ေရဗူးေတြကုိ ထပ္တလဲလဲသုံးေနသူေတြ ဒါေလးေတာ့ ဖတ္ထားသင့္ပါတယ္ ..!

ကြ်န္ေတာ္တုိ႔ေတြ ေန႔စဥ္တုိင္းလုိလုိမွာ ေရသန္႔ဗူးေတြကုိ အၿမဲတေစ ဝယ္မေသာက္ႏုိင္လုိ႔ တစ္ခါဝယ္ၿပီးတဲ႔ ေရဗူးေတြကုိ
ထပ္တလဲလဲ အသုံးျပဳေလ့ရွိပါတယ္။ ဒါဟာ မွားယြင္းတဲ႔ အေလ့အထပါ။ ဒါ့အျပင္ ကြ်န္ေတာ္အၿမဲျပန္သုံးေနတဲ႔ ေရသန္႔ဗူးေတြမွာပါ
အၿမဲမသုံးသင့္တဲ႔ သတိေပးခ်က္ေလးေတြ ပါဝင္ေနတာဆုိတာ ကြ်န္ေတာ္တုိ႔ကုိယ္တုိင္ သတိမထားတာပါ။
ဒီအေၾကာင္းေလးကုိ ေဖာ္ျပေပးသြားခ်င္ပါတယ္။

 ေရသန္႔ဗူးေတြရဲ႕ေအာက္ေျခအနီးတဝုိက္မွာ 1 (PET သုိ႔မဟုတ္ PETE) ဆုိတာေလးကုိ တစ္ခ်က္ေလာက္ ရွာေဖြၾကည့္လုိက္ပါ။
ကြ်န္ေတာ္ေလ့လာရသေလာက္ ဒီႏုိင္ငံက ေရသန္႔ဗူးေတာ္ေတာ္မ်ားမ်ားမွာလည္း 1 (PET သုိ႔မဟုတ္ PETE) ဆုိတာေလး
ပါဝင္ေနပါတယ္။ 1 (PET သုိ႔မဟုတ္ PETE) ဆုိတာကေတာ့ တစ္ခ်ိန္တစ္ႀကိမ္ခါ အသုံးျပဳသင့္တယ္လုိ႔ ဆုိလုိတာျဖစ္ပါတယ္။


ဒီတံဆိပ္ပါဝင္တဲ႔ ေရသန္႔ဗူးေတြဟာ ေအာက္ဆီဂ်င္ သုိ႔မဟုတ္ ေနေရာင္ျခည္လုိ ျမင့္မားတဲ႔ အပူခ်ိန္နဲ႔ ထိေတြ႕လုိက္တဲ႔အခါ
ေရဗူးထဲက ေရေတြဟာ ဓာတုပစၥည္းေတြ ဝင္ေရာက္သြားႏုိင္ၿပီး ေရကုိ အဆိပ္သင့္သြားေစႏုိင္ပါတယ္။

 လုံးဝကုိ ေရွာင္ၾကည္သင့္တဲ႔ ေရသန္႔ဗူးေတြကေတာ့ ေရသန္႔ဗူးေအာက္ေျခမွာ 3 သုိ႔မဟုတ္ 7 (PVC နဲ႔ PC) တုိ႔ပါဝင္တဲ႔
ေရဗူးေတြပဲျဖစ္ပါတယ္။ ဒီေရဗူးေတြဟာ အဆိပ္အေတာက္ျဖစ္မႈကုိ ပုိမုိအားေပးေစႏုိင္ပါတယ္။ အေကာင္းဆုံးကေတာ့
Polyethylene နဲ႔ ျပဳလုပ္ထားတဲ႔ 2 နဲ႔ 4 ၊ Polypropylene နဲ႔ျပဳလုပ္ထားတဲ႔ 5 နဲ႔ PP တံဆိပ္ပါတဲ႔ ေရသန္႔ဗူးေတြဟာ မၾကာခဏ
ေသာက္သုံးဖုိ႔အတြက္ အေကာင္းဆုံးပါပဲ။ ပုိၿပီးစိတ္ခ်ခ်င္ရင္ေတာ့ အေပၚကေဖာ္ျပခဲ႔တဲ႔ ေရဗူးႏွစ္မ်ိဳးကုိ ေရခဲေသတၱာထဲထည့္ၿပီး
ေသာက္သုံးတာ စိတ္ခ်ရပါတယ္။

 သိပၸံပညာရွင္ေတြရဲ႕ ေျပာဆုိခ်က္အရ ေရဗူးေတြဟာ အိမ္သာခုံနီးပါးေလာက္ကုိ ညစ္ပတ္မႈရွိတာျခင္း တူညီႏုိင္တယ္လုိ႔ သိရပါတယ္။
 ေရဗူးမွာရွိတဲ႔ ဘက္တီးရီးယားပုိးေတြဟာ အဆမတန္ကုိ မ်ားျပားလြန္းတာေၾကာင့္ မၾကာခဏ ျပန္လည္သုံးစြဲမယ္ဆုိရင္
 ေသခ်ာေဆးေၾကာသန္႔စင္သင့္ပါတယ္။ ေနာက္ဆုံးေျပာျပခ်င္တာကေတာ့ ဘက္တီးရီးယားေတြဟာ ေရသန္႔ဗူးရဲ႕ လည္ပင္းဝနားမွာ
ပုိမုိမ်ားတာေၾကာင့္ ေရဗူးကုိ ပုိက္နဲ႔စုပ္ေသာက္တာကလည္း အႏၲရာယ္ကင္းေစႏုိင္ေၾကာင္း စုစည္းတင္ျပလုိက္ပါတယ္ခင္ဗ်ာ။

