နဖူးကို ၾကင္ၾကင္နာနာ နမ္းျခင္းရဲ့ အဓိပၸာယ္

ခ်စ္သူရဲ့ နဖူးေလးကို ၾကင္ၾကင္နာနာ နမ္းဖူးတဲ့သူေတြရွိသလို အနမ္းခံရဖူးတဲ့ သူေတြလည္းရွိမွာပါေနာ္။
 အမ်ားအားျဖင့္ေတာ့ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြကို နမ္းေလ့ရွိတဲ့ အနမ္းေလးပါ။ ပါးနဲ႔ႏႈတ္ခမ္းကိုမဟုတ္ဘဲနဖူးေလးကို ႏူးႏူးညံ့ညံ့ေလး သူအနမ္းေခၽြလိုက္တဲ့အခါ ရင္ထဲမွာ ေႏြးေထြးၾကည္ႏူးရတဲ့ အခိုက္တန္႕ေလးခ်စ္သူတိုင္းမွာရွိၾကမွာပါ။ ကိုယ့္ခ်စ္သူ ကိုယ့္ကို ဘယ္အခ်ိန္မွာ နဖူးကိုနမ္းတယ္လို႔ သင္သတိထားမိလဲ။
ဘာလို႔နမ္းတယ္လို႔ထင္သလဲ။

၁။ သင္တစ္ခုခုကို မေက်မနပ္ျဖစ္ေနတဲ့အခါ

သင္တစ္ခုခုေၾကာင့္ စိတ္မေက်မနပ္ျဖစ္ေနတဲ့အခါ ခ်စ္သူက သင့္နဖူးကိုဖြဖြေလးနမ္းေလ့ရွိပါတယ္။ သင္ငိုေနတဲ့အခါသင္နာက်င္ေနတဲ့အခါ ခ်စ္သူက မၾကည့္ရက္လို႔ အဲလိုနမ္းတာျဖစ္ၿပီး အဲဒီရဲ့အဓိပၸာယ္ကေတာ့ မေကာင္းတဲ့အေတြးေတြနာက်င္မႈေတြကေန ရုန္းထြက္လိုက္ပါေတာ့လို႔ အဓိပၸာယ္ရတယ္။

၂။ သင့္ကို ကာကြယ္ေပးခ်င္တဲ့အခါ။

သင့္နဖူးေလးကို သူနမ္းလိုက္တာဟာ သူသင့္ကို ကာကြယ္ေပးခ်င္တယ္လို႔ ေျပာတာနဲ႔အတူတူပါပဲ။
သင္စိတ္ဖိစီးေနတဲ့အခါ (သို႔) အႏၱရာယ္တစ္ခုခုနဲ႔ ႀကံဳေတြ႔ရတဲ့အခါ နဖူးေလးကို သူနမ္းေလ့ရွိပါတယ္။
ဘာလို႔လဲဆိုေတာ့ သူသင့္ကို ကာကြယ္ေပးခ်င္လို႔ပါတဲ့။ သင့္ေဘးမွာ မေကာင္းတဲ့ကိစၥေတြမွန္သမွ်
သူကာကြယ္ေပးသြားမယ္ဆိုတဲ့ အဓိပၸာယ္ေဆာင္ပါတယ္။

၃။ သူဟာအရပ္ရွည္ၿပီး သင့္ကိုခ်စ္စရာေကာင္းတယ္လို႔ျမင္တယ္။

နဖူးကိုနမ္းတယ္ဆိုကတည္းက ေသခ်ာၿပီ။ သင့္ခ်စ္သူက သင့္ထက္အရပ္ပိုရွည္ၿပီး သင့္ကို ကေလးေလးတစ္ေယာက္လိုနမ္းတာပါပဲ။

၄။ သင့္အေပၚ သူေလးစားလို႔

သင့္ခ်စ္သူဟာ သင့္အေပၚ ေလးစားမႈ ၾကင္နာမႈအျပည့္ရွိလို႔ နဖူးေလးကို နမ္းတာပါ။ နဖူးကိုနမ္းတာေလာက္ ရိုမန္႔တစ္ဆန္တာဘယ္မွာရွိဦးမွာလား။

၅။ ခ်စ္လို႔နမ္းတာပါ။

နဖူးကိုနမ္းတာဟာ ကမၻာေပၚမွာ လူႀကိဳက္မ်ားတဲ့ အနမ္းတစ္ခုပါပဲ။ အဲဒီအနမ္းရဲ့ အဓိပၸာယ္ကေတာ့ သင့္ကို ဂရုစိုက္ခ်င္တယ္။ သင့္ကိုအရမ္းခ်စ္တယ္လို႔ အဓိပၸာယ္ေဆာင္ပါတယ္။ ခ်စ္လားလို႔ေမးလိုက္တဲ့အခါ ေျဖစရာမလိုဘဲ သူနဖူးေလးကိုနမ္းလိုက္ရင္
အလိုလိုသေဘာေပါက္ထားရမွာကေတာ့ သူသင့္ကို အရမ္းခ်စ္တယ္ဆိုတာပါပဲ။


