေကို ဗက်ဆလင်းအဆီကို သုတ်လိမ်းပြီး ခြေစွပ်လေးဝတ်အိပ်လိုက်ပါ။ မနက်ကျရင် သင့်ခြေဖဝါးလေးတွေ ချောမွတ်နေတာကို တွေ့ရမှာပါ။ ခရင်မ်ပါးနီ ဗက်ဆလင်းနဲ့ နှုတ်ခမ်းနီနဲ့ ရောလိုက်ရင် နှုတ်ခမ်းအရောင်နဲ့ ဆင်တူအရောင် လိမ်းလို့ရတဲ့ ခရင်မ်ပါးနီလေးရမှာပါနော်။ တံတောင်ဆစ်နဲ့ ဒူး တံတောင်ဆစ်လို နေရာမျိုးတွေ၊ ဒူးနေရာတွေမှာ ဗက်ဆလင်းကို နေ့တိုင်းလိမ်းပေးရင် အရာထင်ပြီး မဲနေတာမျိုးတွေ၊ ကွက်နေတာမျိုးတွေ၊ နောက်ပြီး အသားအရေကြမ်းတမ်းနေတာတွေကို ပျောက်ကင်းစေပါတယ်။ မိတ်ကပ်ဖျက်ဆေး မာစကာရာ၊ နှုတ်ခမ်းနီ၊ အိုင်းလိုင်နာန...
အိမ်ထောင်ကျပြီးနောက်ပိုင်း အိပ်မက်တွေကို လွှင့်မပစ်လိုက်ပါနဲ့
Image
အိမ်ထောင်သည်ဘ၀ရောက်သွားကြတဲ့ အမျိုးသားအမျိုးသမီးတွေအနေနဲ့ လူပျို၊အပျိုဘ၀တုန်းက ဘ၀နဲ့ပတ်သက်ပြီး ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ စိတ်ကူး အိမ်မက်တွေကို အကြောင်းကြောင်းကြောင့် အကောင်အထည်မဖော်နိုင်တော့တာ များပါတယ်။ ကျွန်မအနေနဲ့လည်း လက်ထပ်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါ မိဘဆရာတွေရဲ့သွန်သင်မှုကြောင့်အိမ်မက်တွေ ပျောက်ဆုံးမသွားအောင်ကြိုးစားခဲ့ရတာတွေရှိတယ်။ ဖေဖေက ကျွန်မကို ပြောတယ်။ “အိမ်ထောင်ကျသွားလို့ အိမ်ရှင်မဘ၀နဲ့ရပ်တန့်သွားမှာကိုတော့မဖြစ်စေချင်ဘူး၊ သမီးဘယ်လောက်ထိ တက်လှမ်းနိုင်မလဲ…အမြင့်ဆုံး၊ ထိပ်ဆုံးကို တက်ချင်သလား၊ တက်ပါ၊ အိမ်ထောင်ရေးကြောင့် မတက်နိုင်တော့ဘူးဆိုတာတော့ အဖြစ်မခံပါနဲ့သမီးရယ်" လို့ ဖေဖေကပြောတော့ ကျွန်မမျက်ရည်ဝဲခဲ့ ရတယ်။ ဒီလိုပဲ အသက် ၂၆ နှစ်အရွယ်မှာ သမီးချစ်သူနဲ့ လက်ထပ်တော့မယ် ဖေဖေဆိုတဲ့စိတ်ဆန္ဒကိုလည်း မပြုပါနဲ့ သမီးရယ်၊ ငယ်ပါသေးတယ်၊ မျှော်လင့်ချက်တွေ ပြည့်အောင် ကြိုးစားလိုက်ပါဦးလို့ ပြောမထွက်ရက်ဘူး ထင်ပါရဲ့။ ဆရာလူထုစိန်ဝင်းကတော့ ကျွန်မကို ဗြောင်ပဲဖွင့်ပြောပြီး တားမြစ်ပါတယ်။ “မင်း ငယ်ပါသေးတယ်ကွာ၊ မင်းက တစ်စုံတစ်ယောက်ဖြစ်လာနိုင်တဲ့ မိန်းကလေးပဲ။ ဘာဖြစ်လို့အိမ်ထောင်ပြုတော့...
