Posts
Showing posts with the label ချစ်ရေး ချစ်ရာ
မိန်းမတစ်ယောက်အတွက် အရမ်းချစ်ပြတတ်တဲ့ ယောက်ျားမလိုဘူး ...!
Image
ယောင်္ကျား တစ်ယောက်က အရမ်း ချစ်ပြတတ်ဖို့ မလိုဘူး.. တာဝန် သိတတ်ဖို့ပဲ လိုတယ်.. တာဝန် သိတတ်မှ တာဝန်ယူတတ်တာ.. တာဝန် သိတတ်တယ် ဆိုတာ... ကိုယ်နဲ့ တွဲနေတယ်လို့ ပတ်ဝန်းကျင်က အသိအမှတ် ပြုထားတဲ့အတွက် သူမရဲ့ သိက္ခာကို ထည့်တွက်ရမယ်.. ကိုယ်နဲ့ တွဲခဲ့တဲ့ ကာလတလျောက် သူမရဲ့ ရယ်ခြင်း ငိုခြင်း စိတ်ခံစားချက် ပေါင်းစုံနဲ့ သူမရဲ့ အချိန်တွေ ကိုယ့်ကြောင့် ကုန်ဆုံးခဲ့ရတာကို ထည့်တွက် တတ်ရမယ်.. ကိုယ်နဲ့ တွဲနေလို့ သူမအပေါ် ကိုယ့်ထက် ကောင်းနိုင်မယ့် လူမျိုးကို ငြင်းပယ် ခဲ့ရတာတွေကိုလည်း ထည့်တွက်ပေး တတ်ရမယ်.. နောက်ဆုံး နဖူးလေး နမ်းတာ လက်ကလေး ကိုင်တာက အစ သူမရဲ့ အသွေးအသား အရေပြားကို ထိတွေ့ သုံးစွဲခဲ့တာတွေလည်း ထည့်တွက်ပေး တတ်ရမယ်.. အတိတ်တွေ လက်ညှိုးထိုးပြီး လမ်းခွဲဖို့ စိတ်ကူးထားရင်တော့ အစကတည်းက မပတ်သတ်နဲ့ သူမကို ချစ်မိပြီဆိုရင် သူမရဲ့ ကောင်းခြင်းဆိုးခြင်းတွေ သူမရဲ့ ဖြစ်တည်ခြင်းတွေကိုလည်း ချစ်တတ်ရမယ်.. အမြဲတမ်း အရမ်းချစ်နိုင်ဖို့ ဆိုတာ တသက်လုံးအတွက် မသေချာဘူး ချစ်တဲ့အချိန်ရှိသလို မချစ်တော့တဲ့ အချိန်ဆိုတာလည်း ရှိလာနိုင်တာပဲ.. တာဝန်သိတတ်တဲ့ ယောက်ျားကသာ ချစ်နေသေးသည်ဖြစ်စေ မချစ်တော့ဘူးဖြစ်စေ ကိုယ့်ကို ဘဝတလျှောက်လုံး စိတ်ချလ...
အိမ်ထောင်ကျပြီးနောက်ပိုင်း အိပ်မက်တွေကို လွှင့်မပစ်လိုက်ပါနဲ့
Image
အိမ်ထောင်သည်ဘ၀ရောက်သွားကြတဲ့ အမျိုးသားအမျိုးသမီးတွေအနေနဲ့ လူပျို၊အပျိုဘ၀တုန်းက ဘ၀နဲ့ပတ်သက်ပြီး ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ စိတ်ကူး အိမ်မက်တွေကို အကြောင်းကြောင်းကြောင့် အကောင်အထည်မဖော်နိုင်တော့တာ များပါတယ်။ ကျွန်မအနေနဲ့လည်း လက်ထပ်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါ မိဘဆရာတွေရဲ့သွန်သင်မှုကြောင့်အိမ်မက်တွေ ပျောက်ဆုံးမသွားအောင်ကြိုးစားခဲ့ရတာတွေရှိတယ်။ ဖေဖေက ကျွန်မကို ပြောတယ်။ “အိမ်ထောင်ကျသွားလို့ အိမ်ရှင်မဘ၀နဲ့ရပ်တန့်သွားမှာကိုတော့မဖြစ်စေချင်ဘူး၊ သမီးဘယ်လောက်ထိ တက်လှမ်းနိုင်မလဲ…အမြင့်ဆုံး၊ ထိပ်ဆုံးကို တက်ချင်သလား၊ တက်ပါ၊ အိမ်ထောင်ရေးကြောင့် မတက်နိုင်တော့ဘူးဆိုတာတော့ အဖြစ်မခံပါနဲ့သမီးရယ်" လို့ ဖေဖေကပြောတော့ ကျွန်မမျက်ရည်ဝဲခဲ့ ရတယ်။ ဒီလိုပဲ အသက် ၂၆ နှစ်အရွယ်မှာ သမီးချစ်သူနဲ့ လက်ထပ်တော့မယ် ဖေဖေဆိုတဲ့စိတ်ဆန္ဒကိုလည်း မပြုပါနဲ့ သမီးရယ်၊ ငယ်ပါသေးတယ်၊ မျှော်လင့်ချက်တွေ ပြည့်အောင် ကြိုးစားလိုက်ပါဦးလို့ ပြောမထွက်ရက်ဘူး ထင်ပါရဲ့။ ဆရာလူထုစိန်ဝင်းကတော့ ကျွန်မကို ဗြောင်ပဲဖွင့်ပြောပြီး တားမြစ်ပါတယ်။ “မင်း ငယ်ပါသေးတယ်ကွာ၊ မင်းက တစ်စုံတစ်ယောက်ဖြစ်လာနိုင်တဲ့ မိန်းကလေးပဲ။ ဘာဖြစ်လို့အိမ်ထောင်ပြုတော့...