Credit: mystyle

Unicode Version #

 နဖူးကို ကြင်ကြင်နာနာ နမ်းခြင်းရဲ့ အဓိပ္ပာယ်


ချစ်သူရဲ့ နဖူးလေးကို ကြင်ကြင်နာနာ နမ်းဖူးတဲ့သူတွေရှိသလို အနမ်းခံရဖူးတဲ့ သူတွေလည်းရှိမှာပါနော်။
 အများအားဖြင့်တော့ အမျိုးသားတွေက အမျိုးသမီးတွေကို နမ်းလေ့ရှိတဲ့ အနမ်းလေးပါ။ ပါးနဲ့ နှုတ်ခမ်းကိုမဟုတ်ဘဲ
နဖူးလေးကို နူးနူးညံ့ညံ့လေး သူအနမ်းချွေလိုက်တဲ့အခါ ရင်ထဲမှာ နွေးထွေးကြည်နူးရတဲ့ အခိုက်တန့်လေး
ချစ်သူတိုင်းမှာရှိကြမှာပါ။ ကိုယ့်ချစ်သူ ကိုယ့်ကို ဘယ်အချိန်မှာ နဖူးကိုနမ်းတယ်လို့ သင်သတိထားမိလဲ။
ဘာလို့နမ်းတယ်လို့ထင်သလဲ။

၁။ သင်တစ်ခုခုကို မကျေမနပ်ဖြစ်နေတဲ့အခါ

သင်တစ်ခုခုကြောင့် စိတ်မကျေမနပ်ဖြစ်နေတဲ့အခါ ချစ်သူက သင့်နဖူးကိုဖွဖွလေးနမ်းလေ့ရှိပါတယ်။ သင်ငိုနေတဲ့အခါ
 သင်နာကျင်နေတဲ့အခါ ချစ်သူက မကြည့်ရက်လို့ အဲလိုနမ်းတာဖြစ်ပြီး အဲဒီရဲ့အဓိပ္ပာယ်ကတော့ မကောင်းတဲ့အတွေးတွေ
နာကျင်မှုတွေကနေ ရုန်းထွက်လိုက်ပါတော့လို့ အဓိပ္ပာယ်ရတယ်။
Young lovely couple walking in spring park

၂။ သင့်ကို ကာကွယ်ပေးချင်တဲ့အခါ။

သင့်နဖူးလေးကို သူနမ်းလိုက်တာဟာ သူသင့်ကို ကကွယ်ပေးချင်တယ်လို့ ပြောတာနဲ့အတူတူပါပဲ။
သင်စိတ်ဖိစီးနေတဲ့အခါ (သို့) အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ နဖူးလေးကို သူနမ်းလေ့ရှိပါတယ်။
ဘာလို့လဲဆိုတော့ သူသင့်ကို ကာကွယ်ပေးချင်လို့ပါတဲ့။ သင့်ဘေးမှာ မကောင်းတဲ့ကိစ္စတွေမှန်သမျှ
သူကာကွယ်ပေးသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။

၃။ သူဟာအရပ်ရှည်ပြီး သင့်ကိုချစ်စရာကောင်းတယ်လို့မြင်တယ်။

နဖူးကိုနမ်းတယ်ဆိုကတည်းက သေချာပြီ။ သင့်ချစ်သူက သင့်ထက်အရပ်ပိုရှည်ပြီး သင့်ကို ကလေးလေးတစ်ယောက်လို
နမ်းတာပါပဲ။

၄။ သင့်အပေါ် သူလေးစားလို့

သင့်ချစ်သူဟာ သင့်အပေါ် လေးစားမှု ကြင်နာမှုအပြည့်ရှိလို့ နဖူးလေးကို နမ်းတာပါ။ နဖူးကိုနမ်းတာလောက် ရိုမန့်တစ်ဆန်တာ
 ဘယ်မှာရှိဦးမှာလား။

၅။ ချစ်လို့နမ်းတာပါ။

နဖူးကိုနမ်းတာဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ အနမ်းတစ်ခုပါပဲ။ အဲဒီအနမ်းရဲ့ အဓိပ္ပာယ်ကတော့ သင့်ကို ဂရုစိုက်ချင်တယ်။
 သင့်ကိုအရမ်းချစ်တယ်လို့ အဓိပ္ပာယ်ဆောင်ပါတယ်။ ချစ်လားလို့ မေးလိုက်တဲ့အခါ ဖြေစရာမလိုဘဲ သူနဖူးလေးကိုနမ်းလိုက်ရင်
 အလိုလိုသဘောပေါက်ထားရမှာကတော့ သူသင့်ကို အရမ်းချစ်တယ်ဆိုတာပါပဲ။


Credit: mystyle


Comments

Popular posts from this blog

ေသာၾကာ သားသမီးေလးေတြ အေၾကာင္း...!

ဆီဆိုင္က ဝန္ထမ္းေတြ အမ်ိဳးသမီးအိမ္သာကို ေနာက္ကေခ်ာင္းၾကည့္ေနၾကတယ္တဲ့ .. လမ္းခရီးသြားတဲ့ အမ်ိဳးသမီးမ်ား သတိထားၾကပါ။

အသည္းတယားယားနဲ႔ ၾကည့္ရမယ့္ ေနျခည္ဦးရဲ႕ပံုေလးေတြ