ထီးတစ်ချောင်းဝယ်တော့မယ်ဆို ဘာတွေစဉ်းစားရမလဲ?
Image
ထီးဝယ်တာများ ဘာဆန်းလို့လည်း ရော့ပိုက်ဆံ၊ ပေးထီး ဂွက်၊ ဂွက်ဆို ပြီးနေတာပဲဟာလို့ မထင်ပါနဲ့။ ယခုလို လေကြမ်း၊ မိုးကြမ်း မိုးတွင်းကာလမှာ သင့်ရဲ့ရာသီဥတုဒဏ်က ကာကွယ်ပေးမယ့် ထီးတစ်ချောင်းဟာ အရမ်းကိုအရေးပါပါတယ်။ ဘယ်သွားသွား သွားလေရာယူသွားရမယ့် ထီးလေးဟာ သင့်ရဲ့အိတ်ဆောင်ကိုယ်ရံတော်လေးပါ။ ဒီတော့ ဒီကိုယ်ရံတော်လေးရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဆန်းစစ်ဖို့ လိုအပ်လာပါတယ်။ ထီးတစ်ချောင်းဝယ်တော့မယ်ဆို ဘာတွေစဉ်းစားရမလဲဆိုတော့... ၁ - ဖရိန်ကောင်းကောင်း အပြင်သွားတုန်း ရုတ်တရက်မိုးတွေ ရွာလာလေတွေတိုက်လာလို့ ထီးကိုဖွင့်လိုက်တဲ့အခါ ဂွမ်းခနဲ့လန်ထွက်သွားရင် ရှက်စရာကြီးဖြစ်ပါပြီ။ လူတွေကလည်း ၀ိုင်းကြည့်ကြတော့မှာဖြစ်သလို၊ မိုးရေတွေလည်း စိုစိုရွှဲသွားပါလိမ့်မယ်။ ဒီတော့ မိုးတွင်းအတွက် ထီးဝယ်မယ်ဆို ဖရိန်ကောင်းကောင်၊ တောင့်တောင့်တင်းတင်းထီးကိုဝယ်ပါ။ ၂ - ဒီဇိုင်းကာလာ ဘာညာအနေအထား အထူးသဖြင့် မိန်းကလေးတွေအတွက်ဆို ဒီအချက်က အရေးကြီးပါတယ်။ သင်ကြိုက်သောအရောင်၊ သင်ကြိုက်သော ဒီဇိုင်းဖြစ်မှသာ အမြဲအသုံးပြုချင်စိတ်ရှိမှာပါ။ ဒါ့အပြင် မိုးရာသီဖက်ရှင်တွေထဲမှာ ခေါက်ထီးလှလှလေး၊ အရောင်တောက်တောက်လေးတွေလည်း ပါဝင်တာမို့ သူများထက် အဆန်းဆုံး အလန်းဆ...
ပိုက်ဆံကို သုံးသင့်တဲ့နေရာ(၅)မျိုးနဲ့ မသုံးသင့်တဲ့နေရာ(၅)မျိုး
Image
ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို  ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို  ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။ ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့ ၁။ အီလက်ထရောနစ် ပစ္စည်းများ ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်  ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။ ၂။ အိမ်အလှဆင် ပစ္စည်းများ လူတိုင်းကတော့ကိုယ်အိမ် လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။ ၃။ Fancy လက်ဝတ်ရတနာများ လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရ...
လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ပိုလိုတိုး၍ ချစ်နိုင်ကြပါစေ. .. (ဒီစာလေးကို နေ့တိုင်းဖတ်မယ်)
Image
ဒီစာလေးကိုနေ့တိုင်းဖတ်မယ် …❤️ ကျွန်မတို့ ချစ်တဲ့သူမှန်သမျှ တစ်နေ့ တော့ သေဆုံးရလိမ့်မယ် 😢😢😢 အမေသာ သေသွားရင် .... အဖေသာသေသွားရင် .... ယောကျာ်းသာသေသွားရင် .... မောင်လေးသာ သေသွားရင် ..... ခွေးလေးသာ သေသွားရင် .... စသည်ဖြင့်.... ကိုယ် ချစ်တဲ့ ..သူတွေကွယ်လွန်သွားမှာကို ကျွန်မတို့ တွေးမိတိုင်း အပူကြီးပူပန်တတ်ကြပါတယ် ။ ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့ ကံတရားကို တားဆီးလို့ မရနိုင်ပါ ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူ မှအတပ်မပြောနိုင် ! Expired Date လို့ ခေါ်တဲ့ ကျွန်မတို့ ရဲ့ သက်တမ်း ကုန်ဆုံးရက်ဟာ နောက်ထပ် ၁ပတ်ပဲကျန်တော့တာ ဖြစ်နိုင်သလို အနှစ်၃၀လောက်မှ ရောက်လာတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ချစ်တဲ့သူတွေ အရင်သေတာဖြစ်နိုင်သလို ကိုယ်က သူတို့ ထက် အရင် သေသွားတာမျိုး လည်းဖြစ်နိုင်တာပဲလေ။ မသိနိုင်တဲ့အရာတစ်ခုကို ကြိုတွေးပြီး ကြောက်လန့် စိတ်ပူနေမဲ့အစား အသက်ရှင် ကျန်းမာလျက် အတူတူ ရှိနေခိုက်မှာ ပိုချစ်ဖို့ လိုပါတယ် ။ အမေ့ဆီ ဖုန်းမဆက်မိတာကြာပြီလား? ခုပဲဆက်လိုက်ပါ။ အဖိုးအဖွား အိမ်မရောက်တာကြာပြီလား? ခုပဲသွားတွေ့ လိုက်ပါ။ မောင်နှမအချင်းချင်း ကတောက်ကဆဖြစ်ထားလား? ခုပဲပြန်ခေါ်...
“ဖြူဖြူထွေး ပြုံးလိုက်တိုင်း ယောကျာင်္းလေးတိုင်း ရင်မခုန်တဲ့သူမရှိဘူး ဟုတ်တယ်မလာ?”လို့ဆိုလာတဲ့ ဖြူဖြူထွေး
Image
ရိုးသားပွင့်လင်းတဲ့ အနေအထိုင်အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ လူတိုင်းမှာမရှိနိုင်တဲ့ ဖြူစင်လွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတာပါ။ သူမကတော့ အခုအချိန်မှာနာမည်ကြီး ဆယ်လီတစ်ယောက်ဖြစ်နေပြီဆိုပေမယ့်လည်း အမြဲလိုလို သနပ်ခါးလေးလူးပြီး အေးအေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ်နေထိုင်တတ်သူလေးပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူမရဲ့အချိုသာဆုံးအပြုံးလေးတွေကို အမိအရဖမ်းယူထားတဲ့ ပုံလှလှလေးတွေကို ချစ်ရတဲ့ပရိသတ်တွေကို ဝေမျှပေးထားပြီး “ဖြူဖြူထွေး ပြုံးလိုက်တိုင်း ယောကျာင်္းလေးတိုင်း ရင်မခုန်တဲ့သူမရှိဘူး ဟုတ်တယ်မလာ? အယ်လဲ့” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ချစ်စနိုးလေး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ “ရင်မခုန် ရင် သေသွားမှာပေါ့လို့ ” ဆိုပြီး စစနောက်နောက်နဲ့ ပြန်လည်ရေးသားထားပါသေးတယ်။ တော်တော်လေးကို အနောက်သန်တဲ့ ကောင်မလေးပါပဲနော်။ Credit-ngakwal #Unicode Version “ဖြူဖြူထွေး ပြုံးလိုက်တိုင်း ယောကျာၤးလေးတိုင်း ရင်မခုန်တဲ့သူမရှိဘူး ဟုတ်တယ်မလာ?”လို့ဆိုလာတဲ့ ဖြူဖြူထွေး ရိုးသားပွင့်လင်းတဲ့ အနေအထိုင်အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ခ...