အချစ်ဦးပေမယ့် လက်ထပ်ဖို့အထိ ရည်ရွယ်ထား တယ်လို့ ပြောလိုက်တဲ့ မော်ဒယ်အဆိုတော် ဆန်းသစ်လ
Image
အိမ်ထောင်ရေးမှာ ထီပေါက်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ကြည်လဲ့လဲ့ဦး
Image
ဒီနေ့(မေလ၂၉ရက်)လေးက သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ရဲ့ အိမ်ထောင်သက်တမ်း(၁၄)နှစ်ပြည့်တဲ့နေ့လေးပါ။ သူတို့နှစ်ဦး ဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင်တွေ ဖြစ်ကြပြီး ၂၀၀၅ခုနှစ် မေလ(၂၉)ရက်နေ့က ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာလည်း ဇနီးမောင်နှံနှစ်ဦးဟာ သူတို့ရဲ့ ဖေ့စ်ဘွတ်မှာ အပြန်ပြန်အလှန်လှန် ချစ်ကြောင်းလေးတွေ ဆိုထားကြပါတယ်။   ဇာနည်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇနီးသည် ကြည်လဲ့လဲ့ဦးအတွက် ယခုလိုလေး ရေးသားထားတာတွေ့ရပါတယ်။ "သို့..... မိန်းမ​ရေ.. အများကြီးမ​ပြော​တော့ဘူး​နော်​... မင်းကို... #မင်္ဂလာဦးမှာ တုန်းကထက်​ အခု... #ပိုချစ်​တယ်​.... တစ်​လက်​စထဲ​ပြောချင်​တာက... #မင်းထက်​ငါက... အများကြီး #ပိုချစ်ပါတယ်​"""""" မင်္ဂလာနှစ်​ပါတ်​လည်​ (၁၄)နှစ်​ပြည့်​ အမှတ်​တရ..." ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ထည့်သွင်းထားတဲ့ မင်္ဂလာဦးမှာ သီချင်းလေးကိုလည်း တင်ထားပါတယ်။ ဇာနည်လိုပဲ မင်္ဂလာနှစ်ပတ်လည်နဲ့ ပတ်သက်ပြီး ကြည်လဲ့လဲ့ဦး ရင်တွင်းစကားလေးကလည်း ချစ်ဖို့ကောင်းလှပါတယ်။ သူပြောထားတဲ့ စက...
လက်ရှိချစ်သူလေးနဲ့ အတိတ် ရေစက်ပါ ၊ မပါ သိနိုင်မယ့် အချက် (၄) ချက် ...!
Image
အတိတ်ရေစက်သာ ပါလာခဲ့ရင် ကြံဖန်ပီး ဆုံရသလိုပဲ ရေစက်မပါခဲ့ရင် ကြံဖန်ပီး လွဲတယ် ဆိုတဲ့ စကားလေး ကြားဖူးကြမှာပါ။ လူတိုင်းက ရေစက်ပါလို့ တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘ၀က ဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ ဆုတောင်းတွေကြောင့် အခုဘ၀မှာ လက်တွဲဖော် အနေနဲ့ ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ် တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်း ချစ်မိတဲ့ အချစ်ဆိုတာ အတိတ်ဘ၀က ရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်လို့ ယုံကြည်ထားကြပါတယ်။ သူနဲ့ ကိုယ်နဲ့ ရေစက်ပါလား ဆိုတာကို သိနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။ (၁) ပထမဆုံး ဆုံတွေ့တဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ ပထမဆုံး စတွေ့တဲ့ အချိန်မှာ အရင်ထဲက တွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာ မြင်ဖူးခဲ့သလို စိတ်ထဲမှာ ရင်းနှီးနေတဲ့ ခံစားချက်မျိုး ရလိုက်တာပါ။ မြင်မြင်ချင်း ချစ်မိတာမျိုး မဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ် အလလက ခင်မင်ခဲ့ဖူးသလိုမျိုး    သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ အမှန်တကယ် ရှေးရေစက်သာ ဆိုရင် စိတ်ချပါ သင့်အချစ်က တစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုပဲ တစ်ထပ်တည်း ခံစားရမှာပါ။ (၂) ...
ဘဝနေနည်းများအရ အိမ်ထောင်ရေးမှာ အရေးကြီးဆုံး အချက်များ ...!
