ဥာဏ္ႀကီးရွင္ေလးေမြးလာဖို႔ ေမေမတို႔ ဒါေတြ စားေပးပါ
သင့္ရဲ႕ကေလးေလးကို မိခင္ရဲ႕ ဗိုက္ထဲမွာကတည္းကတင္ ဥာဏ္ႀကီးရွင္ေလးျဖစ္လာေအာင္ ျပဳစုပ်ဳိးေထာင္ေပးလို႔ရပါတယ္။ ကေလးေလးကို စာဖတ္ျပတာ၊ စကားေျပာေပးတာ၊ သီခ်င္းဖြင့္ျပ တာ စတဲ့
အေလ့အက်င့္ေတြနဲ႔ ဥာဏ္ရည္ဥာဏ္ေသြးထက္ျမက္လာေအာင္ ပ်ဳိးေထာင္ေပးလို႔ ရႏိုင္သလို ကိုယ္ဝန္လြယ္ထားစဥ္ ကေလးရဲ႕ ဦးေႏွာက္နဲ႔ ဥာဏ္ရည္ဖြံ႕ၿဖိဳးေနခ်ိန္မွာ ႐ုပ္ပိုင္းဆိုင္ရာအရ
လိုအပ္တဲ့ အာဟာဓာတ္ေတြကို လံုေလာက္မႈရွိေအာင္ စားေသာက္ေပးျခင္းျဖင့္လည္း ဥာဏ္ေကာင္းတဲ့ ကေလးေလးျဖစ္ေအာင္ ျပဳစုေပးလို႔ရတယ္လို႔ ပညာရွင္ေတြ အခိုင္အမာဆိုထားပါတယ္။
ဒါဆိုရင္ ဥာဏ္ႀကီးရွင္ေလး ေမြးလာဖို႔ ေမေမတို႔ ကိုယ္ဝန္ေဆာင္ထားစဥ္မွာ စားသံုးေပးရမယ့္ အစားအေသာက္နဲ႔ အာဟာရဓာတ္ေတြ က ဘာေတြမ်ား ျဖစ္ႏိုင္ပါသလဲ။
ငါး
ရင္ေသြးေလးရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ ကိုယ္ဝန္ေဆာင္ မိခင္ေတြမရွိမျဖစ္ လိုအပ္တဲ့ အာဟာရဓာတ္က Omega-3 Fatty Acid ျဖစ္ပါတယ္။ ဆယ္လ္မြန္၊ တူနာ၊ ငါးကြမ္းရွပ္ စတဲ့ငါးေတြဟာ
Omega-3 Fatty Acid ႂကြယ္ဝစြာပါဝင္တဲ့ ငါးအမ်ဳိးအစားမ်ား ျဖစ္ပါတယ္။ ဒါေပမဲ့ ကိုယ္ဝန္ေဆာင္ထားခ်ိန္မွာ ငါးအခ်ဳိ႕မွာ ပါဝင္ မာက်ဴရီဓာတ္ေၾကာင့္ တူနာ၊ ဆာဒင္း စတဲ့ ငါးမ်ားကို
ကိုယ္ဝန္ေဆာင္ခ်ိန္ စားသံုးမႈကို ေရွာင္ၾကဥ္သင့္ပါတယ္။ ဆယ္လ္မြန္ငါးကေတာ့ ႁခြင္းခ်က္ျဖစ္ၿပီး ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ရင္ေသြးအတြက္ ေဘးကင္းကာ Omega-3 Fatty Acid ပါဝင္မႈ
အလြန္ျမင့္မားတာေၾကာင့္ ကေလးရဲ႕ ဦးေႏွာက္ဖြံံ႕ၿဖိဳးဖို႔ အတြက္ စားသံုးေပးသင့္တယ္လို႔ ပညာရွင္ေတြ တိုက္တြန္းထားပါတယ္။
အိုင္အိုဒင္း
အိုင္အိုဒင္း ပါဝင္မႈျမင့္မားတဲ့ ကမာ ကလည္း ကေလးရဲ႕ဥာဏ္ရည္ ဖြံ႕ၿဖိဳးဖို႔အတြက္ စားသံုးေပးသင့္တဲ့ အစားအစာစာရင္းမွာ ပါဝင္ပါတယ္။ မိခင္ျဖစ္သူ ကိုယ္ဝန္ေဆာင္ထားစဥ္မွာ အုိင္အိုဒင္းဓာတ္
လံုေလာက္ေအာင္ မရရွိထားရင္ ရင္ေသြးျဖစ္သူရဲ႕ ဥာဏ္ရည္ဥာဏ္ေသြးအေပၚ ထိခိုက္မႈရွိႏိုင္ေၾကာင္းကို သုေတသီေတြ လ့လာမႈေတြျပဳလုပ္ၿပီးေနာက္ ေတြ႕ရွိခဲ့ၿပီးျဖစ္ပါတယ္။
ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြ ေန႔စဥ္အစားအေသာက္ထဲမွာ အိုင္အုိဒင္းဓာတ္ပါဝင္ေအာင္ ထည့္သြင္းစားသံုးေပးဖို႔ အေရးႀကီးတယ္ လို႔ သိရပါတယ္။
တစ္ခ်ဳိ႕ပင္လယ္စာေတြမွာ အိုင္အိုဒင္းဓာတ္ပါဝင္တာမွန္ေပမဲ့ စားသံုးတဲ့အခါမွာ ေသခ်ာက်က္ေအာင္ ခ်က္ျပဳတ္ဖို႔ လိုအပ္ၿပီး ပင္ လယ္စာနဲ႔ ငါးစားသံုးမယ္ဆိုတဲ့အခါ ဆရာဝန္ညႊန္ၾကားခ်က္ကို
လိုက္နာဖို႔လည္း လိုအပ္ပါတယ္။ ပင္လယ္စာအျပင္ ၾကက္ဥ၊ ဒိန္ခ်ဥ္စတဲ့ အစားအစာမ်ားမွာလည္း အုိင္အိုဒင္းဓာတ္ပါဝင္ပါတယ္။
အစိမ္းေရာင္ ဟင္းသီးဟင္းရြက္
အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြမွာ Folic Acid ပါဝင္ၿပီး အဆိုပါ အာဟာရဓာတ္ဟာ မိခင္ဝမ္းဗိုက္ထဲမွာ ရွိေနတဲ့ ကေလးရဲ႕ ဦးေႏွာက္ ဆဲလ္ေတြဖြံ႔ၿဖိဳးျဖစ္ေပၚအတြက္ မရွိမျဖစ္လိုအပ္တဲ့ အေရးႀကီး
အာဟာရဓာတ္ တစ္မ်ဳိးျဖစ္ပါတယ္။ ေလ့လာမႈေတြျပဳလုပ္ၿပီးေနာက္ ကိုယ္ဝန္မေဆာင္ ခင္ ရက္သတၱပတ္
၄ ပတ္ အလိုနဲ႔ ကိုယ္ဝန္ရရွိၿပီး ရက္သတၱပတ္ ၈ ပတ္အထိ Folic Acid ႂကြယ္ဝစြာပါဝင္တဲ့ အစားအစာေတြကို စားသံုးတဲ့ မိခင္ျဖစ္သူေတြ ေမြးဖြားလာတဲ့ကေလးငယ္ေတြမွာ
ေအာ္တစ္ဇင္ေရာဂါ ျဖစ္ႏိုင္ေျခ ၄ဝ% ခန္႔ေလ်ာ့နည္းေနတာကုိ ေတြ႕ရွိခဲ့ရတယ္လုိ႔ သိရပါတယ္။ အစိမ္းေရာင္ အသီးအရြက္မ်ားအျပင္ Folic Acid ႂကြယ္ဝစြာပါဝင္ၿပီး ကိုယ္ဝန္ေဆာင္မိခင္ေတြ
စားသံုးေပးသင့္တဲ့ အစားအစာေတြထဲမွာ ပဲနီကေလးလည္းပါဝင္ပါတယ္။
ၾကက္ဥ
ၾကက္ဥမွာ ကေလးငယ္ရဲ႕ ဦးေႏွာက္ ဖြံ႔ၿဖိဳးမႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္ႏွစ္မ်ဳိးျဖစ္တဲ့ သံဓာတ္နဲ႔ ပ႐ိုတိန္းဓာတ္ ျမင့္မားစြာ ပါဝင္ပါတယ္။
ကေလးရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈနဲ႔ မွတ္ဥာဏ္စြမ္းရည္ ကိုတုိးတက္ေကာင္းမြန္ေစတဲ့ Amino Acid နဲ႔ Choline စတဲ့ အာဟာရဓာတ္ေတြလည္း ၾကက္ဥမွာ ပါဝင္ပါေသးတယ္။
ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ တစ္ရက္တာအတြက္ လုိအပ္တဲ့ Choline ကိုရရွိဖို႔ တစ္ရက္ကို ၾကက္ဥ ၂ လံုးစားေပးသင့္တယ္လို႔ အာဟာရေဗဒပညာရွင္ေတြ ဆိုပါတယ္။
ၾကက္ဥမွာပါဝင္တဲ့ သံဓာတ္နဲ႔ ပ႐ိုတိန္းက ကေလးရဲ႕ ဥာဏ္ရည္ကို တိုးတက္ေစ႐ံုသာမက ကုိယ္အေလးခ်ိန္တက္ဖို႔ပါ ကူညီေပးႏိုင္ပါတယ္။
ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ မျပည့္တဲ့ကေလးေတြမွာ ဥာဏ္ရည္ေလ်ာ့နည္းႏုိင္တဲ့ ျပႆနာနဲ႔ ဆက္စပ္မႈရွိေနတယ္လို႔ ပညာရွင္ေတြ အေလးအနက္ သတိေပးထားပါတယ္။
အေစ့အဆန္မ်ား
Almond ေစ့ကို ေန႔စဥ္ လက္တစ္ဆုပ္စာခန္႔ စားေပးျခင္းျဖင့္ ေမေမတို႔ ဥာဏ္ႀကီးရွင္ေလး ေမြးဖြားလာႏိုင္ေျခ အလြန္ျမင့္မားလာႏိုင္တယ္လို႔ သိရပါတယ္။
Almond သာမကပဲ ဘယ္လို အေစ့အဆန္မ်ဳိးကို စားသံုးျခင္းမွမဆို အဆိုပါအက်ိဳးအာနိသင္ကို ရရွိႏိုင္ပါတယ္။ အေစ့အဆန္ေတြမွာ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အဆီဓာတ္ေတြ၊ ဦးေႏွာက္ဖြံ႔ၿဖိဳးမႈနဲ႔
ဥာဏ္ရည္ဥာဏ္ေသြး တိုးတက္ဖို႔အတြက္ အလြန္အစြမ္းထက္တဲ့ Omega-3 Fatty Acid ၊ အမွ်င္ဓာတ္၊ ပ႐ိုတိန္းနဲ႔ ဗီတာမင္ေတြပါဝင္တာေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ နဲ႔ ကေလးျဖစ္သူရဲ႕
က်န္းမာဖြံ႕ၿဖိဳးေရးအတြက္ အလြန္ကိုသင့္ေတာ္တဲ့ သြားေရစာတစ္မ်ဳိးလို႔ေတာင္ ဆိုလိုႏိုင္ပါတယ္။
ႏို႔နဲ႔ႏို႔ထြက္ပစၥည္းမ်ား
ကိုယ္ဝန္ေဆာင္ထားခ်ိန္ မိခင္ျဖစ္သူရဲ႕ အ စားအေသာက္စားသံုးမႈဟာ ဗိုက္ထဲမွာ ရွိေနတဲ့ ရင္ေသြးျဖစ္သူရဲ႕ က်န္းမာေရး၊ ဖြံ႕ၿဖိဳးႀကီးထြားမႈ စတာေတြနဲ႔ တိုက္႐ိုက္သက္ဆိုင္မႈ ရွိေနပါတယ္။
မိခင္ျဖစ္သူက Probiotic Foods လို႔ေခၚတဲ့ ခ်ိစ္၊ ဒိန္ခ်ဥ္စတဲ့ အစားအစာေတြစားသံုးျခင္းျဖင့္ ကေလးရဲ႕ ဦးေႏွာက္ဖြင့္ျဖိဳးမႈနဲ႔ မွတ္ဥာဏ္စြမ္းရည္ ကို ပိုမိုတိုးတက္ေကာင္းမြန္ေစႏိုင္တယ္လို႔ သိရပါတယ္။
ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ ခႏၶာကိုယ္ဟာ လြယ္ထားရတဲ့ရင္ေသြးရဲ႕ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာနာ့ဗ္ဆဲလ္ေတြ ဖြံ႕ၿဖိဳးလာဖို႔အတြက္ ျပင္းျပင္းထန္ထန္အလုပ္လုပ္ရတာေၾကာင့္ ပ႐ိုတိန္းဓာတ္ကို ပံုမွန္ထပ္ပိုၿပီး
လိုအပ္ပါတယ္။ ဒိန္ခ်ဥ္လိုမ်ဳိး ႏုိ႔နဲ႔ႏို႔ထြက္ပစၥည္းေတြမွာ ပ႐ိုတိန္းဓာတ္ပါဝင္မႈ ျမင့္မားတဲ့အျပင္ ရင္ေသြးငယ္ေလးရဲ႕အ႐ိုးေတြ ဖြံ႕ၿဖိဳးသန္မာလာေစဖို႔လိုအပ္တဲ့ ကယ္လ္ဆီယမ္ ဓာတ္လည္း
ပါဝင္တာေၾကာင့္ မိခင္ျဖစ္သူေတြ စားသံုးေပးသင့္တဲ့ အစားအစာတစ္မ်ဳိးျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။ မိခင္ျဖစ္သူ ဗီတာမင္ D ဓာတ္ ခ်ဳိ႕တဲ့ျခင္းေၾကာင့္ ေနာက္ဆက္တြဲအေနနဲ႔ ေမြးဖြားလာတဲ့
