လင္မယားေတြၾကား ေန႔တိုင္းလုပ္ရမယ့္ ကိစၥ ...!

ဇနီးေမာင္ႏွံေတြၾကားမွာ ႏွစ္ေယာက္စလံုး အလုပ္ေတြမ်ားၿပီး တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္မေပးႏိုင္ၾကေတာ့တဲ့ အခါ အခ်စ္ေတြ ေအးခဲသြားတတ္ၾကပါတယ္။
အဲ့ေတာ့ ကိုယ္ပိုင္ လုပ္ငန္း တာဝန္ေတြေၾကာင့္ တစ္ဦးကို တစ္ဦး အခ်ိန္မ်ားမ်ား မေပးႏိုင္တဲ့ လင္မယားေတြအတြက္ အခ်စ္ေတြ ေအးခဲ မသြားေစမယ့္ နည္းလမ္းေကာင္းေလးေတြ Marry က
ေျပာျပေပးမယ္ေနာ္။ တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္ေပးၿပီး မေတြ႕ႏိုင္၊ စကားမေျပာႏိုင္ၾကဘူးဆိုရင္ တစ္ေယာက္အေပၚ တစ္ေယာက္ နားလည္မႈေတြ မရွိၾကေတာ့သလို၊ တစ္ေယာက္နဲ႔ တစ္ေယာက္ စိမ္းေနသလို ခံစားၾကရမွာပါ။ အဲ့လို ျဖစ္တာေတြ ၾကာလာတဲ့အခါ အေနေဝးလို႕
ေသြးေအးသြားတယ္တို႔၊ လက္ထပ္ၿပီးရင္ ခ်စ္သူေတြတုန္းကေလာက္ မခ်စ္ေတာ့ဘူးတို႔ ဆိုတာမ်ိဳးေတြ  ျဖစ္သြားႏိုင္တာမို႔ အခုေျပာျပေပးတာေတြကို လုပ္ေပးပါေနာ္။
တစ္ေန႔ရဲ႕ အေကာင္းဆံုး၊အဆိုးဆံုးေတြကို သိေနပါေစ။

ဘယ္ေလာက္ပဲ မေတြ႕ျဖစ္ျဖစ္ စိတ္ခ်င္းကေတာ့ အၿမဲ နီးေနမွာပါေနာ္။

ဒီေန႔တစ္ေန႔တာမွာ သူလည္းသူ႔အလုပ္ထဲ၊ ကိုယ္လည္း ကိုယ့္အလုပ္ထဲမွာ ကိစၥမ်ိဳးစံုကို ႀကံဳေတြ႔ရမွာပါ။ အဲ့လို ကိစၥေတြထဲမွာ ေပ်ာ္စရာေကာင္းတဲ့ အျဖစ္အပ်က္၊ ရယ္စရာေကာင္းတဲ့ အျဖစ္အပ်က္၊
 ၾကားရတဲ့ သတင္းေကာင္း တစ္ခု အစရွိတဲ့ တစ္ေန႔တာႀကံဳေတြ႔ရသမွ်ေတြထဲက အေကာင္းဆံုးအျဖစ္အပ်က္ တစ္ခုအေၾကာင္း ႏွစ္ဦးသား အျပန္အလွန္ ေျပာျပလို႔ ေပ်ာ္ရႊင္မႈေတြကို မွ်ေဝပါ။

ခုနက ေပ်ာ္ရႊင္စရာေတြ မွ်ေဝခဲ့သလိုပဲ တစ္ေန႔တာ အတြင္းႀကံဳေတြ႕ခဲ့ရတဲ့ ကိစၥေတြထဲက အဆိုးဆံုးကိုလည္း ေမးပါ။ ဒီေန႔ ဟင္းမေကာင္းဘူး ဆိုတာက အစေပါ့။
ဆိုးဝါးတဲ့ အျဖစ္အပ်က္ေတြကို သူႀကံဳခဲ့ရတယ္ ဆိုရင္လည္း သင့္အေနနဲ႔ အားေပးေဖးမ ႏိုင္မွာ ျဖစ္သလို သူ႔ရဲ႕ ေကာင္းျခင္း ဆိုးျခင္းေတြ အားလံုးကို သိရွိထားရတာမို႔ သင္နဲ႔သူနဲ႔ အေနဘယ္ေလာက္ေဝးေဝး၊
ဘယ္ေလာက္ပဲ မေတြ႕ျဖစ္ျဖစ္ စိတ္ခ်င္းကေတာ့ အၿမဲ နီးေနမွာပါေနာ္။


