ဘဝေနနည္းမ်ားအရ အိမ္ေထာင္ေရးမွာ အေရးႀကီးဆံုး အခ်က္မ်ား ...!

ဒီကေန႔ေခတ္မွာေတာ့ အရင္ေခတ္ေတြတုန္းကလို အိမ္ေထာင္ဦးစီးတစ္ေယာက္ကပဲ အလုပ္လုပ္ က်န္တစ္မိသားစုလံုးက လံုေလာက္စြာ စားေသာက္ေနထိုင္လို႔ မရေတာ့ပါဘူး။ ေခတ္မီတဲ့အရာေတြတိုင္းကို မက္ေမာတဲ့စိတ္ေတြအတြက္ ေန႔စဥ္လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးလာႏုိင္ဖို႔ကေတာ့ အိမ္မွာ ရွိတဲ့လူတိုင္းက အလုပ္ လုပ္မွ ရေတာ့တဲ့အခ်ိန္မွာ ဘဝေနနည္းမ်ားအရ အိမ္ေထာင္ေရးမွာ အေရးႀကီးဆံုး အခ်က္မ်ားက ဘာေတြ ျဖစ္မလဲ ဆိုတာကို Marry ကေန ေျပာျပေပးခ်င္ပါတယ္။

ဝင္ေငြ ထြက္ေငြ မွ်တျခင္း။


အိမ္ေထာင္ေရးတစ္ခုမွာ အမ်ိဳးသားေကာ အမ်ိဳးသမီးေကာ အလုပ္လုပ္တဲ့အတြက္ ဝင္ေငြ ဆိုတာ ရွိသလို ေန႔စဥ္ စားေသာက္ ေနထိုင္မႈေတြအတြက္ကလည္း ထြက္ေငြဆိုတာ ရွိလာပါတယ္။
အေရးႀကီးတဲ့အခ်က္အေနနဲ႔က ဝင္ေငြ ထြက္ေငြ မွ်တဖို႔ အေရးႀကီးလွပါတယ္။ ဝင္ေငြနည္းတဲ့အခ်ိန္ ထြက္ေငြေတြကို ေသခ်ာ မထိန္းခ်ဳပ္ႏိုင္ရင္ေတာ့ သိပ္ခ်စ္လို႔ ၂ ေယာက္ တစ္ဘဝ တည္ေထာင္ထားတဲ့ ၾကည္ႏူးဖြယ္ အိမ္ေထာင္ေရးဆိုတာက မိသားစု လိုအင္ေတြ မျဖည့္ဆည္းလာႏိုင္တဲ့
အခ်ိန္ ျပတင္းေပါက္ကေန တိတ္တိတ္ကေလး ထြက္သြားမွာမို႔ပါ။ ၾကည္ႏူးစရာေကာင္းလွတဲ့ အိမ္ေထာင္ေရးေလး ထြက္မသြားေအာင္လို႔ ဝင္ေငြ ထြက္ေငြမွ်တေအာင္ ျပဳလုပ္ေပးရမွာကေတာ့
 ဘဝေနနည္းမ်ားအရ အိမ္ေထာင္ေရးမွာ အေရးႀကီးဆံုး အခ်က္ေတြထဲက တစ္ခ်က္ပဲ ျဖစ္ပါတယ္။
ေပ်ာ္ရႊင္စရာမိသားစုျဖစ္ဖို႔ မိသားစုဝင္တိုင္း လိုက္နာရမယ့္ စည္းကမ္းေတြကလည္း အေရးႀကီးပါေသးတယ္။