ကေလးငယ္မွာ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ ေႏွးေကြးတာမ်ဳိး ၾကံဳေတြ႕ရႏိုင္ေျခရွိတယ္လို႔ သိရပါတယ္။ ကိုယ္ဝန္ေဆာင္ထားခ်ိန္မွာ ဗီတာမင္ D ပါဝင္တဲ့ ခ်ိစ္ကို စားသံုးေပးျခင္းျဖင့္ ေန႔စဥ္ လိုအပ္တဲ့
ဗီတာမင္ D ကို တစ္စိတ္တစ္ပုိင္း ရရွိႏိုင္ပါတယ္။
သံဓာတ္
ကိုယ္ဝန္လြယ္ထားစဥ္မွာ သံဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြစားသံုးေပးျခင္းျဖင့္ ရင္ေသြးျဖစ္သူရဲ႕ ဥာဏ္ရည္ကို ပိုၿပီးတိုးတက္ေကာင္းမြန္ေစတဲ့ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို အားေပးရာေရာက္တယ္လို႔
ေလ့လာမႈေတြျပဳလုပ္ၿပီး ထြက္ရွိလာတဲ့ရလဒ္ေတြအရ သိရပါတယ္။ သံဓာတ္က ဝမ္းဗိုက္ထဲက ကေလးငယ္ရဲ႕ ဦးေႏွာက္ဆဲလ္ေတြထံ ေအာက္ဆီဂ်င္ေရာက္ရွိေအာင္ သယ္ေဆာင္ေပးတဲ့
ေနရာမွာ အဓိက အေရးပါတဲ့ အခန္းက႑မွ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ သံဓာတ္ႂကြယ္ဝစြာ ပါဝင္တဲ့
ပဲအမ်ဳိးမ်ဳိး၊ ၾကက္သား၊ ဟင္းႏုႏြယ္၊ စပ်စ္သီးေျခာက္ စတဲ့ အစားအစာေတြကို ကိုယ္ဝန္ေဆာင္ကာလမွာ မၾကာခဏဆိုသလို စားသံုးေပးသင့္ပါတယ္။
Ref; pregnancy foods make baby smarter womb
Credit: www.people.com
Unicode Version #
သင့်ရဲ့ကလေးလေးကို မိခင်ရဲ့ ဗိုက်ထဲမှာကတည်းကတင် ဉာဏ်ကြီးရှင်လေးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးလို့ရပါတယ်။ ကလေးလေးကို စာဖတ်ပြတာ၊ စကားပြောပေးတာ၊ သီချင်းဖွင့်ပြ တာ စတဲ့
အလေ့အကျင့်တွေနဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာအောင် ပျိုးထောင်ပေးလို့ ရနိုင်သလို ကိုယ်ဝန်လွယ်ထားစဉ် ကလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးနေချိန်မှာ ရုပ်ပိုင်းဆိုင်ရာအရ
လိုအပ်တဲ့ အာဟာဓာတ်တွေကို လုံလောက်မှုရှိအောင် စားသောက်ပေးခြင်းဖြင့်လည်း ဉာဏ်ကောင်းတဲ့ ကလေးလေးဖြစ်အောင် ပြုစုပေးလို့ရတယ်လို့ ပညာရှင်တွေ အခိုင်အမာဆိုထားပါတယ်။
ဒါဆိုရင် ဉာဏ်ကြီးရှင်လေး မွေးလာဖို့ မေမေတို့ ကိုယ်ဝန်ဆောင်ထားစဉ်မှာ စားသုံးပေးရမယ့် အစားအသောက်နဲ့ အာဟာရဓာတ်တွေ က ဘာတွေများ ဖြစ်နိုင်ပါသလဲ။
ငါး
