Posts
Showing posts with the label အထွေထွေ
သီချင်းတွေကလွဲရင် တခြား လှုပ်ရှားမှ ဘာမှ မရှိပါဘူးဆိုတဲ့ ဘီလီလမင်းအေး ...!
Image
လတ်တလော  ဇာတ်ဝင်တေးသီချင်းတွေ  သီဆိုထားပြီး  အမ်တီဗီ အတွက်လည်း  သီချင်းတွေ  ရိုက်ကူးဖြစ်နေတယ်ဆိုတဲ့   မြန်မာအိုင်ဒေါလ် အဆိုရှင် ဘီလီလမင်းအေးက   ဆရာမအလုပ်ကိုလည်း  ပြန်လည်လုပ်ကိုင်သွားဦးမယ်လို့  သိရတယ်။ ဘီလီလမင်းအေးက သူ့ရဲ့ ပထမဆုံး တေးစီးရီးဖြစ်တဲ့ အရှုံးမပေးတဲ့ ဝိညာဉ် အခွေကို  အမ်တီဗီ ရိုက်ကူးမှာနဲ့  ပတ်သက်ပြီး   “အမ်တီဗီကတော့   နှစ်ယောက်တွဲ ဇာတ်လမ်းပုံစံမျိုးတွေထက်  ဖူးတစ်ယောက်တည်း ပုံစံမျိုးလေးတွေ  ပိုမြင်ရမယ်ပေါ့နော်။ အမ်တီဗီကတော့  seclection ပဲ ရွေးထုတ်ပြီး  ရိုက်ဖြစ်မယ်၊ အားလုံးရိုက်ဖြစ်မယ်တော့  မထင်ဘူး၊ ပြီးတော့ မကြာခင်မှာလဲ   ဇာတ်ဝင်တေးသီချင်း  ဆိုထားတဲ့  ငါ့ကို  နမ်းတဲ့  မုန်တိုင်းထဲက  သီချင်းတစ်ပုဒ်လဲ  မကြာခင်ထွက်လာမှာပါ  ၊ ဒီလကုန်မှာပေါ့” လို့   ဘီလီလမင်းအေးက   ပြောပါတယ်။ ဒုတိယအခွေအတွက်လည်း   ပြင်ဆင်နေပြီဆိုတဲ့ ဘီလီလမင်းအေးက သူ့ရဲ့ ဆရာမအလုပ်ကိုလဲ   “ဆရာမ  အလုပ်ကတော့  လုံးဝမလုပ်တော...
၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်းတစ်ခု
Image
မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ တစ်ခါတစ်လေ မျက်နှာပေါ်မှာ အမဲစက်ကြီးတွေမြင်နေရရင်ကို လူက စိတ်မကြည်မသာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတောင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတတ်ပါတယ်။ အဲ့ဒီ့အတွက် စာရေးသူဆေးတစ်ခုရှာတွေ့ထားတယ်။ ခက်တယ်မထင်လိုက်နဲ့။ မီးဖိုချောင်မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။ အဲ့ဒါကတော့ အာလူးသံပုယို ရေခဲတုံးပါ။ သံပုယိုသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။အဲ့ဒီ့ပါဝင်ပစည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။ ပါဝင်ပစ္စည်းများ အာလူး -၁လုံး တလဲသီး- ပန်းကန်လုံး တစ်ဝက် သံပုယိုသီး- တစ်ခြမ်း ရေခံပုံစံခွက် -တစ်ခု ပြုလုပ်နည်း အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး ခြစ်ခွက်နဲ့ ခြစ်လိုက်ပါ။ ပြီးတာနဲ့ ဖော်ျရည်ကြိတ်စက်ထဲ ခြစ်ပြီးသားအာလူး၊ တလဲသီးများ နှင့် သံပုရာရည်ရောထည့်ပြီး ရေတစ်ဇွန်းပါထပ်လောင်းထည့်လိုက်ပါ။ ဇွန်းနဲ့အသာအယာမွှေပေးပြီးတာနဲ့ ကြိတ်ပစ်လိုက်ပါ။...
ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့နည်းလမ်းကောင်း
Image
သောကြာ သားသမီးလေးတွေ အကြောင်း...!
Image
သောကြာ သားသမီးလေးတွေ အကြောင်း သောကြာ သားသမီးတွေဟာ လူ့လောကကို စရောက်ပြီဆိုကတည်းက အငိုသန်တယ်။ သွေးအေးအေး နဲ့  စိတ်ကြီးတတ်တယ်။ အနေအေးတဲ့ လူအများစု ဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံး လူတွေနဲ့ စကားပြောရင်တော့ အင်မတန်မှ စကားများတယ်။ လေကြော မပြတ်နိုင်ဘူး။ သူများအကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပြီး ပြောပြလေ့ရှိတယ်။ ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ရင် စိတ်ရှည်တယ်။ သည်းခံတယ်။ ကိုယ်မကြိုက်တဲ့ အရာ ၊ ကိုယ်မနှစ်သက်သော လူတွေဆိုရင်တော့  ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး။ ကိုယ်မှန်တယ်လို့ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။ လူမှုရေး နဲ့  ပတ်သတ်ပြီး ဆက်ဆံရင် ဖော်ရွေတတ်တာ သောကြာပါ။ ကိုယ်ခင်တဲ့ မိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေ အတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။ အပြင်မှာ အေးစက်စက်နဲ့မာနကြီးတယ်လို့ ထင်ရပေမဲ့ ကိုယ်ခင်တဲ့ လူတွေအပေါ်မှာ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ပြောဆို ဆက်ဆံတတ်တာ သောကြာပါ။ ကလေးတွေကိုလည်း ကြင်နာစွာနဲ့ ချစ်တတ်တယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေရှိရင် တစ်ယောက်တည်း အေးဆေးတွေတောနေရတာကို ပိုပြီး နှစ်သက်တာ သောကြာ၊ သောကြာတွေဟာ ကိုယ့်အနားမှာရှိနေတဲ့ သူတွေကို အ...
ထီးတစ်ချောင်းဝယ်တော့မယ်ဆို ဘာတွေစဉ်းစားရမလဲ?
Image
ထီးဝယ်တာများ ဘာဆန်းလို့လည်း ရော့ပိုက်ဆံ၊ ပေးထီး ဂွက်၊ ဂွက်ဆို ပြီးနေတာပဲဟာလို့ မထင်ပါနဲ့။ ယခုလို လေကြမ်း၊ မိုးကြမ်း မိုးတွင်းကာလမှာ သင့်ရဲ့ရာသီဥတုဒဏ်က ကာကွယ်ပေးမယ့် ထီးတစ်ချောင်းဟာ အရမ်းကိုအရေးပါပါတယ်။ ဘယ်သွားသွား သွားလေရာယူသွားရမယ့် ထီးလေးဟာ သင့်ရဲ့အိတ်ဆောင်ကိုယ်ရံတော်လေးပါ။ ဒီတော့ ဒီကိုယ်ရံတော်လေးရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဆန်းစစ်ဖို့ လိုအပ်လာပါတယ်။ ထီးတစ်ချောင်းဝယ်တော့မယ်ဆို ဘာတွေစဉ်းစားရမလဲဆိုတော့... ၁ - ဖရိန်ကောင်းကောင်း အပြင်သွားတုန်း ရုတ်တရက်မိုးတွေ ရွာလာလေတွေတိုက်လာလို့ ထီးကိုဖွင့်လိုက်တဲ့အခါ ဂွမ်းခနဲ့လန်ထွက်သွားရင် ရှက်စရာကြီးဖြစ်ပါပြီ။ လူတွေကလည်း ၀ိုင်းကြည့်ကြတော့မှာဖြစ်သလို၊ မိုးရေတွေလည်း စိုစိုရွှဲသွားပါလိမ့်မယ်။ ဒီတော့ မိုးတွင်းအတွက် ထီးဝယ်မယ်ဆို ဖရိန်ကောင်းကောင်၊ တောင့်တောင့်တင်းတင်းထီးကိုဝယ်ပါ။ ၂ - ဒီဇိုင်းကာလာ ဘာညာအနေအထား အထူးသဖြင့် မိန်းကလေးတွေအတွက်ဆို ဒီအချက်က အရေးကြီးပါတယ်။ သင်ကြိုက်သောအရောင်၊ သင်ကြိုက်သော ဒီဇိုင်းဖြစ်မှသာ အမြဲအသုံးပြုချင်စိတ်ရှိမှာပါ။ ဒါ့အပြင် မိုးရာသီဖက်ရှင်တွေထဲမှာ ခေါက်ထီးလှလှလေး၊ အရောင်တောက်တောက်လေးတွေလည်း ပါဝင်တာမို့ သူများထက် အဆန်းဆုံး အလန်းဆ...
