သင့် Android ဖုန်းထဲကနေ အခုချက်ချင်း ဖယ်ထုတ်ပစ်သင့်တဲ့ App (၅)မျိုး ...!
၎။ Battery Savers
www.7techlover.org
Credit: နည်းပညာချစ်သူ
#Unicode Version#
စမတ်ဖုန်းထဲမှာ မလိုအပ်တဲ့ App တွေကိုထည့်ထားတာဟာ ဖုန်းရဲ့ သိုလှောင်နိုင်စွမ်းကို ထိခိုက်သလို ဖုန်းရဲ့စွမ်းဆောင်ရည်နဲ့ ဘက်ထရီသက်တမ်းကိုလဲ ထိခိုက်စေပါတယ်။ လိုအပ်သလောက်ပဲ ထည့်ထားတာ ကောင်းပါတယ်။ ဒီတော့ ဖုန်းထဲမှာ မလိုအပ်တဲ့အပြင် ဖုန်းကိုပါ အနှောက်အယှက်ပေးတာကြောင့် အခုချက်ချင်း သင့်ရဲ့ Android ဖုန်းထဲကနေ ထုတ်ပစ်သင့်တဲ့ App ၅မျိုးကို ပြောပြချင်ပါတယ်။
၁။ RAM အစားသက်သာစေမယ်ဆိုတဲ့ App များ
နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ Appတွေက RAM နဲ့ ဘက်ထရီကို အများကြီး အသုံးပြုနေကြပါတယ်။ Memory ကို Boost လုပ်ပေးတဲ့ App တွေက နောက်ကွယ်က App တွေကို ပိတ်ပေးတာပါ။ ဒါဟာ ကောင်းတယ် ထင်ရပေမယ့် တကယ်တော့ ပိုဆိုးသွားစေပါတယ်။
နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ App တွေကို သတ်လိုက်ပြီးနောက် သူတို့ကို ပြန်ဖွင့်ရင် Memory နဲ့ ဘက်ထရီက ထပ်ပြီး အလုပ်လုပ်ရပါတယ်။
ဒါဟာ သင့်ဖုန်းကို မတည်မငြိမ်ဖြစ်စေပါတယ်။ အဲဒီအတွက် Memory သက်သာစေတဲ့ App တွေဟာ ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။
၂။ Clean Master လို သန့်ရှင်းရေး App များ
Cached Data လို့ ခေါ်တဲ့ အမှိုက်ဖိုင်တွေကို ရှင်းလင်းပေးကြတဲ့ Cleaning App တွေက ဖုန်းရဲ့ စွမ်းရည်ကို တိုးတက်စေတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် သူတို့မှာ အခြားစွမ်းဆောင်ချက်တွေအများကြီး ပါတဲ့အတွက် ဖုန်းကို လေးလံစေပါတယ်။ အမှိုက်ဖိုင်တွေ ရှင်းဖို့အတွက်တော့ သူတို့ကို မလိုအပ်ပါဘူး။
Android မှာ ပါရှိပြီးသားပါ။ Settings> Storage ထဲသွားပြီး Cached data ကို နှိပ်ပါ။ Ok နှိပ်ပါ။ ဒါဆို ဘယ် Cleaning App မှမလိုဘဲ ဖုန်းထဲက အမှိုက်ဖိုင်တွေ ရှင်းပြီးသားဖြစ်သွားပါမယ်။
၃။ Antivirus များ မလိုအပ်ပါ
သင့် Android Device နဲ့ Play Store တွေဟာ Antivirus Appတွေရဲ့ အလုပ်အားလုံးကို လုပ်နိုင်ကြပါတယ်။ Play Store က Apps တွေဟာ Virus တွေကို အမြဲ စစ်ဆေးပေးနေပါတယ်။ သင့်ဖုန်းက Android Device Manager မှာလည်း Antitheft စွမ်းဆောင်ချက်တွေ ပါပါတယ်။ သင်ဟာ Play Store ပြင်ပက
Apps တွေကို Download လုပ်မှသာ Antivirus တွေသုံးဖို့လိုအပ်ပါတယ်။
၄။ Battery Savers
Battery Savers တွေဟာလည်း RAM Booster တွေလိုပဲ နောက်ကွယ်က Apps နဲ့ Services တွေကို ပိတ်ပေးပြီး ဘက်ထရီ သက်သာစေတာ ဖြစ်ပါတယ်။ RAM Booster တွေမှာလိုပဲ ပိတ်သွားတဲ့ Apps တွေကို ပြန်ဖွင့်ရင် ဖုန်းရဲ့ စွမ်းအင်ကို ပိုမို အသုံးပြုရတဲ့အတွက် Battery Savers တွေရဲ့ ဘက်ထရီ သက်တမ်း
တိုးမြှင့်ပေးတဲ့ အလုပ်ဟာ အရာမရောက်ပါဘူး။ Battery Savers တွေကို မသုံးဘဲ ဖုန်းရဲ့ Settings> Battery ထဲသွားပြီး ဘက်ထရီ အများဆုံး အသုံးပြုတဲ့ App များကို ပိတ်လိုက်တာနဲ့ကို ရပါတယ်။
၅။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Bloatware များ
စမတ်ဖုန်းထုတ်လုပ်သူတွေကဖုန်းတွေမှာAppတွေအများကြီးကိုတခါတည်းထည့်သွင်းပေးလိုက်ကြပါတယ်။
အဲဒီ Apps တွေဟာလဲ ဖုန်းထဲမှာ တော်တော်လေး နေရာယူထားကြပါတယ်။ အဆိုးဆုံးကတော့ ဘက်ထရီ ကုန်စေတာပါ။ အဲဒီ Apps တွေကို Uninstall လုပ်လို့မရအောင်လည်း သူတို့က ဖန်တီးထားပါတယ်။ ဒါပေမယ့် အဲဒီ System Apps တွေကို Uninstall လုပ်ပေးနိုင်တဲ့ System App Remover တွေ Play Store မှာ
အများကြီးရှိနေပြီးသားပါ။
www.7techlover.org
Credit: နည်းပညာချစ်သူ