ရက္ ၃၀ အတြင္း ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိလာေစမယ့္ နည္းလမ္း (၅) ခု ...!

ကိုယ့္ကိုကိုယ္ ယံုၾကည္မႈပါဆိုတာ မေျပာခင္ ယံုၾကည္မႈရွိျခင္း(confidence) ဆိုတာ ဘာလဲလို႔ အရင္သိရမွာျဖစ္ပါတယ္။

စိတ္ဓာတ္ျမႇင့္တင္ေရးမွာ ဆရာတစ္ဆူျဖစ္တဲ့ လူးကပ္စ္ကေတာ့ ကုိယ့္ကိုကိုယ္ ယံုၾကည္မႈရွိျခင္းဟာ ေအာက္ပါအခ်က္ (၅) ခ်က္ေပၚမွာ
အေျခခံတယ္လို႔ ေျပာထားပါတယ္။

ဒီအခ်က္ေတြကို သေဘာေပါက္ၿပီဆိုရင္ ရက္သံုးဆယ္အတြင္း သင့္ဟာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိသူအျဖစ္ သတ္မွတ္လို႔ ရပါၿပီ။

၁။ ေၾကာက္႐ြံ႕တုန္လႈပ္ျခင္း

လူတုိင္း ေၾကာက္ဖူးၾကပါတယ္။ လူတုိင္းတုန္လႈပ္ဖူးၾကပါတယ္။ လက္ရွိ ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္၊ အားကစားသမား စတာေတြကို ေမးၾကည့္ပါ။
အသစ္အသစ္ေသာ အေတြ႔အႀကံဳေတြကို ရတဲ့အခါလူေတြဟာ အနည္းနဲ႔အမ်ား တုန္လႈပ္တတ္ၾကပါတယ္။
ဒါဟာ လူတုိင္းျဖစ္တဲ့ ကိစၥပါ။ ဒီလိုခံစားရမႈကတဆင့္ အသားက်သြားေအာင္ ေအာင္ျမင္သူေတြက တည္ေဆာက္တတ္ၾကပါတယ္။

၂။ ကိုယ့္ကို ခ်ယ္လွယ္ခ်ဳပ္ကိုင္လို႔မရ

ဘယ္သူမွ ကိုယ့္ရဲ႕အထက္မွာ မရွိဘူးဆိုတဲ့စိတ္မ်ိဳးေတြထားပါ။ လုပ္ငန္းခြင္ ရာထူးဆိုတာကို ေမ့ထားၿပီး ကိုယ့္ဘဝ ကိုယ္သာလွ်င္ လမ္းေၾကာင္းရမယ္ဆိုတာမ်ိဳး
ေတြးထားပါ။ အျခားသူေတြက သင့္ထက္ စမတ္က်ၿပီး ဝင္ေငြေကာင္းခ်င္ ေကာင္းေနပါလိမ့္မယ္။ ဒါေပမယ့္သင္လည္း အလားအလာရွိသူတစ္ဦးဆုိတာ မေမ့ပါနဲ႔။

၃။ ယံုၾကည္မႈရွိဖို႔ ယံုၾကည္ထားပါ

သင္ဟာ ကိုယ့္ကိုကိုယ္ယံုၾကည္မႈ ရွိသူျဖစ္ဆိုတာကို အၿမဲေတြးေပးပါ။ ဒီလိုယံုၾကည္ထားပါ။ မွန္ၾကည့္ၿပီး အားတက္စရာ စကားေတြ ေျပာပါ။

၄။ ေလ့က်င့္ယူလို႔ရ

ယံုၾကည္မႈ ရိွစြာေနထိုင္ႏုိင္တဲ့ အရည္အခ်င္းဟာ တမုမဟုတ္ခ်င္း ရွာေတြ႔သြားတဲ့အရာ မဟုတ္ပါဘူး။ ေန႔စဥ္ေလ့က်င့္ယူေနရတာပါ။
သင္အားက် ေနတဲ့သူေတြလည္း ယေန႔အထိ ေလ့က်င့္ေနၾကဆဲပါပဲ။

၅။ အဆင္ေျပမယ္လို႔ ေတြး

ရင္ဆုိင္ခဲ့ရဖူးတဲ့ အႀကီးမားဆံုး အခက္အခဲတစ္ခုကို ျပန္ေတြးၾကည့္ပါ။ သင္ဘယ္လိုျဖတ္သန္းခဲ့ၿပီး အခုထိ အဆင္ေျပေျပ ေနႏိုင္ခဲ့တာကို သတိရပါ။
ဒီေတာ့ ေနာက္ႀကံဳလာမယ့္ ကိစၥေတြဟာလည္း အဆင္ေျပသြားမယ္ဆိုတာကိုသာ ေတြးထားပါ။

