ရင္သား ျပဳျပင္ခဲ့သူအမ်ိဳးသမီး ခြဲစိပ္ခန္းထဲမွာတင္ေသဆုံး
ေမာ္စကိုၿမိဳ႕က အသက္ ၃၂ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ ရင္သားတင္းရင္းေစရန္ ခြဲစိတ္ျပဳျပင္ၿပီး ခြဲစိတ္ကုတင္ေပၚက မဆင္းနိုင္ေသးမီမွာပဲ ေသဆုံးခဲ့ပါတယ္။
ေဆးခန္းက ႏွလုံးေရာဂါနဲ႔ ကြယ္လြန္တယ္လို႔ အေၾကာင္းျပခဲ့ေပမယ့္ မိဘေဆြမ်ိဳးေတြကေတာ့ ဒီအေၾကာင္းျပခ်က္အေပၚ အယုံအၾကည္မရွိပဲ တရားစြဲဆိုလိုက္ပါတယ္။
Ekaterina Kiseleva ဆိုသူ အမ်ိဳးသမီးဟာ ကေလးႏွစ္ေယာက္မိခင္ျဖစ္ၿပီး ေမာ္စကိုၿမိဳ႕က အလွအပခြဲစိတ္ျပဳျပင္ဆရာဝန္ Grigory Perekrestov ရဲ့ ေဆးခန္းမွာ ရင္သား သြားေရာက္ျပဳျပင္ခဲ့ပါတယ္။
ခြဲစိတ္ျပဳျပင္မွု မစမီမွာ ဆရာဝန္ Perekrestov က အမ်ိဳးသမီးလူနာရဲ့ အေပၚတစ္ပိုင္း ဘာမွမဝတ္ထားတဲ့ ဆယ္လ္ဖီ ဓါတ္ပုံကို Before အေနနဲ႔ ရိုက္ထားခဲ့ပါေသးတယ္။
ေသးဆုံးသူအမ်ိဳးသမီးရဲ့ မိခင္က ဒါဟာ ျဖစ္ကတတ္ဆန္း လုပ္လို႔ သူ႔သမီးေသဆုံးရတယ္လို႔ ေျပာဆိုလိုက္ၿပီးတဲ့ေနာက္ တာဝန္ရွိသူေတြက ဒီအမွုနဲ႔ပက္သက္ၿပီး စုံစမ္းစစ္ေဆးမွုေတြ စတင္ေနပါၿပီ။
“ကၽြန္မတို႔ရဲ့ မေက်နပ္ေၾကာင္းေရးထားတာေတြ အားလုံးဖ်က္ပစ္ခံရတယ္၊ ဖုန္းေခၚတယ္ မကိုင္ဘူး။ ကၽြန္မတို႔မွာ ေမၽွာ္လင့္ခ်က္မဲ့တဲ့ အေျခေန စိုက္ေနပါၿပီ”
“ကၽြန္မတို႔ အသတ္ခံလိုက္ရသလိုပဲ ဘဝကဆုံးသြားၿပီ၊ မိသားစုတစ္ခုလုံးကို အျမစ္ကေန ခုတ္လွဲလိုက္သလိုပါပဲ” ဟု ေသဆုံးသူရဲ့ မိခင္က ဆိုပါတယ္။
မိခင္ျဖစ္သူရဲ့အဆိုအရ ခြဲစိပ္ၿပီးေနာက္ Ekaterina ျပန္ၿပီးသတိမရလာခင္မွာ ေမ့ေဆးဆရာဝန္ျဖစ္တဲ့ အသက္ ၂၄ ႏွစ္အရြယ္ Zeinal Nedzhafov က ဒီတိုင္ထားျပစ္ခဲ့တာေၾကာင့္ အခုလို ျဖစ္ရတယ္လို႔ စြပ္စြဲထားပါတယ္။
Ekaterina ဟာ ၅ နာရီၾကာျမင့္မယ့္ ရင္သားခြဲစိတ္ျပဳျပင္မွုကို မိသားစုနဲ႔ အတိုက္အခံလုပ္ကာ အႏၲရာယ္မရွိနိုင္ဘူးလို႔ ဆိုၿပီး သြားေရာက္ျပဳျပင္ခဲ့ျခင္ျဖစ္ပါတယ္။
“ေနာက္ပိုင္းမွာ ျပန္ေလ့လာၾကည့္ေတာ့မွ အဲဒီေဆးခန္းမွာ သတိျပန္လည္လာေအာင္ လုပ္ေပးနိုင္တဲ့ အေထာက္အကူပစၥည္းေတြ ဘာတစ္ခုမွမရွိဘူး၊ ျပႆနာလဲျဖစ္ေရာ ႏွလုံးအထူးကုဆရာဝန္ဆီက
ို ဖုန္းဆက္တယ္၊ ဆရာဝန္က သူ႔အိမ္ကေန ကေလးတစ္ဖက္နဲ႔ အေျပးေရာက္လာၿပီး ႏွလုံးကိုႏွိုးခဲ့ေပမယ့္ မရေတာ့ဘူး။ လူနာတင္ကား ေခၚေပးတာကလြဲရင္ သူတို႔ဘာမွ မလုပ္ေပးနိုင္ခဲ့ဘူး” ဟု မိခင္ျဖစ္သူ Evegenia က ဆိုပါတယ္။
မိသားစုက သူမေသၿပီး ႏွစ္နာရီၾကာမွ သိခဲ့ရပါတယ္၊ အခုဆိုရင္ေတာ့ ခြဲစိတ္ဆရာဝန္ကို မိသားစုက တရားစြဲထားပါတယ္။
Credit: mmpost
Unicode Version#
