သင်အိမ်မှာ အမြဲ လာဘ်လာဘပွင့်လန်းပြီး အိမ်အေးချမ်းပျော်ရွှင်သာယာအောင် ဒီအချက်လေးတွေကို လုပ်ဖြစ်အောင် လုပ်ကြည့်ပါ ...!
#Unicode Version
(၁) ဘုရားပန်း နှင့် သောက်တော်ရေချမ်း ဆွမ်း ဆီမီး ကို အမြဲကပ်လှူပါ။ ဘုရားပန်းကိုလည်း မညှိုးနွမ်းပါစေနဲ့။
ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။ သောက်တော်ရေချမ်းကို သတိရတိုင်း ကပ်လှူပါ။
(၂) ဘုရားရှိခိုးလျှင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းကျင်အတွင်းမှ မှီတင်းစောင့်ရှောက်နေထိုင်ကြသော
သမာဒေ၀ နတ်ကောင်း နတ်မြတ်များ ၊ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှပေးဝေပါ။
(၃) အလွန် ကံညံ့ လာဘ်ပိတ်နေလျှင် ညသန်းခေါင် ပရိတ်ရွတ်ဖတ်ပေးပါ။ ည (၁၂) နာရီ နောက်ပိုင်းသည် နတ်ကောင်း
နတ်မြတ်များ လူ့ပြည်သို့ လှည့်လည် ကြည့်ရှူချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျှင် ပို၍ ဆုတောင်းပြည့်စေပါတယ်။
(၄) အိမ်မှာ အဟောင်းအစုတ်တွေကို မထားပါနဲ့။ အချို့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။
ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားတွေ ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။
အိမ်မှာ အဓိက လိုအပ်တဲ့ အရာတွေသာ ထားပါ။
(၅) အိမ်ကို တံမြတ်စည်း လှည်းလျှင် နံနက်ပိုင်း လှည်းကျင်းလျှင် အိမ်ရှေ့မျ အိမ်နောက်သို့ လှည်းပါ။
 ညနေနှင့်ညဘက် လှည်းကျင်းလျှင် အိမ်နောက်မှ အိမ်ရှေ့သို့ လှည်းပါ။
(၆) မီးဖိုချောင်တွင် ဆန် နှင့် ဆီ ကို အပြတ်မခံပါနဲ့။ မကုန်မီ ကြိတင်၍ ဝယ်ပါ။
(၇) အိမ်ရှိ လှေကားများ ကျိုးပျက်နေသည်ကို ပြုပြင်ပါ။ လှေကားများ ကျိုးပျက်နေခြင်းဟာ လာဘ်တိတ်စေသလို
မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်နေသလို ဖြစ်စေတတ်ပါတယ်။
  မိတ်ဆွေများ အားလုံးကို အိမ်နှင့်ပတ်သတ်သော ဆောင်ရန် ရှောင်ရန်များကို ဗဟုသုတအလို့ငှာ မျှဝေခြင်း ဖြစ်ပါသည်။
Credit : ပဌာန်းပူဇော်ကြသူများ
Comments
Popular posts from this blog
သောကြာ သားသမီးလေးတွေ အကြောင်း...!
ဆီဆိုင်က ဝန်ထမ်းတွေ အမျိုးသမီးအိမ်သာကို နောက်ကချောင်းကြည့်နေကြတယ်တဲ့ .. လမ်းခရီးသွားတဲ့ အမျိုးသမီးများ သတိထားကြပါ။
အသည်းတယားယားနဲ့ ကြည့်ရမယ့် နေခြည်ဦးရဲ့ပုံလေးတွေ