ပိုက်ဆံကို သုံးသင့်တဲ့နေရာ(၅)မျိုးနဲ့ မသုံးသင့်တဲ့နေရာ(၅)မျိုး
Image
ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို  ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို  ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။ ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့ ၁။ အီလက်ထရောနစ် ပစ္စည်းများ ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်  ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။ ၂။ အိမ်အလှဆင် ပစ္စည်းများ လူတိုင်းကတော့ကိုယ်အိမ် လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။ ၃။ Fancy လက်ဝတ်ရတနာများ လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရ...
အချစ်ဦးပေမယ့် လက်ထပ်ဖို့အထိ ရည်ရွယ်ထား တယ်လို့ ပြောလိုက်တဲ့ မော်ဒယ်အဆိုတော် ဆန်းသစ်လ
Image
သင့် ဖုန်းမှာ ဘယ်တော့မှ Storage မပြည့်သွားစေမယ့် နည်းလမ်း (၃) ခု ....!
Image
ဘယ်ဖုန်းမဆို သုံးတဲ့ အချိန်ကြာတာနဲ့အမျှ ဓါတ်ပုံ၊ ဗီဒီယို၊ App Data အပါအ၀င် အခြား ဒေတာများစွာဖြင့် ပြည့်သွားကြမှာပါ။ သင့် ဖုန်းမှာ Storage ပြည့်သွားလို့ ဒေတာများ သိမ်းလို့ မရတော့ပါဘူးလို့ ဖုန်းက အသိပေးတဲ့ အချိန်ကတော့ စိတ်ညစ်စရာ အကောင်းဆုံး အချိန်ပါ။ ဒီိလို အဖြစ်မျိုး ဘယ်တော့မှ မကြုံရအောင် နည်းလမ်းကောင်း (၃) ခုကို ပြောပြချင်ပါတယ်။ ၁။ သန့်ရှင်းရေး အမြဲလုပ်ပါ။ ဖုန်းရဲ့ Internal Storage ကို App Data, Cached Data (System Cache , App Cache ) နဲ့ User Data (Music, Photos , Videos ) များက အဓိက စားသုံးထားကြပါတယ်။ မလိုအပ်တဲ့ ဖိုင်များ ၊ မသုံးတဲ့ Apps များ၊ Caches များကို ရှာဖွေပြီး ဖျက်ပစ်နိုင်ပါတယ်။ သင် ကိုယ်တိုင် မရှာချင်ရင်တော့ App များကို သုံးပါ။ SD Maid က အဲဒီ အလုပ်များကို အလိုအလျှောက် လုပ်နိုင်ပါတယ်။ ES File Explorer ကတော့ Android File System ကို အတွင်းကျကျ ၀င်ရောက်လေ့လာပြီး သင် Uninstall လုပ်ထားတဲ့ Apps များရဲ့ အကြွင်းအကျန်များကို ရှင်းလင်းပေးနိုင်ပါတယ်။ User Data (Music, Photos , Videos ) များကိုတော့ သင့် ဖုန်းကနေ ကွန်ပြူတာထဲ ပြောင်းသိမ်းနိုင်ပါတယ်။ အဲဒီ ဒေတာများဟာ သင့် ဖုန်းရဲ့ DCIM , ...