Image
ဒီကနေ့ခေတ်မှာတော့ အရင်ခေတ်တွေတုန်းကလို အိမ်ထောင်ဦးစီးတစ်ယောက်ကပဲ အလုပ်လုပ် ကျန်တစ်မိသားစုလုံးက လုံလောက်စွာ စားသောက်နေထိုင်လို့ မရတော့ပါဘူး။ ခေတ်မီတဲ့အရာတွေတိုင်းကို မက်မောတဲ့စိတ်တွေအတွက် နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလာနိုင်ဖို့ကတော့ အိမ်မှာ ရှိတဲ့လူတိုင်းက အလုပ် လုပ်မှ ရတော့တဲ့အချိန်မှာ ဘဝနေနည်းများအရ အိမ်ထောင်ရေးမှာ အရေးကြီးဆုံး အချက်များက ဘာတွေ ဖြစ်မလဲ ဆိုတာကို Marry ကနေ ပြောပြပေးချင်ပါတယ်။ ဝင်ငွေ ထွက်ငွေ မျှတခြင်း။ အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသားကော အမျိုးသမီးကော အလုပ်လုပ်တဲ့အတွက် ဝင်ငွေ ဆိုတာ ရှိသလို နေ့စဉ် စားသောက် နေထိုင်မှုတွေအတွက်ကလည်း ထွက်ငွေဆိုတာ ရှိလာပါတယ်။ အရေးကြီးတဲ့အချက်အနေနဲ့က ဝင်ငွေ ထွက်ငွေ မျှတဖို့ အရေးကြီးလှပါတယ်။ ဝင်ငွေနည်းတဲ့အချိန် ထွက်ငွေတွေကို သေချာ မထိန်းချုပ်နိုင်ရင်တော့ သိပ်ချစ်လို့ ၂ ယောက် တစ်ဘဝ တည်ထောင်ထားတဲ့ ကြည်နူးဖွယ် အိမ်ထောင်ရေးဆိုတာက မိသားစု လိုအင်တွေ မဖြည့်ဆည်းလာနိုင်တဲ့ အချိန် ပြတင်းပေါက်ကနေ တိတ်တိတ်ကလေး ထွက်သွားမှာမို့ပါ။ ကြည်နူးစရာကောင်းလှတဲ့ အိမ်ထောင်ရေးလေး ထွက်မသွားအောင်လို့ ဝင်ငွေ ထွက်ငွေမျှတအောင် ပြုလုပ်ပေးရမှာကတော့  ဘဝေ...
လင်မယားတွေကြား နေ့တိုင်းလုပ်ရမယ့် ကိစ္စ ...!
Image
ဇနီးမောင်နှံတွေကြားမှာ နှစ်ယောက်စလုံး အလုပ်တွေများပြီး တစ်ယောက်ကို တစ်ယောက် အချိန်မပေးနိုင်ကြတော့တဲ့ အခါ အချစ်တွေ အေးခဲသွားတတ်ကြပါတယ်။ အဲ့တော့ ကိုယ်ပိုင် လုပ်ငန်း တာဝန်တွေကြောင့် တစ်ဦးကို တစ်ဦး အချိန်များများ မပေးနိုင်တဲ့ လင်မယားတွေအတွက် အချစ်တွေ အေးခဲ မသွားစေမယ့် နည်းလမ်းကောင်းလေးတွေ Marry က ပြောပြပေးမယ်နော်။ တစ်ယောက်ကို တစ်ယောက် အချိန်ပေးပြီး မတွေ့နိုင်၊ စကားမပြောနိုင်ကြဘူးဆိုရင် တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေ မရှိကြတော့သလို၊ တစ်ယောက်နဲ့ တစ်ယောက် စိမ်းနေသလို ခံစားကြရမှာပါ။ အဲ့လို ဖြစ်တာတွေ ကြာလာတဲ့အခါ အနေဝေးလို့ သွေးအေးသွားတယ်တို့၊ လက်ထပ်ပြီးရင် ချစ်သူတွေတုန်းကလောက် မချစ်တော့ဘူးတို့ ဆိုတာမျိုးတွေ  ဖြစ်သွားနိုင်တာမို့ အခုပြောပြပေးတာတွေကို လုပ်ပေးပါနော်။ တစ်နေ့ရဲ့ အကောင်းဆုံး၊အဆိုးဆုံးတွေကို သိနေပါစေ။ ဘယ်လောက်ပဲ မတွေ့ဖြစ်ဖြစ် စိတ်ချင်းကတော့ အမြဲ နီးနေမှာပါနော်။ ဒီနေ့တစ်နေ့တာမှာ သူလည်းသူ့အလုပ်ထဲ၊ ကိုယ်လည်း ကိုယ့်အလုပ်ထဲမှာ ကိစ္စမျိုးစုံကို ကြုံတွေ့ရမှာပါ။ အဲ့လို ကိစ္စတွေထဲမှာ ပျော်စရာကောင်းတဲ့ အဖြစ်အပျက်၊ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်၊  ကြားရတဲ့ သတင်းကောင်း တစ်ခု အစရှိတဲ့ တ...