Posts
Showing posts with the label လူမှုဘဝ
မိန်းမတစ်ယောက်အတွက် အရမ်းချစ်ပြတတ်တဲ့ ယောက်ျားမလိုဘူး ...!
Image
ယောင်္ကျား တစ်ယောက်က အရမ်း ချစ်ပြတတ်ဖို့ မလိုဘူး.. တာဝန် သိတတ်ဖို့ပဲ လိုတယ်.. တာဝန် သိတတ်မှ တာဝန်ယူတတ်တာ.. တာဝန် သိတတ်တယ် ဆိုတာ... ကိုယ်နဲ့ တွဲနေတယ်လို့ ပတ်ဝန်းကျင်က အသိအမှတ် ပြုထားတဲ့အတွက် သူမရဲ့ သိက္ခာကို ထည့်တွက်ရမယ်.. ကိုယ်နဲ့ တွဲခဲ့တဲ့ ကာလတလျောက် သူမရဲ့ ရယ်ခြင်း ငိုခြင်း စိတ်ခံစားချက် ပေါင်းစုံနဲ့ သူမရဲ့ အချိန်တွေ ကိုယ့်ကြောင့် ကုန်ဆုံးခဲ့ရတာကို ထည့်တွက် တတ်ရမယ်.. ကိုယ်နဲ့ တွဲနေလို့ သူမအပေါ် ကိုယ့်ထက် ကောင်းနိုင်မယ့် လူမျိုးကို ငြင်းပယ် ခဲ့ရတာတွေကိုလည်း ထည့်တွက်ပေး တတ်ရမယ်.. နောက်ဆုံး နဖူးလေး နမ်းတာ လက်ကလေး ကိုင်တာက အစ သူမရဲ့ အသွေးအသား အရေပြားကို ထိတွေ့ သုံးစွဲခဲ့တာတွေလည်း ထည့်တွက်ပေး တတ်ရမယ်.. အတိတ်တွေ လက်ညှိုးထိုးပြီး လမ်းခွဲဖို့ စိတ်ကူးထားရင်တော့ အစကတည်းက မပတ်သတ်နဲ့ သူမကို ချစ်မိပြီဆိုရင် သူမရဲ့ ကောင်းခြင်းဆိုးခြင်းတွေ သူမရဲ့ ဖြစ်တည်ခြင်းတွေကိုလည်း ချစ်တတ်ရမယ်.. အမြဲတမ်း အရမ်းချစ်နိုင်ဖို့ ဆိုတာ တသက်လုံးအတွက် မသေချာဘူး ချစ်တဲ့အချိန်ရှိသလို မချစ်တော့တဲ့ အချိန်ဆိုတာလည်း ရှိလာနိုင်တာပဲ.. တာဝန်သိတတ်တဲ့ ယောက်ျားကသာ ချစ်နေသေးသည်ဖြစ်စေ မချစ်တော့ဘူးဖြစ်စေ ကိုယ့်ကို ဘဝတလျှောက်လုံး စိတ်ချလ...