သင့် Android ဖုန်းထဲကနေ အခုချက်ချင်း ဖယ်ထုတ်ပစ်သင့်တဲ့ App (၅)မျိုး ...!
Image
စမတ်ဖုန်းထဲမှာ မလိုအပ်တဲ့ App တွေကိုထည့်ထားတာဟာ ဖုန်းရဲ့ သိုလှောင်နိုင်စွမ်းကို ထိခိုက်သလို ဖုန်းရဲ့စွမ်းဆောင်ရည်နဲ့ ဘက်ထရီသက်တမ်းကိုလဲ ထိခိုက်စေပါတယ်။ လိုအပ်သလောက်ပဲ ထည့်ထားတာ ကောင်းပါတယ်။ ဒီတော့ ဖုန်းထဲမှာ မလိုအပ်တဲ့အပြင် ဖုန်းကိုပါ အနှောက်အယှက်ပေးတာကြောင့် အခုချက်ချင်း သင့်ရဲ့ Android ဖုန်းထဲကနေ ထုတ်ပစ်သင့်တဲ့ App ၅မျိုးကို ပြောပြချင်ပါတယ်။ ၁။ RAM အစားသက်သာစေမယ်ဆိုတဲ့ App များ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ Appတွေက RAM နဲ့ ဘက်ထရီကို အများကြီး အသုံးပြုနေကြပါတယ်။ Memory ကို Boost လုပ်ပေးတဲ့ App တွေက နောက်ကွယ်က App တွေကို ပိတ်ပေးတာပါ။ ဒါဟာ ကောင်းတယ် ထင်ရပေမယ့် တကယ်တော့ ပိုဆိုးသွားစေပါတယ်။ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ App တွေကို သတ်လိုက်ပြီးနောက် သူတို့ကို ပြန်ဖွင့်ရင် Memory နဲ့ ဘက်ထရီက ထပ်ပြီး အလုပ်လုပ်ရပါတယ်။ ဒါဟာ သင့်ဖုန်းကို မတည်မငြိမ်ဖြစ်စေပါတယ်။ အဲဒီအတွက် Memory သက်သာစေတဲ့ App တွေဟာ ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။ ၂။ Clean Master လို သန့်ရှင်းရေး App များ Cached Data လို့ ခေါ်တဲ့ အမှိုက်ဖိုင်တွေကို ရှင်းလင်းပေးကြတဲ့ Cleaning App တွေက ဖုန်းရဲ့ စွမ်းရည်ကို တိုးတက်စေတယ်လို့ ဆိုကြပါတယ်...
ဘယ်သူမှ ဂရုမစိုက်ဘဲ နေရမယ့်အရာ (၆) ခု ...!