နမ္းပါ။


နမ္းျခင္းဟာ ျမတ္ႏိုးျခင္းကို ေဖာ္က်ဴးတဲ့ အေကာင္းဆံုး နမိတ္ပံုပါပဲ။ ဒါ့အျပင္ လူႏွစ္ဦးကို အနီးစပ္ဆံုး ျဖစ္ေစ၊ တစ္သားတည္း ျဖစ္သြားေစတဲ့ အျပဳအမူ တစ္ခုလည္း ျဖစ္ပါတယ္။
ဘယ္ေလာက္ပဲ အလုပ္႐ႈပ္လို႔ အခ်ိန္မေပးႏိုင္ဘူး ေျပာေျပာ ေန႔တိုင္း နမ္းေပးဖို႔ေတာ့ မေမ့ပါနဲ႔။ နမ္းတဲ့အခါ  (၅) မိနစ္ထက္ ပိုၾကာေအာင္ နမ္းေပးပါေနာ္။

ဆယ္မိနစ္ေတာင္ မၾကာတဲ့ ႏွလံုးသားျခင္း ဆက္သြယ္နည္းေကာင္းေလးေတြကို ေျပာျပခဲ့ ၿပီးၿပီ ဆိုေတာ့ ဒီနည္းလမ္းေလးေတြကို ျမန္ျမန္ လက္ေတြ႔အေကာင္အထည္ ေဖာ္လိုက္ေတာ့ေနာ္။

by Marry

 Photos Credit : hellomuse.com

Credit: Duwun

#Unicode Version#

ဇနီးမောင်နှံတွေကြားမှာ နှစ်ယောက်စလုံး အလုပ်တွေများပြီး တစ်ယောက်ကို တစ်ယောက် အချိန်မပေးနိုင်ကြတော့တဲ့ အခါ အချစ်တွေ အေးခဲသွားတတ်ကြပါတယ်။
အဲ့တော့ ကိုယ်ပိုင် လုပ်ငန်း တာဝန်တွေကြောင့် တစ်ဦးကို တစ်ဦး အချိန်များများ မပေးနိုင်တဲ့ လင်မယားတွေအတွက် အချစ်တွေ အေးခဲ မသွားစေမယ့် နည်းလမ်းကောင်းလေးတွေ Marry က

ပြောပြပေးမယ်နော်။ တစ်ယောက်ကို တစ်ယောက် အချိန်ပေးပြီး မတွေ့နိုင်၊ စကားမပြောနိုင်ကြဘူးဆိုရင် တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုတွေ မရှိကြတော့သလို၊ တစ်ယောက်နဲ့ တစ်ယောက် စိမ်းနေသလို ခံစားကြရမှာပါ။ အဲ့လို ဖြစ်တာတွေ ကြာလာတဲ့အခါ အနေဝေးလို့
သွေးအေးသွားတယ်တို့၊ လက်ထပ်ပြီးရင် ချစ်သူတွေတုန်းကလောက် မချစ်တော့ဘူးတို့ ဆိုတာမျိုးတွေ  ဖြစ်သွားနိုင်တာမို့ အခုပြောပြပေးတာတွေကို လုပ်ပေးပါနော်။
တစ်နေ့ရဲ့ အကောင်းဆုံး၊အဆိုးဆုံးတွေကို သိနေပါစေ။