ဘွဲ့ရပြီး အလုပ်ခွင်ဝင်မည့်သူတိုင်း သိထားသင့်သည့် အချက်(၅)ခု
Image
တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရပြီး လက်တွေ့လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြသူတိုင်း တစ်ခါတည်း လွယ်ကူရိုးရှင်းတဲ့ လုပ်ငန်းခွင်အောင်မြင်မှုကို ရရှိနိုင်ကြတာမဟုတ်ပါဘူး။ ဘာတက္ကသိုလ်ဖြစ်ဖြစ်၊ ဘာပညာရပ်ဆိုင်ရာဘွဲ့ဖြစ်ဖြစ် လက်တွေ့လောကရဲ့ စိန်ခေါ်မှုတွေကို ဖြတ်သန်းဖို့ လိုပါသေးတယ်။ ဒါ့ကြောင့် ဘွဲ့ရပြီး အလုပ်ခွင်ဝင်မယ့်သူတိုင်းအတွက် လုပ်ငန်းခွင်မှာ အဆင်ပြေတိုးတက်မှုတွေ ရရှိစေနိုင်ဖို့ သိထားသင့်တဲ့ အချက်(၅)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ အကူအညီပေးနိုင်သူတွေကို ရှာဖွေပါ ဘွဲ့ရပြီးခါစမှာ လုပ်ငန်းခွင်ဝင်သူတွေအနေနဲ့ အလွယ်တကူမအောင်မြင်ရတဲ့အကြောင်းရင်းက သူတို့ကို ကူညီပံ့ပိုးပေးနိုင်သူတွေ မရှိတာကြောင့်ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ တကယ်အားကိုးအားထားပြုလို့ရနိုင်တဲ့ မိတ်ဆွေတွေ၊ လိုအပ်တာကို သင်ကြားပြသပေးနိုင်မယ့်သူတွေကို ရှာဖွေပြီး အချိန်ရော လုပ်အားကိုပါ အလဟဿဖြစ်စေနိုင်သူတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ၂။ ပထမဆုံးအလုပ်က တသက်လုံးလုပ်ရမှာ မဟုတ်ဘူး ဘွဲ့ရပြီးခါစအလုပ်ဝင်သူ လူငယ်အများစုနဲ့ သူတို့ရဲ့မိဘတွေဟာ ပထမဆုံးအလုပ်ရှာတဲ့အခါမှာ ပြီးပြည့်စုံတဲ့ အလုပ်အကိုင်တစ်ခုရဖို့ကို အာရုံစိုက်တတ်ကြပါတယ်။ တကယ်တော့ လုပ်ငန်းခွင်အခြေအနေပေါ်မှာ...
၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်းတစ်ခု
Image
မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ တစ်ခါတစ်လေ မျက်နှာပေါ်မှာ အမဲစက်ကြီးတွေမြင်နေရရင်ကို လူက စိတ်မကြည်မသာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတောင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတတ်ပါတယ်။ အဲ့ဒီ့အတွက် စာရေးသူဆေးတစ်ခုရှာတွေ့ထားတယ်။ ခက်တယ်မထင်လိုက်နဲ့။ မီးဖိုချောင်မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။ အဲ့ဒါကတော့ အာလူးသံပုယို ရေခဲတုံးပါ။ သံပုယိုသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။အဲ့ဒီ့ပါဝင်ပစည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။ ပါဝင်ပစ္စည်းများ အာလူး -၁လုံး တလဲသီး- ပန်းကန်လုံး တစ်ဝက် သံပုယိုသီး- တစ်ခြမ်း ရေခံပုံစံခွက် -တစ်ခု ပြုလုပ်နည်း အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး ခြစ်ခွက်နဲ့ ခြစ်လိုက်ပါ။ ပြီးတာနဲ့ ဖော်ျရည်ကြိတ်စက်ထဲ ခြစ်ပြီးသားအာလူး၊ တလဲသီးများ နှင့် သံပုရာရည်ရောထည့်ပြီး ရေတစ်ဇွန်းပါထပ်လောင်းထည့်လိုက်ပါ။ ဇွန်းနဲ့အသာအယာမွှေပေးပြီးတာနဲ့ ကြိတ်ပစ်လိုက်ပါ။...
ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့နည်းလမ်းကောင်း
Image
အိမ်ထောင်ကျပြီးနောက်ပိုင်း အိပ်မက်တွေကို လွှင့်မပစ်လိုက်ပါနဲ့
Image
အိမ်ထောင်သည်ဘ၀ရောက်သွားကြတဲ့ အမျိုးသားအမျိုးသမီးတွေအနေနဲ့ လူပျို၊အပျိုဘ၀တုန်းက ဘ၀နဲ့ပတ်သက်ပြီး ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ စိတ်ကူး အိမ်မက်တွေကို အကြောင်းကြောင်းကြောင့် အကောင်အထည်မဖော်နိုင်တော့တာ များပါတယ်။ ကျွန်မအနေနဲ့လည်း လက်ထပ်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါ မိဘဆရာတွေရဲ့သွန်သင်မှုကြောင့်အိမ်မက်တွေ ပျောက်ဆုံးမသွားအောင်ကြိုးစားခဲ့ရတာတွေရှိတယ်။ ဖေဖေက ကျွန်မကို ပြောတယ်။ “အိမ်ထောင်ကျသွားလို့ အိမ်ရှင်မဘ၀နဲ့ရပ်တန့်သွားမှာကိုတော့မဖြစ်စေချင်ဘူး၊ သမီးဘယ်လောက်ထိ တက်လှမ်းနိုင်မလဲ…အမြင့်ဆုံး၊ ထိပ်ဆုံးကို တက်ချင်သလား၊ တက်ပါ၊ အိမ်ထောင်ရေးကြောင့် မတက်နိုင်တော့ဘူးဆိုတာတော့ အဖြစ်မခံပါနဲ့သမီးရယ်" လို့ ဖေဖေကပြောတော့ ကျွန်မမျက်ရည်ဝဲခဲ့ ရတယ်။ ဒီလိုပဲ အသက် ၂၆ နှစ်အရွယ်မှာ သမီးချစ်သူနဲ့ လက်ထပ်တော့မယ် ဖေဖေဆိုတဲ့စိတ်ဆန္ဒကိုလည်း မပြုပါနဲ့ သမီးရယ်၊ ငယ်ပါသေးတယ်၊ မျှော်လင့်ချက်တွေ ပြည့်အောင် ကြိုးစားလိုက်ပါဦးလို့ ပြောမထွက်ရက်ဘူး ထင်ပါရဲ့။ ဆရာလူထုစိန်ဝင်းကတော့ ကျွန်မကို ဗြောင်ပဲဖွင့်ပြောပြီး တားမြစ်ပါတယ်။ “မင်း ငယ်ပါသေးတယ်ကွာ၊ မင်းက တစ်စုံတစ်ယောက်ဖြစ်လာနိုင်တဲ့ မိန်းကလေးပဲ။ ဘာဖြစ်လို့အိမ်ထောင်ပြုတော့...
ထီးတစ်ချောင်းဝယ်တော့မယ်ဆို ဘာတွေစဉ်းစားရမလဲ?
Image
ထီးဝယ်တာများ ဘာဆန်းလို့လည်း ရော့ပိုက်ဆံ၊ ပေးထီး ဂွက်၊ ဂွက်ဆို ပြီးနေတာပဲဟာလို့ မထင်ပါနဲ့။ ယခုလို လေကြမ်း၊ မိုးကြမ်း မိုးတွင်းကာလမှာ သင့်ရဲ့ရာသီဥတုဒဏ်က ကာကွယ်ပေးမယ့် ထီးတစ်ချောင်းဟာ အရမ်းကိုအရေးပါပါတယ်။ ဘယ်သွားသွား သွားလေရာယူသွားရမယ့် ထီးလေးဟာ သင့်ရဲ့အိတ်ဆောင်ကိုယ်ရံတော်လေးပါ။ ဒီတော့ ဒီကိုယ်ရံတော်လေးရဲ့ အရည်အချင်းတွေကို အကဲဖြတ်ဆန်းစစ်ဖို့ လိုအပ်လာပါတယ်။ ထီးတစ်ချောင်းဝယ်တော့မယ်ဆို ဘာတွေစဉ်းစားရမလဲဆိုတော့... ၁ - ဖရိန်ကောင်းကောင်း အပြင်သွားတုန်း ရုတ်တရက်မိုးတွေ ရွာလာလေတွေတိုက်လာလို့ ထီးကိုဖွင့်လိုက်တဲ့အခါ ဂွမ်းခနဲ့လန်ထွက်သွားရင် ရှက်စရာကြီးဖြစ်ပါပြီ။ လူတွေကလည်း ၀ိုင်းကြည့်ကြတော့မှာဖြစ်သလို၊ မိုးရေတွေလည်း စိုစိုရွှဲသွားပါလိမ့်မယ်။ ဒီတော့ မိုးတွင်းအတွက် ထီးဝယ်မယ်ဆို ဖရိန်ကောင်းကောင်၊ တောင့်တောင့်တင်းတင်းထီးကိုဝယ်ပါ။ ၂ - ဒီဇိုင်းကာလာ ဘာညာအနေအထား အထူးသဖြင့် မိန်းကလေးတွေအတွက်ဆို ဒီအချက်က အရေးကြီးပါတယ်။ သင်ကြိုက်သောအရောင်၊ သင်ကြိုက်သော ဒီဇိုင်းဖြစ်မှသာ အမြဲအသုံးပြုချင်စိတ်ရှိမှာပါ။ ဒါ့အပြင် မိုးရာသီဖက်ရှင်တွေထဲမှာ ခေါက်ထီးလှလှလေး၊ အရောင်တောက်တောက်လေးတွေလည်း ပါဝင်တာမို့ သူများထက် အဆန်းဆုံး အလန်းဆ...
