A သွေးပိုင်ရှင်တွေရဲ့ ထူးခြားချက် (16) ချက် ...!
Credit: Thutazone
#Unicode Version#
(1) အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ ငယ်စဉ်ဘဝမှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ် ကြပါသတဲ့…
(2) သူတပါးကို နောက်ပြောင် ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့…
(3) အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမယ့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့…
(4) တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့…
(5) အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်…
(6) အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ်ပါ…
သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ…
(7) နေ့စဉ် နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်…
(8) ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ် နိုင်တယ် ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်…
(9) အေသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက်ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုပ်လွယ်တဲ့ လူမျိုးတွေပါတဲ့…
(10) ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်…
(11) တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့…
ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြ ပါတယ်တဲ့…
ဒီသဘာဝလေးကတော့ အေသွေးပိုင်ရှင် တွေရဲ့မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့…
(12) ဘဝရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့…
(13) အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့…
(14) တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်…
(15) အထက် လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီ ဆိုရင် မေ့လို့မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုတွေ ရှိနေတတ်ပါတယ်..
(16) ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်… စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ် တဲ့… ဒါကြောင့်မို့ စိတ်ထဲက မကျေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဖို့ လိုပါတယ်..
ဆိုတဲ့ အကြောင်း သွေးဗေဒင် ကျွမ်းကျင်ပညာရှင်များက ညွှန်းဆိုထားကြပါတယ်။

Comments
Post a Comment