ရင်သွေးလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကိုယ်ဝန်ဆောင် မိခင်တွေမရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်က Omega-3 Fatty Acid ဖြစ်ပါတယ်။ ဆယ်လ်မွန်၊ တူနာ၊ ငါးကွမ်းရှပ် စတဲ့
ငါးတွေဟာ Omega-3 Fatty Acid ကြွယ်ဝစွာပါဝင်တဲ့ ငါးအမျိုးအစားများ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ထားချိန်မှာ ငါးအချို့မှာ ပါဝင် မာကျူရီဓာတ်ကြောင့် တူနာ၊ ဆာဒင်း
စတဲ့ငါးများကို ကိုယ်ဝန်ဆောင်ချိန် စားသုံးမှုကို ရှောင်ကြဉ်သင့်ပါတယ်။ ဆယ်လ်မွန်ငါးကတော့ ခြွင်းချက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ ရင်သွေးအတွက် ဘေးကင်းကာ Omega-3 Fatty Acid ပါဝင်မှု
အလွန်မြင့်မားတာကြောင့် ကလေးရဲ့ ဦးနှောက်ဖွံံ့ဖြိုးဖို့ အတွက် စားသုံးပေးသင့်တယ်လို့ ပညာရှင်တွေ တိုက်တွန်းထားပါတယ်။
အိုင်အိုဒင်း
အိုင်အိုဒင်း ပါဝင်မှုမြင့်မားတဲ့ ကမာ ကလည်း ကလေးရဲ့ဉာဏ်ရည် ဖွံ့ဖြိုးဖို့အတွက် စားသုံးပေးသင့်တဲ့ အစားအစာစာရင်းမှာ ပါဝင်ပါတယ်။ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ထားစဉ်မှာ
အိုင်အိုဒင်းဓာတ် လုံလောက်အောင် မရရှိထားရင် ရင်သွေးဖြစ်သူရဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ် ထိခိုက်မှုရှိနိုင်ကြောင်းကို သုတေသီတွေ လ့လာမှုတွေပြုလုပ်ပြီးနောက် တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ နေ့စဉ်အစားအသောက်ထဲမှာ အိုင်အိုဒင်းဓာတ်ပါဝင်အောင် ထည့်သွင်းစားသုံးပေးဖို့ အရေးကြီးတယ် လို့ သိရပါတယ်။
တစ်ချို့ပင်လယ်စာတွေမှာ အိုင်အိုဒင်းဓာတ်ပါဝင်တာမှန်ပေမဲ့ စားသုံးတဲ့အခါမှာ သေချာကျက်အောင် ချက်ပြုတ်ဖို့ လိုအပ်ပြီး ပင် လယ်စာနဲ့ ငါးစားသုံးမယ်ဆိုတဲ့အခါ
ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာဖို့လည်း လိုအပ်ပါတယ်။ ပင်လယ်စာအပြင် ကြက်ဥ၊ ဒိန်ချဉ်စတဲ့ အစားအစာများမှာလည်း အိုင်အိုဒင်းဓာတ်ပါဝင်ပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ Folic Acid ပါဝင်ပြီး အဆိုပါ အာဟာရဓာတ်ဟာ မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့ ကလေးရဲ့ ဦးနှောက် ဆဲလ်တွေဖွံ့ဖြိုးဖြစ်ပေါ်အတွက်