ထမင္း ဟင္း ခ်က္ျပဳတ္ျခင္း


အိမ္မွာ ခ်က္ျပဳတ္ေနတာက အခ်ိန္ကုန္ပါတယ္။ လူပင္ပန္းပါတယ္။ အျပင္ကေနပဲ ဝယ္စားလိုက္တာက သက္သာပါတယ္ဆိုၿပီး မွန္ပါတယ္။
ဒါေပမယ့္ အျပင္စားခ်ည္းပဲေတာ့ ေန႔တိုင္း စားႏိုင္မွာ မဟုတ္သလို အကုန္အက်မ်ားတာကလည္း သိသာလာမွာပါ။ အာ့တာေၾကာင့္ ကိုယ္တုိင္ ထမင္း ဟင္း ခ်က္ျပဳတ္တတ္ေအာင္ ျပဳလုပ္ထားရမွာပါ။
အျပင္စာ ဝယ္စားဖို႔ အဆင္မေျပတဲ့အခ်ိန္ေတြမွာ အိမ္မွာ ခ်က္ျပဳတ္စားေသာက္ေပးပါ။
အိမ္ေထာင္ဘက္ေတြၾကား အိမ္အလုပ္ကို အတူတူ ခြဲလုပ္  ေပးရင္း နားရက္၊ ပိတ္ရက္ေတြမွာ အတူတူ ခ်က္ျပဳတ္ေပးတာက စိတ္အပန္းေျပေစႏုိင္သလို တစ္ဦးနဲ႔တစ္ဦးၾကားက ရင္းႏွီးမႈကိုလည္း
 ပိုတိုးလာေစႏုိင္ပါတယ္။ မိသားစုဝင္အခ်င္းခ်င္းၾကားက စိတ္ပိုင္းဆိုင္ရာေတြကို ဘယ္လိုဂရုစိုက္ေပးႏုိင္မလဲ ဆိုတာကိုလည္း သိထားရမွာပါ။


ေနာက္ဆံုးအခ်က္အေနနဲ႔ အေရးအႀကီးဆံုး အရာကို ေျပာျပေပးမယ္ေနာ္။ အေပၚယံေတြးၾကည့္ရင္ေတာ့ အဲဒီေလာက္ အေရးမႀကီးဘူးလို႔ ထင္ႏိုင္ေပမယ့္ တကယ္တန္းက် မသိသာသလို ျဖစ္ေနၿပီး အေရးပါလွတဲ့အခ်က္ပါ။

တကိုယ္ရည္ သန္႔ရွင္းျခင္း



ေန႔တိုင္း ေရခ်ိဳးပါ။ အဝတ္အစားလဲပါ။ ကိုယ္ခႏၶာက အနံ႔အသက္ ကင္းစင္ေအာင္ ေနပါဆိုတဲ့ တကိုယ္ရည္ သန္႔ရွင္းေရးကို အေလးထားေပးပါ။ အိမ္ေထာင္ေရးလို႔ ေျပာလုိက္တာနဲ႔ အခ်ိန္ေတြ
 ေတာ္ေတာ္မ်ားမ်ားမွာ အတူတူ ရွိေနေစခ်င္တဲ့ သေဘာက ပါၿပီးသားပါ။ အတူတူ ရွိေနခ်င္လို႔မွ အိမ္ေထာင္ျပဳထားတာ ျဖစ္တဲ့အတြက္ တစ္ေယာက္အနား တစ္ေယာက္ေနတဲ့အခ်ိန္ ကိုယ္ခႏၶာက အနံ႔အသက္ေတြ ထြက္ေနမယ္ဆိုရင္ေတာ့ စိတ္ေပ်ာ္ရမွာ မဟုတ္ပါဘူး။
အိမ္ေထာင္ေရးသာယာဖို႔အတြက္က တစ္ေယာက္ေၾကာင့္ က်န္တစ္ေယာက္က အေႏွာင့္အယွက္ျဖစ္ေစတာမ်ိဳးကို တတ္ႏိုင္သေလာက္ ေရွာင္ၾကည္ေပးရမွာ ျဖစ္ပါတယ္။