ပိုက်ဆံကို သုံးသင့်တဲ့နေရာ(၅)မျိုးနဲ့ မသုံးသင့်တဲ့နေရာ(၅)မျိုး
Image
ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို  ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို  ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။ ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့ ၁။ အီလက်ထရောနစ် ပစ္စည်းများ ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်  ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။ ၂။ အိမ်အလှဆင် ပစ္စည်းများ လူတိုင်းကတော့ကိုယ်အိမ် လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။ ၃။ Fancy လက်ဝတ်ရတနာများ လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရ...
လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ပိုလိုတိုး၍ ချစ်နိုင်ကြပါစေ. .. (ဒီစာလေးကို နေ့တိုင်းဖတ်မယ်)
Image
ဒီစာလေးကိုနေ့တိုင်းဖတ်မယ် …❤️ ကျွန်မတို့ ချစ်တဲ့သူမှန်သမျှ တစ်နေ့ တော့ သေဆုံးရလိမ့်မယ် 😢😢😢 အမေသာ သေသွားရင် .... အဖေသာသေသွားရင် .... ယောကျာ်းသာသေသွားရင် .... မောင်လေးသာ သေသွားရင် ..... ခွေးလေးသာ သေသွားရင် .... စသည်ဖြင့်.... ကိုယ် ချစ်တဲ့ ..သူတွေကွယ်လွန်သွားမှာကို ကျွန်မတို့ တွေးမိတိုင်း အပူကြီးပူပန်တတ်ကြပါတယ် ။ ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့ ကံတရားကို တားဆီးလို့ မရနိုင်ပါ ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူ မှအတပ်မပြောနိုင် ! Expired Date လို့ ခေါ်တဲ့ ကျွန်မတို့ ရဲ့ သက်တမ်း ကုန်ဆုံးရက်ဟာ နောက်ထပ် ၁ပတ်ပဲကျန်တော့တာ ဖြစ်နိုင်သလို အနှစ်၃၀လောက်မှ ရောက်လာတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ချစ်တဲ့သူတွေ အရင်သေတာဖြစ်နိုင်သလို ကိုယ်က သူတို့ ထက် အရင် သေသွားတာမျိုး လည်းဖြစ်နိုင်တာပဲလေ။ မသိနိုင်တဲ့အရာတစ်ခုကို ကြိုတွေးပြီး ကြောက်လန့် စိတ်ပူနေမဲ့အစား အသက်ရှင် ကျန်းမာလျက် အတူတူ ရှိနေခိုက်မှာ ပိုချစ်ဖို့ လိုပါတယ် ။ အမေ့ဆီ ဖုန်းမဆက်မိတာကြာပြီလား? ခုပဲဆက်လိုက်ပါ။ အဖိုးအဖွား အိမ်မရောက်တာကြာပြီလား? ခုပဲသွားတွေ့ လိုက်ပါ။ မောင်နှမအချင်းချင်း ကတောက်ကဆဖြစ်ထားလား? ခုပဲပြန်ခေါ်...