အချစ်ဦးပေမယ့် လက်ထပ်ဖို့အထိ ရည်ရွယ်ထား တယ်လို့ ပြောလိုက်တဲ့ မော်ဒယ်အဆိုတော် ဆန်းသစ်လ
Image
ဆီဆိုင်က ဝန်ထမ်းတွေ အမျိုးသမီးအိမ်သာကို နောက်ကချောင်းကြည့်နေကြတယ်တဲ့ .. လမ်းခရီးသွားတဲ့ အမျိုးသမီးများ သတိထားကြပါ။
Image
အမျိုးသမီးအိမ်သာကိုနောက်ကချောင်းကြည့်နေကြတဲ့ မုတ္တမ Max ဆီဆိုင်က ဝန်ထမ်းတွေတဲ့ မွန်ပြည်နယ် မုတ္တမ Max ဆီဆိုင် အမျိုးသမီး အိမ်သာ နောက်က ချောင်းကြည့်နေတဲ့ ဝန်ထမ်းများ တော်တော်ကို ရွံ့စရာကောင်းတဲ့ အောက်တန်းစားကောင်တွေ၊ ရှေ့မှာ ဘုရားဖူးကား တစ်စီးလာတယ်၊ အဲ့ကားက အကုန်လုံးအိမ်သာဝင်ပြီး ပြန်ထွက်သွားတော့မှ သူတို့ဆိုင်က ဝန်ထမ်းတစ်ယောက်က အိမ်သာနောက်ထဲသွားတော့ ဘာများလဲ ဆိုပြီး ဆက်ကြည့်နေတာ။ အိမ်သာ နောက်လမ်းကြားထဲကို ခဲနဲ့ပေါက်ပြီး ရီနေတော့ သဘောပေါက်လိုက်ပြီ။ ခဏနေတော့ အိမ်သာ နောက်ပြတင်းပေါက်ကနေသူတို့ ဝန်ထမ်းတစ်ဦး ခုန်ဆင်းလာရော။ အဲ့မှာ ခုနကခဲနဲ့ပေါက်တဲ့တစ်ယောက်က မင်းအသက် ၅၀ ကျော်တွေလဲ အလွတ်မပေးဘူးလား၊ ကြိုးစားလှချည်လား ဟ တဲ့။  စောနက ဘုရားဖူးကားက အဒေါ်အရွယ် ၊ အဘွား အရွယ်တွေ များတာကိုး .. အိမ်သာနောက်က ချောင်းကြည့်တော့ အပေါ့အလေး စွန့်နေတဲ့ ဖင်တွေပဲ မြင်ရမှာပေါ့။ အဲ့ဒါကိုတောင် အရသာခံပြီး တဏှာမီးတောက်နေတယ်ဆိုတော့ ဘယ်လောက်အောက်တန်းကျလဲ တွေးသာကြည့်တော့။ Ph နဲ့ လဲ ရိုက်ရင် ရိုက်နေမှာပဲ။ ကိုယ့်ဆိုင်ကို လာတဲ့ Customer ကို သားကောင်လိုသဘောထားပြီး တဏှာ မီးတောက်နေတဲ့ ဝန်ထမ်းတွေကို ဆိုင်မှာ ဆက်မထားသင့်ဘူး။ ပြင်...
