အသည်းတယားယားနဲ့ ကြည့်ရမယ့် နေခြည်ဦးရဲ့ပုံလေးတွေ
Beauty Blogger မလေးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာခဲ့ပြီး ခုနောက်ပိုင်းမှာတော့ သူမဟာ အနုပညာအလုပ်တချို့ပါ လုပ်ကိုင်လာပါပြီ ။ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကိုလဲမကြာခင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ နေခြည်ဦးဟာ ပရိသတ်တွေအပေါ်သိပ်ဆိုးတဲ့ ကောင်မလေးပေါ့။ သူဆိုးသမျှကို လိုက်လံဖြေရှင်းပြီး ချစ်ပေးကာကွယ်ပေးကြတဲ့ သူ့ရဲ့ ချီလီတွေကလဲ များပြားလှပါတယ်။ သူမဟာ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီဝတ်မှုံရွှေရည်၊ နေမင်းတို့နဲ့ အတူ ရိုက်ကူးခဲ့ပြီး၊ မကြာခင်မှာ ရိုက်ကူးတော့မယ့် ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ ရွှေမှုံရတီ၊ ရွှေထူးတို့နဲ့အတူ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နေခြည်ဦးတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ရေကူးကန်ထဲကပုံလေးတွေကို ကြည့်ရှု့ပြီး တစ်ခုခုပြောခဲ့ကြပါဦးနော်။ သူမဟာ ရေကူးကန်ထဲက ပုံတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီ မပေါ်တပေါ် အသည်းယားစရာကောင်းတဲ့ ပုံလေးတွေက ပရိသတ်ကြီးကို စွဲဆောင်ထားနိုင်လွန်းပါတယ်။ ဖတ်ရှု့ပေးကြတဲ့...