အချစ်ဦးပေမယ့် လက်ထပ်ဖို့အထိ ရည်ရွယ်ထား တယ်လို့ ပြောလိုက်တဲ့ မော်ဒယ်အဆိုတော် ဆန်းသစ်လ
Image
ဆီဆိုင်က ဝန်ထမ်းတွေ အမျိုးသမီးအိမ်သာကို နောက်ကချောင်းကြည့်နေကြတယ်တဲ့ .. လမ်းခရီးသွားတဲ့ အမျိုးသမီးများ သတိထားကြပါ။
Image
အမျိုးသမီးအိမ်သာကိုနောက်ကချောင်းကြည့်နေကြတဲ့ မုတ္တမ Max ဆီဆိုင်က ဝန်ထမ်းတွေတဲ့ မွန်ပြည်နယ် မုတ္တမ Max ဆီဆိုင် အမျိုးသမီး အိမ်သာ နောက်က ချောင်းကြည့်နေတဲ့ ဝန်ထမ်းများ တော်တော်ကို ရွံ့စရာကောင်းတဲ့ အောက်တန်းစားကောင်တွေ၊ ရှေ့မှာ ဘုရားဖူးကား တစ်စီးလာတယ်၊ အဲ့ကားက အကုန်လုံးအိမ်သာဝင်ပြီး ပြန်ထွက်သွားတော့မှ သူတို့ဆိုင်က ဝန်ထမ်းတစ်ယောက်က အိမ်သာနောက်ထဲသွားတော့ ဘာများလဲ ဆိုပြီး ဆက်ကြည့်နေတာ။ အိမ်သာ နောက်လမ်းကြားထဲကို ခဲနဲ့ပေါက်ပြီး ရီနေတော့ သဘောပေါက်လိုက်ပြီ။ ခဏနေတော့ အိမ်သာ နောက်ပြတင်းပေါက်ကနေသူတို့ ဝန်ထမ်းတစ်ဦး ခုန်ဆင်းလာရော။ အဲ့မှာ ခုနကခဲနဲ့ပေါက်တဲ့တစ်ယောက်က မင်းအသက် ၅၀ ကျော်တွေလဲ အလွတ်မပေးဘူးလား၊ ကြိုးစားလှချည်လား ဟ တဲ့။  စောနက ဘုရားဖူးကားက အဒေါ်အရွယ် ၊ အဘွား အရွယ်တွေ များတာကိုး .. အိမ်သာနောက်က ချောင်းကြည့်တော့ အပေါ့အလေး စွန့်နေတဲ့ ဖင်တွေပဲ မြင်ရမှာပေါ့။ အဲ့ဒါကိုတောင် အရသာခံပြီး တဏှာမီးတောက်နေတယ်ဆိုတော့ ဘယ်လောက်အောက်တန်းကျလဲ တွေးသာကြည့်တော့။ Ph နဲ့ လဲ ရိုက်ရင် ရိုက်နေမှာပဲ။ ကိုယ့်ဆိုင်ကို လာတဲ့ Customer ကို သားကောင်လိုသဘောထားပြီး တဏှာ မီးတောက်နေတဲ့ ဝန်ထမ်းတွေကို ဆိုင်မှာ ဆက်မထားသင့်ဘူး။ ပြင်...
အိမ်ထောင်ရေးမှာ ထီပေါက်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ကြည်လဲ့လဲ့ဦး
Image
ဒီနေ့(မေလ၂၉ရက်)လေးက သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ရဲ့ အိမ်ထောင်သက်တမ်း(၁၄)နှစ်ပြည့်တဲ့နေ့လေးပါ။ သူတို့နှစ်ဦး ဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင်တွေ ဖြစ်ကြပြီး ၂၀၀၅ခုနှစ် မေလ(၂၉)ရက်နေ့က ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာလည်း ဇနီးမောင်နှံနှစ်ဦးဟာ သူတို့ရဲ့ ဖေ့စ်ဘွတ်မှာ အပြန်ပြန်အလှန်လှန် ချစ်ကြောင်းလေးတွေ ဆိုထားကြပါတယ်။   ဇာနည်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇနီးသည် ကြည်လဲ့လဲ့ဦးအတွက် ယခုလိုလေး ရေးသားထားတာတွေ့ရပါတယ်။ "သို့..... မိန်းမ​ရေ.. အများကြီးမ​ပြော​တော့ဘူး​နော်​... မင်းကို... #မင်္ဂလာဦးမှာ တုန်းကထက်​ အခု... #ပိုချစ်​တယ်​.... တစ်​လက်​စထဲ​ပြောချင်​တာက... #မင်းထက်​ငါက... အများကြီး #ပိုချစ်ပါတယ်​"""""" မင်္ဂလာနှစ်​ပါတ်​လည်​ (၁၄)နှစ်​ပြည့်​ အမှတ်​တရ..." ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ထည့်သွင်းထားတဲ့ မင်္ဂလာဦးမှာ သီချင်းလေးကိုလည်း တင်ထားပါတယ်။ ဇာနည်လိုပဲ မင်္ဂလာနှစ်ပတ်လည်နဲ့ ပတ်သက်ပြီး ကြည်လဲ့လဲ့ဦး ရင်တွင်းစကားလေးကလည်း ချစ်ဖို့ကောင်းလှပါတယ်။ သူပြောထားတဲ့ စက...