မော်စကိုမြို့က အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ရင်သားတင်းရင်းစေရန် ခွဲစိတ်ပြုပြင်ပြီး ခွဲစိတ်ကုတင်ပေါ်က မဆင်းနိုင်သေးမီမှာပဲ သေဆုံးခဲ့ပါတယ်။
ဆေးခန်းက နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ အကြောင်းပြခဲ့ပေမယ့် မိဘဆွေမျိုးတွေကတော့ ဒီအကြောင်းပြချက်အပေါ် အယုံအကြည်မရှိပဲ တရားစွဲဆိုလိုက်ပါတယ်။
Ekaterina Kiseleva ဆိုသူ အမျိုးသမီးဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး မော်စကိုမြို့က အလှအပခွဲစိတ်ပြုပြင်ဆရာဝန် Grigory Perekrestov ရဲ့ ဆေးခန်းမှာ ရင်သား သွားရောက်ပြုပြင်ခဲ့ပါတယ်။
ခွဲစိတ်ပြုပြင်မှု မစမီမှာ ဆရာဝန် Perekrestov က အမျိုးသမီးလူနာရဲ့ အပေါ်တစ်ပိုင်း ဘာမှမဝတ်ထားတဲ့ ဆယ်လ်ဖီ ဓါတ်ပုံကို Before အနေနဲ့ ရိုက်ထားခဲ့ပါသေးတယ်။
သေးဆုံးသူအမျိုးသမီးရဲ့ မိခင်က ဒါဟာ ဖြစ်ကတတ်ဆန်း လုပ်လို့ သူ့သမီးသေဆုံးရတယ်လို့ ပြောဆိုလိုက်ပြီးတဲ့နောက် တာဝန်ရှိသူတွေက ဒီအမှုနဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။
“ကျွန်မတို့ရဲ့ မကျေနပ်ကြောင်းရေးထားတာတွေ အားလုံးဖျက်ပစ်ခံရတယ်၊ ဖုန်းခေါ်တယ် မကိုင်ဘူး။ ကျွန်မတို့မှာ မျှော်လင့်ချက်မဲ့တဲ့ အခြေနေ စိုက်နေပါပြီ”
“ကျွန်မတို့ အသတ်ခံလိုက်ရသလိုပဲ ဘဝကဆုံးသွားပြီ၊ မိသားစုတစ်ခုလုံးကို အမြစ်ကနေ ခုတ်လှဲလိုက်သလိုပါပဲ” ဟု သေဆုံးသူရဲ့ မိခင်က ဆိုပါတယ်။
မိခင်ဖြစ်သူရဲ့အဆိုအရ ခွဲစိပ်ပြီးနောက် Ekaterina ပြန်ပြီးသတိမရလာခင်မှာ မေ့ဆေးဆရာဝန်ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် Zeinal Nedzhafov က ဒီတိုင်ထားပြစ်ခဲ့တာကြောင့် အခုလို ဖြစ်ရတယ်လို့ စွပ်စွဲထားပါတယ်။
Ekaterina ဟာ ၅ နာရီကြာမြင့်မယ့် ရင်သားခွဲစိတ်ပြုပြင်မှုကို မိသားစုနဲ့ အတိုက်အခံလုပ်ကာ အန္တရာယ်မရှိနိုင်ဘူးလို့ ဆိုပြီး သွားရောက်ပြုပြင်ခဲ့ခြင်ဖြစ်ပါတယ်။
“နောက်ပိုင်းမှာ ပြန်လေ့လာကြည့်တော့မှ အဲဒီဆေးခန်းမှာ သတိပြန်လည်လာအောင် လုပ်ပေးနိုင်တဲ့ အထောက်အကူပစ္စည်းတွေ ဘာတစ်ခုမှမရှိဘူး၊ ပြဿနာလဲဖြစ်ရော နှလုံးအထူးကုဆရာဝန်ဆီက
ို ဖုန်းဆက်တယ်၊ ဆရာဝန်က သူ့အိမ်ကနေ ကလေးတစ်ဖက်နဲ့ အပြေးရောက်လာပြီး နှလုံးကိုနှိုးခဲ့ပေမယ့် မရတော့ဘူး။ လူနာတင်ကား ခေါ်ပေးတာကလွဲရင် သူတို့ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး” ဟု မိခင်ဖြစ်သူ Evegenia က ဆိုပါတယ်။
မိသားစုက သူမသေပြီး နှစ်နာရီကြာမှ သိခဲ့ရပါတယ်၊ အခုဆိုရင်တော့ ခွဲစိတ်ဆရာဝန်ကို မိသားစုက တရားစွဲထားပါတယ်။

Comments
Post a Comment