Image
၁ - ယုံကြည်မှု ဘာသာရေးယုံကြည်မှုတွေ၊ ဘဝနဲ့ပက်သက်တဲ့ အမြင်တွေပေါ် ယုံကြည်မှုတွေနဲ့ပက်သက်ပြီး ကိုယ်ကြိုက်တာကိုယုံကြည်လို့ရပါတယ်။ လူ့အဖွဲ့အစည်းနဲ့ တစ်ဖက်သားကို ဒုက္ခမပေးဖို့ဘဲ အရေးကြီးပါတယ်။ ၂ - အချိန် သင့်ပိုင်တဲ့ သင့်အချိန်တွေကို ဘယ်လိုကုန်ဆုံးတယ်၊ ဘာကြောင့် ဒီလိုကုန်ဆုံးရတယ်ဆိုတာ ဘယ်သူကိုမှရှင်းပြစရာ မလိုပါဘူး။ အချည်းအနှီးဖြစ်တယ်လို့ သူတို့ထင်နေနိုင်ပြီး ကိုယ်က ကိုယ့်အကြောင်းနဲ့ကိုယ်ပါ။ ၃ - အလေးထားမှု သင့်အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဘာအကျိုးမှ မဖြစ်ဘူးဆိုရင် ဘယ်ကိစ္စ၊ ဘယ်အကြောင်းကိုမှ အလေးထားစရာမလိုပါဘူး။ ၄ - သင့်အကြောင်း မေးတဲ့မေးခွန်းတိုင်းကို ဖြေစရာမလိုပါဘူး။ သင့်ဘဝအကြောင်း၊ သင့် တစ်ကိုယ်ရေတစ်ကာယအကြောင်းတွေကို သင်ကိုယ်တိုင် ပြောပြနေစရာမလိုပါဘူး။ ၅ - ခင်မင်မှု လူတိုင်းက ကိုယ့်ကိုယ် ခင်ချင်အောင် လုပ်စရာမလိုပါဘူး။ လူတိုင်းကိုလည်း လိုက်ခင်နေစရာမလိုပါဘူး။ ကိုယ့်ပုံစံနဲ့ ကိုယ်နေလို့ရပါတယ်။ ၆ - သွင်ပြင် ကိုယ်ကြိုက်တဲ့ဖက်ရှင်ကို ကိုယ်ဝတ်ပါ။ ကိုယ်ကြိုက်တဲ့ဆံပင်ကို ကိုယ်ဆိုးပါ။ သူတို့ဘယ်လိုပဲထင်ထင် ဒါ သူတို့ကိစ္စပါ။ Photos & Source: indugly,Lifehack Credit: Duwun #Unicode Ve...
ကမ္ဘာ့မိခင်များနေ့ ဖြစ်ပေါ်လာပုံ…!
Image
မိခင်များနေ့ စတင် ဖြစ်ပေါ်လာသည်မှာ စာရေးဆရာမ၊ ကထိက၊ လူမှုရေး ပြုပြင်ရေးသမားဖြစ်သူ မစ္စဂျူလီယာသည် ဘောစတွန်မြို့ရှိ သူမ၏နေအိမ်၌ မိခင်များနေ့ကို (၁၈၇၂) ခုနှစ်တွင် စတင် ကျင်းပခဲ့သည်။ သူမသည် နေအိမ်၌ မိခင်များနေ့ကို တစ်ကိုယ်တော် ကျင်းပခဲ့ခြင်းဖြစ်ပြီး (၁၈၈၇) ခုနှစ်တွင် တင်တပ်ကီ ပြည်နယ် မှ ကျောင်းဆရာမ မေရီဆင်သိန်းသည် မစ္စဂျူလီယာ၏ တိုက်တွန်းချက်ဖြင့် မိခင်နေ့ကို ကျင်းပခဲ့သည်။ ထိုသို့ပင် (၁၉၀၄) ခုနှစ်တွင် အင်ဒီယားနား ပြည်နယ်မှ ဖရင့်စ်အီဟဲရင်သည်လည်း  မိခင်များနေ့ကို ကျင်းပခဲ့ပြီး သုံးနှစ်အကြာ ဖီလာဒဲလ်ဗီးယား ပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ် ဆိုသူ က (၁၉၀၇) ခုနှစ်တွင် မိခင်များနေ့ကို ယင်းထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ကြိုးစား အားထုတ်ခဲ့သည်။ ယင်းသို့ မိခင်များနေ့ (သို့) အမေနေ့ ကို မေလ၏ ဒုတိယတနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ဖီလာဒဲလ်ဗီးယားပြည်နယ်က ပထမဦးဆုံး အသိအမှတ်ပြုခဲ့ပြီး (၁၉၀၈) ခုနှစ်၊ မေလ (၁၀) ရက်ကို မိခင်များနေ့အဖြစ် ကျင်းပခဲ့သည်။ ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်သည် အခြားပြည်နယ် နှင့် တိုင်းတွေကပါ မိခင်များနေ့ ကို ကျင်းပလာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာေ...