သင့် ဖုန်းမှာ ဘယ်တော့မှ Storage မပြည့်သွားစေမယ့် နည်းလမ်း (၃) ခု ....!
Image
ဘယ်ဖုန်းမဆို သုံးတဲ့ အချိန်ကြာတာနဲ့အမျှ ဓါတ်ပုံ၊ ဗီဒီယို၊ App Data အပါအ၀င် အခြား ဒေတာများစွာဖြင့် ပြည့်သွားကြမှာပါ။ သင့် ဖုန်းမှာ Storage ပြည့်သွားလို့ ဒေတာများ သိမ်းလို့ မရတော့ပါဘူးလို့ ဖုန်းက အသိပေးတဲ့ အချိန်ကတော့ စိတ်ညစ်စရာ အကောင်းဆုံး အချိန်ပါ။ ဒီိလို အဖြစ်မျိုး ဘယ်တော့မှ မကြုံရအောင် နည်းလမ်းကောင်း (၃) ခုကို ပြောပြချင်ပါတယ်။ ၁။ သန့်ရှင်းရေး အမြဲလုပ်ပါ။ ဖုန်းရဲ့ Internal Storage ကို App Data, Cached Data (System Cache , App Cache ) နဲ့ User Data (Music, Photos , Videos ) များက အဓိက စားသုံးထားကြပါတယ်။ မလိုအပ်တဲ့ ဖိုင်များ ၊ မသုံးတဲ့ Apps များ၊ Caches များကို ရှာဖွေပြီး ဖျက်ပစ်နိုင်ပါတယ်။ သင် ကိုယ်တိုင် မရှာချင်ရင်တော့ App များကို သုံးပါ။ SD Maid က အဲဒီ အလုပ်များကို အလိုအလျှောက် လုပ်နိုင်ပါတယ်။ ES File Explorer ကတော့ Android File System ကို အတွင်းကျကျ ၀င်ရောက်လေ့လာပြီး သင် Uninstall လုပ်ထားတဲ့ Apps များရဲ့ အကြွင်းအကျန်များကို ရှင်းလင်းပေးနိုင်ပါတယ်။ User Data (Music, Photos , Videos ) များကိုတော့ သင့် ဖုန်းကနေ ကွန်ပြူတာထဲ ပြောင်းသိမ်းနိုင်ပါတယ်။ အဲဒီ ဒေတာများဟာ သင့် ဖုန်းရဲ့ DCIM , ...
လက်ရှိချစ်သူလေးနဲ့ အတိတ် ရေစက်ပါ ၊ မပါ သိနိုင်မယ့် အချက် (၄) ချက် ...!
Image
အတိတ်ရေစက်သာ ပါလာခဲ့ရင် ကြံဖန်ပီး ဆုံရသလိုပဲ ရေစက်မပါခဲ့ရင် ကြံဖန်ပီး လွဲတယ် ဆိုတဲ့ စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းက ရေစက်ပါလို့ တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘ၀က ဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ ဆုတောင်းတွေကြောင့် အခုဘ၀မှာ လက်တွဲဖော် အနေနဲ့ ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ် တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်း ချစ်မိတဲ့ အချစ်ဆိုတာ အတိတ်ဘ၀က ရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်လို့ ယုံကြည်ထားကြပါတယ်။ သူနဲ့ ကိုယ်နဲ့ ရေစက်ပါလား ဆိုတာကို သိနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။ (၁) ပထမဆုံး ဆုံတွေ့တဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ ပထမဆုံး စတွေ့တဲ့ အချိန်မှာ အရင်ထဲက တွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာ မြင်ဖူးခဲ့သလို စိတ်ထဲမှာ ရင်းနှီးနေတဲ့ ခံစားချက်မျိုး ရလိုက်တာပါ။ မြင်မြင်ချင်း ချစ်မိတာမျိုး မဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ် အလလက ခင်မင်ခဲ့ဖူးသလိုမျိုး    သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ အမှန်တကယ် ရှေးရေစက်သာ ဆိုရင် စိတ်ချပါ သင့်အချစ်က တစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုပဲ တစ်ထပ်တည်း ခံစားရမှာပါ။ (၂) ...