ဘယ်လောက်ပဲ မတွေ့ဖြစ်ဖြစ် စိတ်ချင်းကတော့ အမြဲ နီးနေမှာပါနော်။

ဒီနေ့တစ်နေ့တာမှာ သူလည်းသူ့အလုပ်ထဲ၊ ကိုယ်လည်း ကိုယ့်အလုပ်ထဲမှာ ကိစ္စမျိုးစုံကို ကြုံတွေ့ရမှာပါ။ အဲ့လို ကိစ္စတွေထဲမှာ ပျော်စရာကောင်းတဲ့ အဖြစ်အပျက်၊ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်၊

 ကြားရတဲ့ သတင်းကောင်း တစ်ခု အစရှိတဲ့ တစ်နေ့တာကြုံတွေ့ရသမျှတွေထဲက အကောင်းဆုံးအဖြစ်အပျက် တစ်ခုအကြောင်း နှစ်ဦးသား အပြန်အလှန် ပြောပြလို့ ပျော်ရွှင်မှုတွေကို မျှဝေပါ။

ခုနက ပျော်ရွှင်စရာတွေ မျှဝေခဲ့သလိုပဲ တစ်နေ့တာ အတွင်းကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေထဲက အဆိုးဆုံးကိုလည်း မေးပါ။ ဒီနေ့ ဟင်းမကောင်းဘူး ဆိုတာက အစပေါ့။
ဆိုးဝါးတဲ့ အဖြစ်အပျက်တွေကို သူကြုံခဲ့ရတယ် ဆိုရင်လည်း သင့်အနေနဲ့ အားပေးဖေးမ နိုင်မှာ ဖြစ်သလို သူ့ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေ အားလုံးကို သိရှိထားရတာမို့ သင်နဲ့သူနဲ့ အနေဘယ်လောက်ဝေးဝေး၊

ဘယ်လောက်ပဲ မတွေ့ဖြစ်ဖြစ် စိတ်ချင်းကတော့ အမြဲ နီးနေမှာပါနော်။


နမ်းပါ။


နမ်းခြင်းဟာ မြတ်နိုးခြင်းကို ဖော်ကျူးတဲ့ အကောင်းဆုံး နမိတ်ပုံပါပဲ။ ဒါ့အပြင် လူနှစ်ဦးကို အနီးစပ်ဆုံး ဖြစ်စေ၊ တစ်သားတည်း ဖြစ်သွားစေတဲ့ အပြုအမူ တစ်ခုလည်း ဖြစ်ပါတယ်။

ဘယ်လောက်ပဲ အလုပ်ရှုပ်လို့ အချိန်မပေးနိုင်ဘူး ပြောပြော နေ့တိုင်း နမ်းပေးဖို့တော့ မမေ့ပါနဲ့။ နမ်းတဲ့အခါ  (၅) မိနစ်ထက် ပိုကြာအောင် နမ်းပေးပါနော်။

ဆယ်မိနစ်တောင် မကြာတဲ့ နှလုံးသားခြင်း ဆက်သွယ်နည်းကောင်းလေးတွေကို ပြောပြခဲ့ ပြီးပြီ ဆိုတော့ ဒီနည်းလမ်းလေးတွေကို မြန်မြန် လက်တွေ့အကောင်အထည် ဖော်လိုက်တော့နော်။

by Marry

 Photos Credit : hellomuse.com

Credit: Duwun

Comments

Popular posts from this blog

ေသာၾကာ သားသမီးေလးေတြ အေၾကာင္း...!

ဆီဆိုင္က ဝန္ထမ္းေတြ အမ်ိဳးသမီးအိမ္သာကို ေနာက္ကေခ်ာင္းၾကည့္ေနၾကတယ္တဲ့ .. လမ္းခရီးသြားတဲ့ အမ်ိဳးသမီးမ်ား သတိထားၾကပါ။

အသည္းတယားယားနဲ႔ ၾကည့္ရမယ့္ ေနျခည္ဦးရဲ႕ပံုေလးေတြ