ဆိုင်မှာခေါင်းလျှော်တော့မယ်ဆိုရင် ဒါတွေကိုအရင် သတိထားလေ့လာပါ
အခုခေတ်မှာ မိန်းကလေး၊ ယောက်ျားလေး တော်တော်များများက ဆိုင်မှာ နှိပ်နယ်ပြီး ခေါင်းလျှော်ရတဲ့ အလေ့အ ထကို ပြုလုပ်လာကြပါတယ်။အလုပ်ရှုပ်တဲ့နေ့တွေဆိုရင် အိမ်မှာ လျှော်မနေတော့ဘဲ ဆိုင်မှာပဲနေ့၊ ည မရွေး သွားလျှော်လိုက်ရုံပါပဲ။ဒီလိုဆိုင်မှာ မကြာခဏ ခေါင်းလျှော်လေ့ရှိတဲ့ သူတွေအနေနဲ့ ဘာတွေကို သိထားသင့် တယ်ဆိုတာကို ကျန်းမာရေးဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ (၁)အသုံးပြုတဲ့ခေါင်းလျှော်ရည်ကိုမေးမြန်းပါ။ အချို့ဆိုင်တွေက ခေါင်းလာလျှော်တဲ့သူတိုင်းကို ခေါင်းလျှော်ရည်တစ်မျိုးတည်းကို အသုံးပြုပေးပါတယ်။ ခြောက်သွေ့ပျက်စီးတဲ့ဆံပင်လား၊ အရောင်ဆိုးထားတဲ့ဆံပင်လား၊ အဆီပြန်တဲ့ ဆံသားပိုင်ရှင်လားဆိုတာကို သေချာမစူးစမ်းဘဲ ဖြစ်သလို လျှော်ပေးလိုက်ကြတာကို သတိပြုဖို့ လိုပါတယ်။ဒါ့ကြောင့် ကိုယ့်ရဲ့ဆံပင်က ဘယ်လိုဖြစ်တယ်၊ ဆံပင်ကျွတ်တယ်၊ ဓာတုပစ္စည်းများနဲ့ဓာတ်မတည့်ဘူး၊ ဒီခေါင်းလျှော်ရည်နဲ့တော့ မတည့်ဘူး ဆိုတာကို ပြောပြထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်အသုံးပြုနေကျ ခေါင်းလျှော်ရည်ကိုသာ ယူသွားပါ။ (၂) ခေါင်းလျှော်သင့်တဲ့ အချိန်နဲ့ နေရာကို သတိပြုပါ။ အလုပ်တွေရှုပ်နေလို့ ညဘက်ရုံးဆင်းချိန်မှ ခေါင်းဝင်လျှော်လိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်...