သင့္ေဘးနားကသူက အဆိုးျမင္သမား တေယာက္လားဆိုတာ ဘယ္လိုအကဲခတ္မလဲ ?

ေန႔စဥ္ လူအမ်ားနဲ႔ ေတြ႕ဆုံၾကတဲ့အခါ ဘယ္သူက ဘယ္လိုစိတ္ထားရွိလဲ အခ်ိန္တိုအတြင္း မသိႏိုင္ပါဘူး။ အေကာင္းျမင္သမားနဲ႔ေတြ႕ရင္ ကိုယ့္စိတ္က အလိုလို ေအးခ်မ္းၿပီး သူနဲ႔စကားေျပာရတာကိုက
 စိတ္ခ်မ္းသာရေပမယ့္ အဆိုးျမင္သမားနဲ႔ ေတြ႕ခဲ့ရင္ေတာ့ ဘာလုပ္လုပ္ စိတ္မၾကည္ေတာ့ပဲ
ကိုယ့္အေပၚပါ အက်ိဳးသက္ေရာက္ ေစပါတယ္။

ဒီေတာ့ ဘယ္လိုလူမ်ိဳးက ကိုယ့္ကို အဆိပ္ေတာက္ျဖစ္ေစမယ့္ အဆိုးျမင္သမားလည္းဆိုတာ အခ်ိန္တိုအတြင္း အေျဖထုတ္ႏိုင္မယ့္ နည္းလမ္းေတြရွိပါတယ္။
 ၾကည့္ရေအာင္။

တစ္ပါးသူအတင္း အၿမဲေျပာေနသူ

တေယာက္နဲ႔ တေယာက္ဆုံရင္ ေကာင္းသတင္းေတြႀကီးပဲ ေဝမွ်တတ္တာ မဟုတ္ဘူးဆိုတာ လက္ခံပါတယ္။ ဒါေပမယ့္ ေတြ႕တာနဲ႔ သူမ်ား မေကာင္းေၾကာင္းပဲ တရစပ္ ေျပာေနသူမ်ိဳးက
 ဘယ္လိုမွ အေကာင္းျမင္သမား မျဖစ္ႏိုင္ပါဘူး။ ခုမွ စေတြ႕တဲ့သူကိုေတာင္ တပါးသူ အတင္းေျပာေနၿပီဆိုရင္ သင္သတိထားသင့္တဲ့ လူစာရင္းထဲ ထည့္ရမယ့္သူပါ။

ေစာဒက တက္လြန္းေသာသူ

ဘယ္ေနရာမဆို တစ္ခုခုေတာ့ အထြန႔္တက္တတ္တဲ့သူမ်ိဳးက ေပါင္းသင္းအပ္တဲ့ မိတ္ေဆြထဲ မပါပါဘူး။ ေစာဒက တက္သင့္တဲ့ေနရာ တက္ရမယ္ ဆိုေပမယ့္ အေသးအမႊားကအစ မေက်နပ္ျဖစ္ေနၿပီဆိုရင္
 ကိုယ္ပါ သူ႔အမူ အက်င့္ေတြ မကူးေအာင္ အေရာ မဝင္ပါနဲ႔။ လုပ္ငန္းခြင္ တေနရာတည္းမို႔ ေတြ႕ေနရမယ္ဆိုရင္ေတာင္ ကိုယ္ေပါင္းစိတ္ခြာ ေနပါ။

အခြင့္ထူးခံ ျဖစ္ခ်င္သူ

ကိုယ့္ကိုကိုယ္ သူတစ္ပါးထက္ အခြင့္အေရး ရသင့္သူလိုပဲ အၿမဲျမင္ေနသူပါ။ ႀကိဳးစားသေလာက္နဲ႔ ရသင့္တဲ့ အခြင့္အေရး ရတာကို ဒီထက္မက ေလာဘတက္ေနတာ အဆိပ္အေတာက္ ျဖစ္ေစပါတယ္။
ဒီလိုအခြင့္ထူးခံ ျဖစ္ခ်င္သူေတြ ကိုယ့္အနားမွာရွိေနရင္ သတိထားေပါင္းပါ။

တပါးသူ စိတ္ဓာတ္က်ေအာင္ ခံစားမိေစသူ

နဂိုတည္းက ကိုယ့္အေျခအေနကိုယ္ စိတ္ဓာတ္က်ေနတဲ့သူဆိုရင္ ဒီလိုလူမ်ိဳး အနားမွာရွိရင္ သတ္ေသခ်င္စိတ္ေတာင္ ေပါက္သြားႏိုင္ပါတယ္။
က်ေနတဲ့စိတ္ကို အေကာင္းအတိုင္းျပန္ျဖစ္ဖို႔ စိတ္ခြန္ အားရမယ့္အစား လက္ရွိ အေျခအေန ကေတာင္ ထိုးဆင္းသြားႏိုင္တာမို႔ ဒီလိုလူမ်ိဳး သင့္ေဘးနားမွာ ရွိေနတာဟာ ဆိုးက်ိဳး သက္ေရာက္ေစပါတယ္။

တပါးသူအတြက္ ဘယ္ေတာ့မွ ထည့္မစဥ္းစားတတ္သူ

ကိုယ့္အတြက္ပဲ ၾကည့္တတ္တဲ့ တကိုယ္ေကာင္းသမားေတြပါ။ တျခားသူရဲ႕ ခံစားခ်က္ ေဝဒနာေတြကို လ်စ္လ်ဴ ရႈတတ္တဲ့အျပင္ စိတ္လည္းမဝင္စားတတ္သူေတြမို႔ သူတို႔နဲ႔ေဝးရာမွာပဲ ေနပါ။

