ဆီဆိုင်က ဝန်ထမ်းတွေ အမျိုးသမီးအိမ်သာကို နောက်ကချောင်းကြည့်နေကြတယ်တဲ့ .. လမ်းခရီးသွားတဲ့ အမျိုးသမီးများ သတိထားကြပါ။
အမျိုးသမီးအိမ်သာကိုနောက်ကချောင်းကြည့်နေကြတဲ့ မုတ္တမ Max ဆီဆိုင်က ဝန်ထမ်းတွေတဲ့ မွန်ပြည်နယ် မုတ္တမ Max ဆီဆိုင် အမျိုးသမီး အိမ်သာ နောက်က ချောင်းကြည့်နေတဲ့ ဝန်ထမ်းများ တော်တော်ကို ရွံ့စရာကောင်းတဲ့ အောက်တန်းစားကောင်တွေ၊ ရှေ့မှာ ဘုရားဖူးကား တစ်စီးလာတယ်၊ အဲ့ကားက အကုန်လုံးအိမ်သာဝင်ပြီး ပြန်ထွက်သွားတော့မှ သူတို့ဆိုင်က ဝန်ထမ်းတစ်ယောက်က အိမ်သာနောက်ထဲသွားတော့ ဘာများလဲ ဆိုပြီး ဆက်ကြည့်နေတာ။ အိမ်သာ နောက်လမ်းကြားထဲကို ခဲနဲ့ပေါက်ပြီး ရီနေတော့ သဘောပေါက်လိုက်ပြီ။ ခဏနေတော့ အိမ်သာ နောက်ပြတင်းပေါက်ကနေသူတို့ ဝန်ထမ်းတစ်ဦး ခုန်ဆင်းလာရော။ အဲ့မှာ ခုနကခဲနဲ့ပေါက်တဲ့တစ်ယောက်က မင်းအသက် ၅၀ ကျော်တွေလဲ အလွတ်မပေးဘူးလား၊ ကြိုးစားလှချည်လား ဟ တဲ့။ စောနက ဘုရားဖူးကားက အဒေါ်အရွယ် ၊ အဘွား အရွယ်တွေ များတာကိုး .. အိမ်သာနောက်က ချောင်းကြည့်တော့ အပေါ့အလေး စွန့်နေတဲ့ ဖင်တွေပဲ မြင်ရမှာပေါ့။ အဲ့ဒါကိုတောင် အရသာခံပြီး တဏှာမီးတောက်နေတယ်ဆိုတော့ ဘယ်လောက်အောက်တန်းကျလဲ တွေးသာကြည့်တော့။ Ph နဲ့ လဲ ရိုက်ရင် ရိုက်နေမှာပဲ။ ကိုယ့်ဆိုင်ကို လာတဲ့ Customer ကို သားကောင်လိုသဘောထားပြီး တဏှာ မီးတောက်နေတဲ့ ဝန်ထမ်းတွေကို ဆိုင်မှာ ဆက်မထားသင့်ဘူး။ ပြင်...