အိမ်ထောင်ရေးမှာ ထီပေါက်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ကြည်လဲ့လဲ့ဦး
Image
ဒီနေ့(မေလ၂၉ရက်)လေးက သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ရဲ့ အိမ်ထောင်သက်တမ်း(၁၄)နှစ်ပြည့်တဲ့နေ့လေးပါ။ သူတို့နှစ်ဦး ဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင်တွေ ဖြစ်ကြပြီး ၂၀၀၅ခုနှစ် မေလ(၂၉)ရက်နေ့က ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာလည်း ဇနီးမောင်နှံနှစ်ဦးဟာ သူတို့ရဲ့ ဖေ့စ်ဘွတ်မှာ အပြန်ပြန်အလှန်လှန် ချစ်ကြောင်းလေးတွေ ဆိုထားကြပါတယ်။   ဇာနည်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇနီးသည် ကြည်လဲ့လဲ့ဦးအတွက် ယခုလိုလေး ရေးသားထားတာတွေ့ရပါတယ်။ "သို့..... မိန်းမ​ရေ.. အများကြီးမ​ပြော​တော့ဘူး​နော်​... မင်းကို... #မင်္ဂလာဦးမှာ တုန်းကထက်​ အခု... #ပိုချစ်​တယ်​.... တစ်​လက်​စထဲ​ပြောချင်​တာက... #မင်းထက်​ငါက... အများကြီး #ပိုချစ်ပါတယ်​"""""" မင်္ဂလာနှစ်​ပါတ်​လည်​ (၁၄)နှစ်​ပြည့်​ အမှတ်​တရ..." ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ထည့်သွင်းထားတဲ့ မင်္ဂလာဦးမှာ သီချင်းလေးကိုလည်း တင်ထားပါတယ်။ ဇာနည်လိုပဲ မင်္ဂလာနှစ်ပတ်လည်နဲ့ ပတ်သက်ပြီး ကြည်လဲ့လဲ့ဦး ရင်တွင်းစကားလေးကလည်း ချစ်ဖို့ကောင်းလှပါတယ်။ သူပြောထားတဲ့ စက...
သင့် ဖုန်းမှာ ဘယ်တော့မှ Storage မပြည့်သွားစေမယ့် နည်းလမ်း (၃) ခု ....!
Image
ဘယ်ဖုန်းမဆို သုံးတဲ့ အချိန်ကြာတာနဲ့အမျှ ဓါတ်ပုံ၊ ဗီဒီယို၊ App Data အပါအ၀င် အခြား ဒေတာများစွာဖြင့် ပြည့်သွားကြမှာပါ။ သင့် ဖုန်းမှာ Storage ပြည့်သွားလို့ ဒေတာများ သိမ်းလို့ မရတော့ပါဘူးလို့ ဖုန်းက အသိပေးတဲ့ အချိန်ကတော့ စိတ်ညစ်စရာ အကောင်းဆုံး အချိန်ပါ။ ဒီိလို အဖြစ်မျိုး ဘယ်တော့မှ မကြုံရအောင် နည်းလမ်းကောင်း (၃) ခုကို ပြောပြချင်ပါတယ်။ ၁။ သန့်ရှင်းရေး အမြဲလုပ်ပါ။ ဖုန်းရဲ့ Internal Storage ကို App Data, Cached Data (System Cache , App Cache ) နဲ့ User Data (Music, Photos , Videos ) များက အဓိက စားသုံးထားကြပါတယ်။ မလိုအပ်တဲ့ ဖိုင်များ ၊ မသုံးတဲ့ Apps များ၊ Caches များကို ရှာဖွေပြီး ဖျက်ပစ်နိုင်ပါတယ်။ သင် ကိုယ်တိုင် မရှာချင်ရင်တော့ App များကို သုံးပါ။ SD Maid က အဲဒီ အလုပ်များကို အလိုအလျှောက် လုပ်နိုင်ပါတယ်။ ES File Explorer ကတော့ Android File System ကို အတွင်းကျကျ ၀င်ရောက်လေ့လာပြီး သင် Uninstall လုပ်ထားတဲ့ Apps များရဲ့ အကြွင်းအကျန်များကို ရှင်းလင်းပေးနိုင်ပါတယ်။ User Data (Music, Photos , Videos ) များကိုတော့ သင့် ဖုန်းကနေ ကွန်ပြူတာထဲ ပြောင်းသိမ်းနိုင်ပါတယ်။ အဲဒီ ဒေတာများဟာ သင့် ဖုန်းရဲ့ DCIM , ...