Source : Life

Credit: Duwun




#Unicode Version#



ကိုယ့်ကိုကိုယ် ယုံကြည်မှုပါဆိုတာ မပြောခင် ယုံကြည်မှုရှိခြင်း(confidence) ဆိုတာ ဘာလဲလို့ အရင်သိရမှာဖြစ်ပါတယ်။

စိတ်ဓာတ်မြှင့်တင်ရေးမှာ ဆရာတစ်ဆူဖြစ်တဲ့ လူးကပ်စ်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းဟာ အောက်ပါအချက် (၅) ချက်ပေါ်မှာ
အခြေခံတယ်လို့ ပြောထားပါတယ်။

ဒီအချက်တွေကို သဘောပေါက်ပြီဆိုရင် ရက်သုံးဆယ်အတွင်း သင့်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူအဖြစ် သတ်မှတ်လို့ ရပါပြီ။

၁။ ကြောက်ရွံ့တုန်လှုပ်ခြင်း

လူတိုင်း ကြောက်ဖူးကြပါတယ်။ လူတိုင်းတုန်လှုပ်ဖူးကြပါတယ်။ လက်ရှိ အောင်မြင်နေတဲ့ သရုပ်ဆောင်၊ အားကစားသမား စတာတွေကို မေးကြည့်ပါ။
အသစ်အသစ်သော အတွေ့အကြုံတွေကို ရတဲ့အခါလူတွေဟာ အနည်းနဲ့အများ တုန်လှုပ်တတ်ကြပါတယ်။
ဒါဟာ လူတိုင်းဖြစ်တဲ့ ကိစ္စပါ။ ဒီလိုခံစားရမှုကတဆင့် အသားကျသွားအောင် အောင်မြင်သူတွေက တည်ဆောက်တတ်ကြပါတယ်။

၂။ ကိုယ့်ကို ချယ်လှယ်ချုပ်ကိုင်လို့မရ

ဘယ်သူမှ ကိုယ့်ရဲ့အထက်မှာ မရှိဘူးဆိုတဲ့စိတ်မျိုးတွေထားပါ။ လုပ်ငန်းခွင် ရာထူးဆိုတာကို မေ့ထားပြီး ကိုယ့်ဘဝ ကိုယ်သာလျှင် လမ်းကြောင်းရမယ်ဆိုတာမျိုး
တွေးထားပါ။ အခြားသူတွေက သင့်ထက် စမတ်ကျပြီး ဝင်ငွေကောင်းချင် ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့်သင်လည်း အလားအလာရှိသူတစ်ဦးဆိုတာ မမေ့ပါနဲ့။

၃။ ယုံကြည်မှုရှိဖို့ ယုံကြည်ထားပါ

သင်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိသူဖြစ်ဆိုတာကို အမြဲတွေးပေးပါ။ ဒီလိုယုံကြည်ထားပါ။ မှန်ကြည့်ပြီး အားတက်စရာ စကားတွေ ပြောပါ။

၄။ လေ့ကျင့်ယူလို့ရ

ယုံကြည်မှု ရှိစွာနေထိုင်နိုင်တဲ့ အရည်အချင်းဟာ တမုမဟုတ်ချင်း ရှာတွေ့သွားတဲ့အရာ မဟုတ်ပါဘူး။ နေ့စဉ်လေ့ကျင့်ယူနေရတာပါ။
သင်အားကျ နေတဲ့သူတွေလည်း ယနေ့အထိ လေ့ကျင့်နေကြဆဲပါပဲ။

၅။ အဆင်ပြေမယ်လို့ တွေး

ရင်ဆိုင်ခဲ့ရဖူးတဲ့ အကြီးမားဆုံး အခက်အခဲတစ်ခုကို ပြန်တွေးကြည့်ပါ။ သင်ဘယ်လိုဖြတ်သန်းခဲ့ပြီး အခုထိ အဆင်ပြေပြေ နေနိုင်ခဲ့တာကို သတိရပါ။
ဒီတော့ နောက်ကြုံလာမယ့် ကိစ္စတွေဟာလည်း အဆင်ပြေသွားမယ်ဆိုတာကိုသာ တွေးထားပါ။

Source : Life

Credit: Duwun

Comments

Popular posts from this blog

ေသာၾကာ သားသမီးေလးေတြ အေၾကာင္း...!

ဆီဆိုင္က ဝန္ထမ္းေတြ အမ်ိဳးသမီးအိမ္သာကို ေနာက္ကေခ်ာင္းၾကည့္ေနၾကတယ္တဲ့ .. လမ္းခရီးသြားတဲ့ အမ်ိဳးသမီးမ်ား သတိထားၾကပါ။

အသည္းတယားယားနဲ႔ ၾကည့္ရမယ့္ ေနျခည္ဦးရဲ႕ပံုေလးေတြ