သင့်ဘေးနားကသူက အဆိုးမြင်သမား တယောက်လားဆိုတာ ဘယ်လိုအကဲခတ်မလဲ ?
Image
နေ့စဉ် လူအများနဲ့ တွေ့ဆုံကြတဲ့အခါ ဘယ်သူက ဘယ်လိုစိတ်ထားရှိလဲ အချိန်တိုအတွင်း မသိနိုင်ပါဘူး။ အကောင်းမြင်သမားနဲ့တွေ့ရင် ကိုယ့်စိတ်က အလိုလို အေးချမ်းပြီး သူနဲ့စကားပြောရတာကိုက  စိတ်ချမ်းသာရပေမယ့် အဆိုးမြင်သမားနဲ့ တွေ့ခဲ့ရင်တော့ ဘာလုပ်လုပ် စိတ်မကြည်တော့ပဲ ကိုယ့်အပေါ်ပါ အကျိုးသက်ရောက် စေပါတယ်။ ဒီတော့ ဘယ်လိုလူမျိုးက ကိုယ့်ကို အဆိပ်တောက်ဖြစ်စေမယ့် အဆိုးမြင်သမားလည်းဆိုတာ အချိန်တိုအတွင်း အဖြေထုတ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။  ကြည့်ရအောင်။ တစ်ပါးသူအတင်း အမြဲပြောနေသူ တယောက်နဲ့ တယောက်ဆုံရင် ကောင်းသတင်းတွေကြီးပဲ ဝေမျှတတ်တာ မဟုတ်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် တွေ့တာနဲ့ သူများ မကောင်းကြောင်းပဲ တရစပ် ပြောနေသူမျိုးက  ဘယ်လိုမှ အကောင်းမြင်သမား မဖြစ်နိုင်ပါဘူး။ ခုမှ စတွေ့တဲ့သူကိုတောင် တပါးသူ အတင်းပြောနေပြီဆိုရင် သင်သတိထားသင့်တဲ့ လူစာရင်းထဲ ထည့်ရမယ့်သူပါ။ စောဒက တက်လွန်းသောသူ ဘယ်နေရာမဆို တစ်ခုခုတော့ အထွန့်တက်တတ်တဲ့သူမျိုးက ပေါင်းသင်းအပ်တဲ့ မိတ်ဆွေထဲ မပါပါဘူး။ စောဒက တက်သင့်တဲ့နေရာ တက်ရမယ် ဆိုပေမယ့် အသေးအမွှားကအစ မကျေနပ်ဖြစ်နေပြီဆိုရင်  ကိုယ်ပါ သူ့အမူ အကျင့်တွေ မကူးအောင် အရော မဝင်ပါနဲ့။ လု...
သမ္မတနှင့် ဝန်ကြီးများ၏ ပိုင်ဆိုင်မှု တင်ပြပြီးဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန် ..!
Image
  အဂတိ၊ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက တိုက်ဆိုင်စစ်ဆေးရန်ဖြစ် သမ္မတနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုကို တင်ပြပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၈ ရက်တွင် ကြေညာသည်။ သမ္မတသည် မိမိဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်ဆိုင်မှုပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရခြင်းဖြစ်သည်။ အလာတူ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်လည်းကောင်း၊ အခြေခံဥပဒေအရလည်းကောင်း သမ္မတက ခန့်အပ်ထားသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များကလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုး နှင့်တကွ စာရင်းပြုစုပြီး သမ္မတထံ တင်ပြရခြင်းဖြစ်သည်။ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်တင်ပြခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ ‘‘ဒီအချိန်မှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ တင်ပြထားတာ။ အဂတိ လိုက်စားမှုသော် လည်းကောင်း၊ ပြဿနာတစ်စုံတစ်ရာသော်လည်းကောင်း ဖြစ်ပေါ်လာတယ်ဆိုရင် အဲဒါဖွင့်ပြီး တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်တယ်။ ဒါ ဥပဒေအရ’’ ဟု ၎င်းက ပြောကြားသည်။ သမ္မတ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကပင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို စိ...