သင့် နာမည် အစ စာလုံးတွေက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း ...!
Image
လူတစ်ယောက်ရဲ့ နာမည်ဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်လေးတွေကို ဖော်ပြလေ့ရှိတယ်လို့ ယုံပါရဲ့လား။ ဥပမာ သူ့နာမည်က Su Su ဆိုရင် နာမည်အစ စာလုံးက S ပေါ့နော်။ သူ့ရဲ့နာမည်အစစာလုံး ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ နာမည်အစစာလုံးကိုကြည့်ပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာ  အောက်က အချက်တွေ မှန် မမှန် အကဲခတ်ကြည့်ရအောင်ပါ။ A, H, I, O, Y ဂျိုကာနဲ့ တူတဲ့လူတွေပါ။ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတွေပေါ့။ ဒါပေမဲ့ သူတို့ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ တခြားစိတ်ခံစားချက်တွေကို ဘယ်သူမှမသိအောင် ကြိတ်ခံစားပြီး ကိုယ့်ကြောင့် သူများစိတ်မညစ်အောင် နေတတ်ကြသူတွေဖြစ်တယ်။ အမြဲတမ်းပျော်ပျော်နေပြတတ်တော့ လူချစ်လူခင်ပေါတယ်။အလုပ်အကိုင်နဲ့ပတ်သက်ရင် ကံကောင်းတယ်။ အချစ်ရေးမှာ ကျန်ရစ်ဖြစ်ခဲ့ရတာများတယ်။ စိတ်ခံစားလွယ်တဲ့အထဲမှာလည်း ပါတယ်။ B, C, L, M, N သူတို့ကျတော့ လက်ဆောင်ဘူးနဲ့တူတယ်။ အထဲမှာ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းဖို့မလွယ်ဘူး။ သူတို့ရဲ့စိတ်နေစိတ်ထားကိုလည်း တော်ရုံနဲ့မသိရဘူး။ မသိရအောင်လည်းနေတယ်။ ရုပ်မချောတာတောင် ဆွဲဆောင်မှုရှိကြသူတွေပါ။ တစ်ယောက်တည်းနေတတ်ကြတယ်။ အချစ်ရေးမှာတော့ ကိုယ့်စိတ်ကိုယ်တောင် သေသေချာချာမသိလို့ ပြဿနာတွေ...
သင့် Android ဖုန်းထဲကနေ အခုချက်ချင်း ဖယ်ထုတ်ပစ်သင့်တဲ့ App (၅)မျိုး ...!
Image
စမတ်ဖုန်းထဲမှာ မလိုအပ်တဲ့ App တွေကိုထည့်ထားတာဟာ ဖုန်းရဲ့ သိုလှောင်နိုင်စွမ်းကို ထိခိုက်သလို ဖုန်းရဲ့စွမ်းဆောင်ရည်နဲ့ ဘက်ထရီသက်တမ်းကိုလဲ ထိခိုက်စေပါတယ်။ လိုအပ်သလောက်ပဲ ထည့်ထားတာ ကောင်းပါတယ်။ ဒီတော့ ဖုန်းထဲမှာ မလိုအပ်တဲ့အပြင် ဖုန်းကိုပါ အနှောက်အယှက်ပေးတာကြောင့် အခုချက်ချင်း သင့်ရဲ့ Android ဖုန်းထဲကနေ ထုတ်ပစ်သင့်တဲ့ App ၅မျိုးကို ပြောပြချင်ပါတယ်။ ၁။ RAM အစားသက်သာစေမယ်ဆိုတဲ့ App များ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ Appတွေက RAM နဲ့ ဘက်ထရီကို အများကြီး အသုံးပြုနေကြပါတယ်။ Memory ကို Boost လုပ်ပေးတဲ့ App တွေက နောက်ကွယ်က App တွေကို ပိတ်ပေးတာပါ။ ဒါဟာ ကောင်းတယ် ထင်ရပေမယ့် တကယ်တော့ ပိုဆိုးသွားစေပါတယ်။ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ App တွေကို သတ်လိုက်ပြီးနောက် သူတို့ကို ပြန်ဖွင့်ရင် Memory နဲ့ ဘက်ထရီက ထပ်ပြီး အလုပ်လုပ်ရပါတယ်။ ဒါဟာ သင့်ဖုန်းကို မတည်မငြိမ်ဖြစ်စေပါတယ်။ အဲဒီအတွက် Memory သက်သာစေတဲ့ App တွေဟာ ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။ ၂။ Clean Master လို သန့်ရှင်းရေး App များ Cached Data လို့ ခေါ်တဲ့ အမှိုက်ဖိုင်တွေကို ရှင်းလင်းပေးကြတဲ့ Cleaning App တွေက ဖုန်းရဲ့ စွမ်းရည်ကို တိုးတက်စေတယ်လို့ ဆိုကြပါတယ်...
