သောကြာ သားသမီးလေးတွေ အကြောင်း သောကြာ သားသမီးတွေဟာ လူ့လောကကို စရောက်ပြီဆိုကတည်းက အငိုသန်တယ်။ သွေးအေးအေး နဲ့  စိတ်ကြီးတတ်တယ်။ အနေအေးတဲ့ လူအများစု ဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံး လူတွေနဲ့ စကားပြောရင်တော့ အင်မတန်မှ စကားများတယ်။ လေကြော မပြတ်နိုင်ဘူး။ သူများအကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပြီး ပြောပြလေ့ရှိတယ်။ ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ရင် စိတ်ရှည်တယ်။ သည်းခံတယ်။ ကိုယ်မကြိုက်တဲ့ အရာ ၊ ကိုယ်မနှစ်သက်သော လူတွေဆိုရင်တော့ ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး။ ကိုယ်မှန်တယ်လို့ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။ လူမှုရေး နဲ့  ပတ်သတ်ပြီး ဆက်ဆံရင် ဖော်ရွေတတ်တာ သောကြာပါ။ ကိုယ်ခင်တဲ့ မိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေ အတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။ အပြင်မှာ အေးစက်စက်နဲ့မာနကြီးတယ်လို့ ထင်ရပေမဲ့ ကိုယ်ခင်တဲ့ လူတွေအပေါ်မှာ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ပြောဆို ဆက်ဆံတတ်တာ သောကြာပါ။ ကလေးတွေကိုလည်း ကြင်နာစွာနဲ့ ချစ်တတ်တယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေရှိရင် တစ်ယောက်တည်း အေးဆေးတွေတောနေရတာကို ပိုပြီး နှစ်သက်တာ သောကြာ၊ သောကြာတွေဟာ ကိုယ့်အနားမှာရှိနေတဲ့ သူတွေကို အ...
Comments
Post a Comment