အိုသွေး ပိုင်ရှင်များ ပြင်းထန်းစွာ ဒဏ်ရာရပါက သေဆုံးနိုင်ခြေမြင့် ...!
Image
သင်အိမ်မှာ အမြဲ လာဘ်လာဘပွင့်လန်းပြီး အိမ်အေးချမ်းပျော်ရွှင်သာယာအောင် ဒီအချက်လေးတွေကို လုပ်ဖြစ်အောင် လုပ်ကြည့်ပါ ...!
Image
(၁) ဘုရားပန်း နှင့် သောက်တော်ရေချမ်း ဆွမ်း ဆီမီး ကို အမြဲကပ်လှူပါ။ ဘုရားပန်းကိုလည်း မညှိုးနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။ သောက်တော်ရေချမ်းကို သတိရတိုင်း ကပ်လှူပါ။ (၂) ဘုရားရှိခိုးလျှင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းကျင်အတွင်းမှ မှီတင်းစောင့်ရှောက်နေထိုင်ကြသော သမာဒေ၀ နတ်ကောင်း နတ်မြတ်များ ၊ မြင်အပ် မမြင်အပ် သတ္တ၀ါများ အားလုံးကို မေတ္တာပို့ အမျှပေးဝေပါ။ (၃) အလွန် ကံညံ့ လာဘ်ပိတ်နေလျှင် ညသန်းခေါင် ပရိတ်ရွတ်ဖတ်ပေးပါ။ ည (၁၂) နာရီ နောက်ပိုင်းသည် နတ်ကောင်း နတ်မြတ်များ လူ့ပြည်သို့ လှည့်လည် ကြည့်ရှူချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျှင် ပို၍ ဆုတောင်းပြည့်စေပါတယ်။ (၄) အိမ်မှာ အဟောင်းအစုတ်တွေကို မထားပါနဲ့။ အချို့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အ၀တ်အစားတွေ ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။ အိမ်မှာ အဓိက လိုအပ်တဲ့ အရာတွေသာ ထားပါ။ (၅) အိမ်ကို တံမြတ်စည်း လှည်းလျှင် နံနက်ပိုင်း လှည်းကျင်းလျှင် အိမ်ရှေ့မျ အိမ်နောက်သို့ လှည်းပါ။  ညနေနှင့်ညဘက် လှည်းကျင်းလျှင် အိမ်နောက်မှ အိမ်ရှေ့သို့ လှည်းပါ။ (၆) မီးဖိုချောင်တွင်...
ကားထဲမှာဒီလိုပစ္စည်းထားရင် သင့်ကို ၁၅စက္ကန့်အတွင်းသေစေနိုင်တယ်ဆိုတာ သင်သိပါသလား ???