A သွေးပိုင်ရှင်တွေရဲ့ ထူးခြားချက် (16) ချက် ...!
Image
(1) အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ် ကြပါသတဲ့… (2) သူတပါးကို နောက်ပြောင် ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့… (3) အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမယ့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… (4) တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့… (5) အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်… (6) အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက်      တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ်ပါ…      သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ… (7) နေ့စဉ် နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူး...
ဘဝနေနည်းများအရ အိမ်ထောင်ရေးမှာ အရေးကြီးဆုံး အချက်များ ...!
Image
ဒီကနေ့ခေတ်မှာတော့ အရင်ခေတ်တွေတုန်းကလို အိမ်ထောင်ဦးစီးတစ်ယောက်ကပဲ အလုပ်လုပ် ကျန်တစ်မိသားစုလုံးက လုံလောက်စွာ စားသောက်နေထိုင်လို့ မရတော့ပါဘူး။ ခေတ်မီတဲ့အရာတွေတိုင်းကို မက်မောတဲ့စိတ်တွေအတွက် နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလာနိုင်ဖို့ကတော့ အိမ်မှာ ရှိတဲ့လူတိုင်းက အလုပ် လုပ်မှ ရတော့တဲ့အချိန်မှာ ဘဝနေနည်းများအရ အိမ်ထောင်ရေးမှာ အရေးကြီးဆုံး အချက်များက ဘာတွေ ဖြစ်မလဲ ဆိုတာကို Marry ကနေ ပြောပြပေးချင်ပါတယ်။ ဝင်ငွေ ထွက်ငွေ မျှတခြင်း။ အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသားကော အမျိုးသမီးကော အလုပ်လုပ်တဲ့အတွက် ဝင်ငွေ ဆိုတာ ရှိသလို နေ့စဉ် စားသောက် နေထိုင်မှုတွေအတွက်ကလည်း ထွက်ငွေဆိုတာ ရှိလာပါတယ်။ အရေးကြီးတဲ့အချက်အနေနဲ့က ဝင်ငွေ ထွက်ငွေ မျှတဖို့ အရေးကြီးလှပါတယ်။ ဝင်ငွေနည်းတဲ့အချိန် ထွက်ငွေတွေကို သေချာ မထိန်းချုပ်နိုင်ရင်တော့ သိပ်ချစ်လို့ ၂ ယောက် တစ်ဘဝ တည်ထောင်ထားတဲ့ ကြည်နူးဖွယ် အိမ်ထောင်ရေးဆိုတာက မိသားစု လိုအင်တွေ မဖြည့်ဆည်းလာနိုင်တဲ့ အချိန် ပြတင်းပေါက်ကနေ တိတ်တိတ်ကလေး ထွက်သွားမှာမို့ပါ။ ကြည်နူးစရာကောင်းလှတဲ့ အိမ်ထောင်ရေးလေး ထွက်မသွားအောင်လို့ ဝင်ငွေ ထွက်ငွေမျှတအောင် ပြုလုပ်ပေးရမှာကတော့  ဘဝေ...