 Marry က ေျပာျပေပးတဲ့ ဘဝေနနည္းမ်ားအရ အိမ္ေထာင္ေရးမွာ အေရးႀကီးဆံုး အခ်က္မ်ားကို လိုက္နာေပးၿပီး သာယာေပ်ာ္ရႊင္ေသာ အိမ္ေထာင္ေရးကို တည္ျမဲေစလိုက္ပါ။

 by Marry


Credit: Duwun


#Unicode Version#

ဒီကနေ့ခေတ်မှာတော့ အရင်ခေတ်တွေတုန်းကလို အိမ်ထောင်ဦးစီးတစ်ယောက်ကပဲ အလုပ်လုပ် ကျန်တစ်မိသားစုလုံးက လုံလောက်စွာ စားသောက်နေထိုင်လို့ မရတော့ပါဘူး။ ခေတ်မီတဲ့အရာတွေတိုင်းကို

 မက်မောတဲ့စိတ်တွေအတွက် နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလာနိုင်ဖို့ကတော့ အိမ်မှာ ရှိတဲ့လူတိုင်းက အလုပ် လုပ်မှ ရတော့တဲ့အချိန်မှာ ဘဝနေနည်းများအရ အိမ်ထောင်ရေးမှာ အရေးကြီးဆုံး အချက်များက ဘာတွေ ဖြစ်မလဲ ဆိုတာကို Marry ကနေ ပြောပြပေးချင်ပါတယ်။

ဝင်ငွေ ထွက်ငွေ မျှတခြင်း။

အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသားကော အမျိုးသမီးကော အလုပ်လုပ်တဲ့အတွက် ဝင်ငွေ ဆိုတာ ရှိသလို နေ့စဉ် စားသောက် နေထိုင်မှုတွေအတွက်ကလည်း ထွက်ငွေဆိုတာ ရှိလာပါတယ်။

အရေးကြီးတဲ့အချက်အနေနဲ့က ဝင်ငွေ ထွက်ငွေ မျှတဖို့ အရေးကြီးလှပါတယ်။ ဝင်ငွေနည်းတဲ့အချိန် ထွက်ငွေတွေကို သေချာ မထိန်းချုပ်နိုင်ရင်တော့ သိပ်ချစ်လို့ ၂ ယောက် တစ်ဘဝ တည်ထောင်ထားတဲ့ ကြည်နူးဖွယ် အိမ်ထောင်ရေးဆိုတာက မိသားစု လိုအင်တွေ မဖြည့်ဆည်းလာနိုင်တဲ့
အချိန် ပြတင်းပေါက်ကနေ တိတ်တိတ်ကလေး ထွက်သွားမှာမို့ပါ။ ကြည်နူးစရာကောင်းလှတဲ့ အိမ်ထောင်ရေးလေး ထွက်မသွားအောင်လို့ ဝင်ငွေ ထွက်ငွေမျှတအောင် ပြုလုပ်ပေးရမှာကတော့

 ဘဝနေနည်းများအရ အိမ်ထောင်ရေးမှာ အရေးကြီးဆုံး အချက်တွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။
ပျော်ရွှင်စရာမိသားစုဖြစ်ဖို့ မိသားစုဝင်တိုင်း လိုက်နာရမယ့် စည်းကမ်းတွေကလည်း အရေးကြီးပါသေးတယ်။

ထမင်း ဟင်း ချက်ပြုတ်ခြင်း

အိမ်မှာ ချက်ပြုတ်နေတာက အချိန်ကုန်ပါတယ်။ လူပင်ပန်းပါတယ်။ အပြင်ကနေပဲ ဝယ်စားလိုက်တာက သက်သာပါတယ်ဆိုပြီး မှန်ပါတယ်။
ဒါပေမယ့် အပြင်စားချည်းပဲတော့ နေ့တိုင်း စားနိုင်မှာ မဟုတ်သလို အကုန်အကျများတာကလည်း သိသာလာမှာပါ။ အာ့တာကြောင့် ကိုယ်တိုင် ထမင်း ဟင်း ချက်ပြုတ်တတ်အောင် ပြုလုပ်ထားရမှာပါ။