Image
အခုဗီဒီယိုကိုကြည့်ပြီး အော်သံတွေကိုကြားရတာနဲ့ ဘယ်လောက်တောင်ကြောက်ဖို့ ကောင်းလိုက်သလဲဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာပါသလဲ။ ဒီဗီဒီယိုထဲမှာ လူငယ်လေးတစ်ယောက်မီးခြစ်ခြစ်လိုက်တာနဲ့ ဘာလို့ဒီလိုဆိုးဆိုးရွားရွားဖြစ် သွားရပါသလဲ။ တရားခံကတော့ ကားထဲမှာအသုံးပြုတဲ့ ရေမွှေးပုလင်းပါ။ လူအတော်များများ ကားအတွင်းခန်းမွှေးစေရန်အတွက် ကားရေမွှေးပုလင်းကို နှစ်သက်စွာအသုံးပြုကြပါတယ်။ ဒါဟာ ချိန်ကိုက်ဗုံးတစ်လုံးဆိုတာ သိတဲ့လူအင်မတန်နည်းပါတယ်။ သင်ကိုယ်တိုင်လည်း ဒီကားရေမွှေးပုလင်းက ဘာလို့ပေါက်ကွဲနိုင်တဲ့အထိဖြစ်စေနိုင်တာသလဲဆိုတာ သိချင်နေမှာပါ။ အကြောင်းရင်းကတော့ ယခုလိုပူပြင်းလှတဲ့ရာသီဥတုဟာ ကားအတွင်းပိုင်းရှိအပူချိန်ကို ၅၆ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်စေပါတယ်။ အပြင်ကအပူချိန် ၄၀ဆိုသော်လည်း အလုံပိတ်ထားတဲ့ ကားအတွင်းပိုင်းရှိအပူချိန်ဟာ အလွန်ကိုမြင့်မားလွန်းလှပါတယ်။ သာမန်ကားရေမွှေးပုလင်းများရဲ့ အပူချိန်ကိုခံနိုင်စွမ်းအား တနည်းအားဖြင့် မီးလောင်မှတ်က ၄၅ ဒီဂရီစင်တီဂရိတ်အထိသာဖြစ်ပါတယ်။ ဒါကြောင့် အလုံပိတ်ထားတဲ့ ကားထဲ အပူချိန်မြင့်နေချိန် ၀င်ဝင်ခြင်း ...
သောကြာသား သမီးတွေအကြောင်း သိကောင်းစရာ
Image
သောကြာ နေ့အတွက် သောကြာသားသမီးတွေရဲ့ စိတ်နေစိတ်ထား အကြောင်းလေးတွေကို ဖော်ပြပေးသွားချင်ပါတယ် ။ သင်ဟာ သောကြာ သားသမီး တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဒီအကြောင်းအရာလေးတွေကို ဖတ်ကြည့်သွားပေးဖို့ မျှော်လင့်ပါတယ် ။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေကတော့ သောကြာနေ့ မွေးဖွားသူ အများစုရဲ့ စိတ်နေသဘောထားတွေပဲ ဖြစ်ပါတယ် ။ ကိုယ်နဲ့ ဘယ်အချက်တွေတူလဲဆိုတာ ကြည့်ကြည့်လိုက်ပါဦး… – သောကြာသားသမီးတွေဟာ အချစ် ၊ အလှအပ ၊ ငြိမ်းအေးမှု ၊ ပျော်ရွှင်မှုတို့ရဲ့ ရှေ့ပြေးနိမိတ်လေးတွေပါ။ သီချင်း ၊ ရုပ်ရှင် ၊ ပန်းချီ စသဖြင့် အနုပညာအလုပ်တွေကို အရမ်းနှစ်သက်ကြပါတယ် ။ – ပျော်ပျော်နေတတ်ပြီး အချစ်ရေးနှင့် ပတ်သတ်လာလျှင်တော့ အထိအခိုက် မခံနိုင်ကြတဲ့ သူတွေပါ။ အသည်းကွဲတဲ့ဒဏ်ကို ခံနိုင်ရည်မရှိကြသလို တစ်စုံတစ်ယောက်က ဝမ်းနည်းနာကြင်အောင် ပြုလုပ်လျှင်လည်း သူများထက်ပိုပြီး အချိန်ကြာ ခံစားနေတတ်ပါတယ်။ – မိန်းကလေးဆိုလျှင် EQ လို့ခေါ်တဲ့ ခံစားသိမြင်နိုင်တဲ့ နှလုံးစွမ်းရည် မြင့်မားတတ်ကြပါတယ် ။ ဒါ့ကြောင့်ပဲ အပေါင်းအသင်း သူငယ်ချင်း ပေါများတတ်ပါတယ် ။ ဘယ်အရာမဆို နားလည်လွယ်ပြီး စီးပွါးရေးအမြင်လည်း ကြွယ်ပါတယ်။ – အကယ်၍ ယောက်ျားလေးဆိုရင်တော့ ...