 VitamiN

Ref: brightside

Credit: Thit Htoo Lwin

Unicode Version#

ကျွန်တော်တို့တွေ နေ့စဉ်တိုင်းလိုလိုမှာ ရေသန့်ဗူးတွေကို အမြဲတစေ ဝယ်မသောက်နိုင်လို့ တစ်ခါဝယ်ပြီးတဲ့ ရေဗူးတွေကို
ထပ်တလဲလဲ အသုံးပြုလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတဲ့ အလေ့အထပါ။ ဒါ့အပြင် ကျွန်တော်အမြဲပြန်သုံးနေတဲ့ ရေသန့်ဗူးတွေမှာပါ
အမြဲမသုံးသင့်တဲ့ သတိပေးချက်လေးတွေ ပါဝင်နေတာဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သတိမထားတာပါ။
ဒီအကြောင်းလေးကို ဖော်ပြပေးသွားချင်ပါတယ်။

 ရေသန့်ဗူးတွေရဲ့အောက်ခြေအနီးတဝိုက်မှာ 1 (PET သို့မဟုတ် PETE) ဆိုတာလေးကို တစ်ချက်လောက် ရှာဖွေကြည့်လိုက်ပါ။
ကျွန်တော်လေ့လာရသလောက် ဒီနိုင်ငံက ရေသန့်ဗူးတော်တော်များများမှာလည်း 1 (PET သို့မဟုတ် PETE) ဆိုတာလေး
ပါဝင်နေပါတယ်။ 1 (PET သို့မဟုတ် PETE) ဆိုတာကတော့ တစ်ချိန်တစ်ကြိမ်ခါ အသုံးပြုသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။


ဒီတံဆိပ်ပါဝင်တဲ့ ရေသန့်ဗူးတွေဟာ အောက်ဆီဂျင် သို့မဟုတ် နေရောင်ခြည်လို မြင့်မားတဲ့ အပူချိန်နဲ့ ထိတွေ့လိုက်တဲ့အခါ
ရေဗူးထဲက ရေတွေဟာ ဓာတုပစ္စည်းတွေ ဝင်ရောက်သွားနိုင်ပြီး ရေကို အဆိပ်သင့်သွားစေနိုင်ပါတယ်။

 လုံးဝကို ရှောင်ကြည်သင့်တဲ့ ရေသန့်ဗူးတွေကတော့ ရေသန့်ဗူးအောက်ခြေမှာ 3 သို့မဟုတ် 7 (PVC နဲ့ PC) တို့ပါဝင်တဲ့
ရေဗူးတွေပဲဖြစ်ပါတယ်။ ဒီရေဗူးတွေဟာ အဆိပ်အတောက်ဖြစ်မှုကို ပိုမိုအားပေးစေနိုင်ပါတယ်။ အကောင်းဆုံးကတော့
Polyethylene နဲ့ ပြုလုပ်ထားတဲ့ 2 နဲ့ 4 ၊ Polypropylene နဲ့ပြုလုပ်ထားတဲ့ 5 နဲ့ PP တံဆိပ်ပါတဲ့ ရေသန့်ဗူးတွေဟာ မကြာခဏ
သောက်သုံးဖို့အတွက် အကောင်းဆုံးပါပဲ။ ပိုပြီးစိတ်ချချင်ရင်တော့ အပေါ်ကဖော်ပြခဲ့တဲ့ ရေဗူးနှစ်မျိုးကို ရေခဲသေတ္တာထဲထည့်ပြီး
သောက်သုံးတာ စိတ်ချရပါတယ်။

 သိပ္ပံပညာရှင်တွေရဲ့ ပြောဆိုချက်အရ ရေဗူးတွေဟာ အိမ်သာခုံနီးပါးလောက်ကို ညစ်ပတ်မှုရှိတာခြင်း တူညီနိုင်တယ်လို့ သိရပါတယ်။
 ရေဗူးမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ အဆမတန်ကို များပြားလွန်းတာကြောင့် မကြာခဏ ပြန်လည်သုံးစွဲမယ်ဆိုရင်
 သေချာဆေးကြောသန့်စင်သင့်ပါတယ်။ နောက်ဆုံးပြောပြချင်တာကတော့ ဘက်တီးရီးယားတွေဟာ ရေသန့်ဗူးရဲ့ လည်ပင်းဝနားမှာ
ပိုမိုများတာကြောင့် ရေဗူးကို ပိုက်နဲ့စုပ်သောက်တာကလည်း အန္တရာယ်ကင်းစေနိုင်ကြောင်း စုစည်းတင်ပြလိုက်ပါတယ်ခင်ဗျာ။

 VitamiN

Ref: brightside

Credit: Thit Htoo Lwin

Comments

Popular posts from this blog

ေသာၾကာ သားသမီးေလးေတြ အေၾကာင္း...!

ဆီဆိုင္က ဝန္ထမ္းေတြ အမ်ိဳးသမီးအိမ္သာကို ေနာက္ကေခ်ာင္းၾကည့္ေနၾကတယ္တဲ့ .. လမ္းခရီးသြားတဲ့ အမ်ိဳးသမီးမ်ား သတိထားၾကပါ။

အသည္းတယားယားနဲ႔ ၾကည့္ရမယ့္ ေနျခည္ဦးရဲ႕ပံုေလးေတြ