အပြင်စာ ဝယ်စားဖို့ အဆင်မပြေတဲ့အချိန်တွေမှာ အိမ်မှာ ချက်ပြုတ်စားသောက်ပေးပါ။

အိမ်ထောင်ဘက်တွေကြား အိမ်အလုပ်ကို အတူတူ ခွဲလုပ်  ပေးရင်း နားရက်၊ ပိတ်ရက်တွေမှာ အတူတူ ချက်ပြုတ်ပေးတာက စိတ်အပန်းပြေစေနိုင်သလို တစ်ဦးနဲ့တစ်ဦးကြားက ရင်းနှီးမှုကိုလည်း

 ပိုတိုးလာစေနိုင်ပါတယ်။ မိသားစုဝင်အချင်းချင်းကြားက စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လိုဂရုစိုက်ပေးနိုင်မလဲ ဆိုတာကိုလည်း သိထားရမှာပါ။


နောက်ဆုံးအချက်အနေနဲ့ အရေးအကြီးဆုံး အရာကို ပြောပြပေးမယ်နော်။ အပေါ်ယံတွေးကြည့်ရင်တော့ အဲဒီလောက် အရေးမကြီးဘူးလို့ ထင်နိုင်ပေမယ့် တကယ်တန်းကျ မသိသာသလို ဖြစ်နေပြီး အရေးပါလှတဲ့အချက်ပါ။

တကိုယ်ရည် သန့်ရှင်းခြင်း

နေ့တိုင်း ရေချိုးပါ။ အဝတ်အစားလဲပါ။ ကိုယ်ခန္ဓာက အနံ့အသက် ကင်းစင်အောင် နေပါဆိုတဲ့ တကိုယ်ရည် သန့်ရှင်းရေးကို အလေးထားပေးပါ။ အိမ်ထောင်ရေးလို့ ပြောလိုက်တာနဲ့ အချိန်တွေ

 တော်တော်များများမှာ အတူတူ ရှိနေစေချင်တဲ့ သဘောက ပါပြီးသားပါ။ အတူတူ ရှိနေချင်လို့မှ အိမ်ထောင်ပြုထားတာ ဖြစ်တဲ့အတွက် တစ်ယောက်အနား တစ်ယောက်နေတဲ့အချိန် ကိုယ်ခန္ဓာက အနံ့အသက်တွေ ထွက်နေမယ်ဆိုရင်တော့ စိတ်ပျော်ရမှာ မဟုတ်ပါဘူး။
အိမ်ထောင်ရေးသာယာဖို့အတွက်က တစ်ယောက်ကြောင့် ကျန်တစ်ယောက်က အနှောင့်အယှက်ဖြစ်စေတာမျိုးကို တတ်နိုင်သလောက် ရှောင်ကြည်ပေးရမှာ ဖြစ်ပါတယ်။

 Marry က ပြောပြပေးတဲ့ ဘဝနေနည်းများအရ အိမ်ထောင်ရေးမှာ အရေးကြီးဆုံး အချက်များကို လိုက်နာပေးပြီး သာယာပျော်ရွှင်သော အိမ်ထောင်ရေးကို တည်မြဲစေလိုက်ပါ။

 by Marry


Credit: Duwun


Comments

Popular posts from this blog

ေသာၾကာ သားသမီးေလးေတြ အေၾကာင္း...!

ဆီဆိုင္က ဝန္ထမ္းေတြ အမ်ိဳးသမီးအိမ္သာကို ေနာက္ကေခ်ာင္းၾကည့္ေနၾကတယ္တဲ့ .. လမ္းခရီးသြားတဲ့ အမ်ိဳးသမီးမ်ား သတိထားၾကပါ။

အသည္းတယားယားနဲ႔ ၾကည့္ရမယ့္ ေနျခည္ဦးရဲ႕ပံုေလးေတြ