လက်ရှိချစ်သူလေးနဲ့ အတိတ် ရေစက်ပါ ၊ မပါ သိနိုင်မယ့် အချက် (၄) ချက် ...!
Image
အတိတ်ရေစက်သာ ပါလာခဲ့ရင် ကြံဖန်ပီး ဆုံရသလိုပဲ ရေစက်မပါခဲ့ရင် ကြံဖန်ပီး လွဲတယ် ဆိုတဲ့ စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းက ရေစက်ပါလို့ တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘ၀က ဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ ဆုတောင်းတွေကြောင့် အခုဘ၀မှာ လက်တွဲဖော် အနေနဲ့ ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ် တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်း ချစ်မိတဲ့ အချစ်ဆိုတာ အတိတ်ဘ၀က ရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်လို့ ယုံကြည်ထားကြပါတယ်။ သူနဲ့ ကိုယ်နဲ့ ရေစက်ပါလား ဆိုတာကို သိနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။ (၁) ပထမဆုံး ဆုံတွေ့တဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ ပထမဆုံး စတွေ့တဲ့ အချိန်မှာ အရင်ထဲက တွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာ မြင်ဖူးခဲ့သလို စိတ်ထဲမှာ ရင်းနှီးနေတဲ့ ခံစားချက်မျိုး ရလိုက်တာပါ။ မြင်မြင်ချင်း ချစ်မိတာမျိုး မဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ် အလလက ခင်မင်ခဲ့ဖူးသလိုမျိုး    သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ အမှန်တကယ် ရှေးရေစက်သာ ဆိုရင် စိတ်ချပါ သင့်အချစ်က တစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုပဲ တစ်ထပ်တည်း ခံစားရမှာပါ။ (၂) ...
သင့် နာမည် အစ စာလုံးတွေက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း ...!
Image
လူတစ်ယောက်ရဲ့ နာမည်ဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်လေးတွေကို ဖော်ပြလေ့ရှိတယ်လို့ ယုံပါရဲ့လား။ ဥပမာ သူ့နာမည်က Su Su ဆိုရင် နာမည်အစ စာလုံးက S ပေါ့နော်။ သူ့ရဲ့နာမည်အစစာလုံး ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ နာမည်အစစာလုံးကိုကြည့်ပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာ  အောက်က အချက်တွေ မှန် မမှန် အကဲခတ်ကြည့်ရအောင်ပါ။ A, H, I, O, Y ဂျိုကာနဲ့ တူတဲ့လူတွေပါ။ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတွေပေါ့။ ဒါပေမဲ့ သူတို့ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ တခြားစိတ်ခံစားချက်တွေကို ဘယ်သူမှမသိအောင် ကြိတ်ခံစားပြီး ကိုယ့်ကြောင့် သူများစိတ်မညစ်အောင် နေတတ်ကြသူတွေဖြစ်တယ်။ အမြဲတမ်းပျော်ပျော်နေပြတတ်တော့ လူချစ်လူခင်ပေါတယ်။အလုပ်အကိုင်နဲ့ပတ်သက်ရင် ကံကောင်းတယ်။ အချစ်ရေးမှာ ကျန်ရစ်ဖြစ်ခဲ့ရတာများတယ်။ စိတ်ခံစားလွယ်တဲ့အထဲမှာလည်း ပါတယ်။ B, C, L, M, N သူတို့ကျတော့ လက်ဆောင်ဘူးနဲ့တူတယ်။ အထဲမှာ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းဖို့မလွယ်ဘူး။ သူတို့ရဲ့စိတ်နေစိတ်ထားကိုလည်း တော်ရုံနဲ့မသိရဘူး။ မသိရအောင်လည်းနေတယ်။ ရုပ်မချောတာတောင် ဆွဲဆောင်မှုရှိကြသူတွေပါ။ တစ်ယောက်တည်းနေတတ်ကြတယ်။ အချစ်ရေးမှာတော့ ကိုယ့်စိတ်ကိုယ်တောင် သေသေချာချာမသိလို့ ပြဿနာတွေ...