Ref: Ideapod


Credit : The Irrawaddy


#Unicode Version#

နေ့စဉ် လူအများနဲ့ တွေ့ဆုံကြတဲ့အခါ ဘယ်သူက ဘယ်လိုစိတ်ထားရှိလဲ အချိန်တိုအတွင်း မသိနိုင်ပါဘူး။ အကောင်းမြင်သမားနဲ့တွေ့ရင် ကိုယ့်စိတ်က
အလိုလို အေးချမ်းပြီး သူနဲ့စကားပြောရတာကိုက စိတ်ချမ်းသာရပေမယ့် အဆိုးမြင်သမားနဲ့ တွေ့ခဲ့ရင်တော့ ဘာလုပ်လုပ် စိတ်မကြည်တော့ပဲ
ကိုယ့်အပေါ်ပါ အကျိုးသက်ရောက် စေပါတယ်။

ဒီတော့ ဘယ်လိုလူမျိုးက ကိုယ့်ကို အဆိပ်တောက်ဖြစ်စေမယ့် အဆိုးမြင်သမားလည်းဆိုတာ အချိန်တိုအတွင်း အဖြေထုတ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။
 ကြည့်ရအောင်။

တစ်ပါးသူအတင်း အမြဲပြောနေသူ

တယောက်နဲ့ တယောက်ဆုံရင် ကောင်းသတင်းတွေကြီးပဲ ဝေမျှတတ်တာ မဟုတ်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် တွေ့တာနဲ့ သူများ မကောင်းကြောင်းပဲ
တရစပ် ပြောနေသူမျိုးက ဘယ်လိုမှ အကောင်းမြင်သမား မဖြစ်နိုင်ပါဘူး။ ခုမှ စတွေ့တဲ့သူကိုတောင် တပါးသူ အတင်းပြောနေပြီဆိုရင် သင်သတိထားသင့်တဲ့
လူစာရင်းထဲ ထည့်ရမယ့်သူပါ။

စောဒက တက်လွန်းသောသူ

ဘယ်နေရာမဆို တစ်ခုခုတော့ အထွန့်တက်တတ်တဲ့သူမျိုးက ပေါင်းသင်းအပ်တဲ့ မိတ်ဆွေထဲ မပါပါဘူး။ စောဒက တက်သင့်တဲ့နေရာ တက်ရမယ် ဆိုပေမယ
့် အသေးအမွှားကအစ မကျေနပ်ဖြစ်နေပြီဆိုရင် ကိုယ်ပါ သူ့အမူ အကျင့်တွေ မကူးအောင် အရော မဝင်ပါနဲ့။ လုပ်ငန်းခွင် တနေရာတည်းမို့ တွေ့နေရမယ်ဆိုရင်တောင်
ကိုယ်ပေါင်းစိတ်ခွာ နေပါ။

အခွင့်ထူးခံ ဖြစ်ချင်သူ

ကိုယ့်ကိုကိုယ် သူတစ်ပါးထက် အခွင့်အရေး ရသင့်သူလိုပဲ အမြဲမြင်နေသူပါ။ ကြိုးစားသလောက်နဲ့ ရသင့်တဲ့ အခွင့်အရေး ရတာကို ဒီထက်မက လောဘတက်နေတာက
 အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒီလိုအခွင့်ထူးခံ ဖြစ်ချင်သူတွေ ကိုယ့်အနားမှာရှိနေရင် သတိထားပေါင်းပါ။

တပါးသူ စိတ်ဓာတ်ကျအောင် ခံစားမိစေသူ

နဂိုတည်းက ကိုယ့်အခြေအနေကိုယ် စိတ်ဓာတ်ကျနေတဲ့သူဆိုရင် ဒီလိုလူမျိုး အနားမှာရှိရင် သတ်သေချင်စိတ်တောင် ပေါက်သွားနိုင်ပါတယ်။
ကျနေတဲ့စိတ်ကို အကောင်းအတိုင်းပြန်ဖြစ်ဖို့ စိတ်ခွန်အားရမယ့်အစား လက်ရှိ အခြေအနေ ကတောင် ထိုးဆင်းသွားနိုင်တာမို့ ဒီလိုလူမျိုး
သင့်ဘေးနားမှာ ရှိနေတာဟာ ဆိုးကျိုး သက်ရောက်စေပါတယ်။

တပါးသူအတွက် ဘယ်တော့မှ ထည့်မစဉ်းစားတတ်သူ

ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့ တကိုယ်ကောင်းသမားတွေပါ။ တခြားသူရဲ့ ခံစားချက် ဝေဒနာတွေကို လျစ်လျူ ရှုတတ်တဲ့အပြင် စိတ်လည်းမဝင်စားတတ်သူတွေမို့
သူတို့နဲ့ဝေးရာမှာပဲ နေပါ။

Ref: Ideapod


Credit : The Irrawaddy

Comments

Popular posts from this blog

ေသာၾကာ သားသမီးေလးေတြ အေၾကာင္း...!

ဆီဆိုင္က ဝန္ထမ္းေတြ အမ်ိဳးသမီးအိမ္သာကို ေနာက္ကေခ်ာင္းၾကည့္ေနၾကတယ္တဲ့ .. လမ္းခရီးသြားတဲ့ အမ်ိဳးသမီးမ်ား သတိထားၾကပါ။

အသည္းတယားယားနဲ႔ ၾကည့္ရမယ့္ ေနျခည္ဦးရဲ႕ပံုေလးေတြ