မရှိမဖြစ်လိုအပ်တဲ့ အရေးကြီး အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ကိုယ်ဝန်မဆောင် ခင် ရက်သတ္တပတ် ၄ ပတ် အလိုနဲ့ ကိုယ်ဝန်ရရှိပြီး
ရက်သတ္တပတ် ၈ ပတ်အထိ Folic Acid ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို စားသုံးတဲ့ မိခင်ဖြစ်သူတွေ မွေးဖွားလာတဲ့ကလေးငယ်တွေမှာ
အော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေ ၄ဝ% ခန့်လျော့နည်းနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အစိမ်းရောင် အသီးအရွက်များအပြင် Folic Acid ကြွယ်ဝစွာပါဝင်ပြီး
ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ ပဲနီကလေးလည်းပါဝင်ပါတယ်။
ကြက်ဥ
ကြက်ဥမှာ ကလေးငယ်ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်နှစ်မျိုးဖြစ်တဲ့ သံဓာတ်နဲ့ ပရိုတိန်းဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။
ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ မှတ်ဉာဏ်စွမ်းရည် ကိုတိုးတက်ကောင်းမွန်စေတဲ့ Amino Acid နဲ့ Choline စတဲ့ အာဟာရဓာတ်တွေလည်း ကြက်ဥမှာ ပါဝင်ပါသေးတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် တစ်ရက်တာအတွက် လိုအပ်တဲ့ Choline ကိုရရှိဖို့ တစ်ရက်ကို ကြက်ဥ ၂ လုံးစားပေးသင့်တယ်လို့ အာဟာရဗေဒပညာရှင်တွေ ဆိုပါတယ်။
ကြက်ဥမှာပါဝင်တဲ့ သံဓာတ်နဲ့ ပရိုတိန်းက ကလေးရဲ့ ဉာဏ်ရည်ကို တိုးတက်စေရုံသာမက ကိုယ်အလေးချိန်တက်ဖို့ပါ ကူညီပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန် မပြည့်တဲ့ကလေးတွေမှာ ဉာဏ်ရည်လျော့နည်းနိုင်တဲ့ ပြဿနာနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ပညာရှင်တွေ အလေးအနက် သတိပေးထားပါတယ်။
အစေ့အဆန်များ
Almond စေ့ကို နေ့စဉ် လက်တစ်ဆုပ်စာခန့် စားပေးခြင်းဖြင့် မေမေတို့ ဉာဏ်ကြီးရှင်လေး မွေးဖွားလာနိုင်ခြေ အလွန်မြင့်မားလာနိုင်တယ်လို့ သိရပါတယ်။
Almond သာမကပဲ ဘယ်လို အစေ့အဆန်မျိုးကို စားသုံးခြင်းမှမဆို အဆိုပါအကျိုးအာနိသင်ကို ရရှိနိုင်ပါတယ်။ အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်တွေ၊
ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ဖို့အတွက် အလွန်အစွမ်းထက်တဲ့ Omega-3 Fatty Acid ၊ အမျှင်ဓာတ်၊ ပရိုတိန်းနဲ့ ဗီတာမင်တွေပါဝင်တာကြောင့်
ကိုယ်ဝန်ဆောင်မိခင် နဲ့ ကလေးဖြစ်သူရဲ့ ကျန်းမာဖွံ့ဖြိုးရေးအတွက် အလွန်ကိုသင့်တော်တဲ့ သွားရေစာတစ်မျိုးလို့တောင် ဆိုလိုနိုင်ပါတယ်။
နို့နဲ့နို့ထွက်ပစ္စည်းများ
ကိုယ်ဝန်ဆောင်ထားချိန် မိခင်ဖြစ်သူရဲ့ အ စားအသောက်စားသုံးမှုဟာ ဗိုက်ထဲမှာ ရှိနေတဲ့ ရင်သွေးဖြစ်သူရဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးကြီးထွားမှု စတာတွေနဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိနေပါတယ်။
မိခင်ဖြစ်သူက Probiotic Foods လို့ခေါ်တဲ့ ချိစ်၊ ဒိန်ချဉ်စတဲ့ အစားအစာတွေစားသုံးခြင်းဖြင့် ကလေးရဲ့ ဦးနှောက်ဖွင့်ဖြိုးမှုနဲ့ မှတ်ဉာဏ်စွမ်းရည် ကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်ရဲ့ ခန္ဓာကိုယ်ဟာ လွယ်ထားရတဲ့ရင်သွေးရဲ့ ဦးနှောက်နဲ့ အာရုံကြောနာ့ဗ်ဆဲလ်တွေ ဖွံ့ဖြိုးလာဖို့အတွက် ပြင်းပြင်းထန်ထန်အလုပ်လုပ်ရတာကြောင့်
ပရိုတိန်းဓာတ်ကို ပုံမှန်ထပ်ပိုပြီး လိုအပ်ပါတယ်။ ဒိန်ချဉ်လိုမျိုး နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ပရိုတိန်းဓာတ်ပါဝင်မှု မြင့်မားတဲ့အပြင် ရင်သွေးငယ်လေးရဲ့အရိုးတွေ ဖွံ့ဖြိုးသန်မာလာစေဖို့လိုအပ်တဲ့
ကယ်လ်ဆီယမ် ဓာတ်လည်း ပါဝင်တာကြောင့် မိခင်ဖြစ်သူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မိခင်ဖြစ်သူ ဗီတာမင် D ဓာတ် ချို့တဲ့ခြင်းကြောင့်
နောက်ဆက်တွဲအနေနဲ့ မွေးဖွားလာတဲ့ ကလေးငယ်မှာ ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးတာမျိုး ကြုံတွေ့ရနိုင်ခြေရှိတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်ထားချိန်မှာ ဗီတာမင် D ပါဝင်တဲ့ ချိစ်ကို စားသုံးပေးခြင်းဖြင့်
နေ့စဉ် လိုအပ်တဲ့ ဗီတာမင် D ကို တစ်စိတ်တစ်ပိုင်း ရရှိနိုင်ပါတယ်။
သံဓာတ်
ကိုယ်ဝန်လွယ်ထားစဉ်မှာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးခြင်းဖြင့် ရင်သွေးဖြစ်သူရဲ့ ဉာဏ်ရည်ကို ပိုပြီးတိုးတက်ကောင်းမွန်စေတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို
အားပေးရာရောက်တယ်လို့ လေ့လာမှုတွေပြုလုပ်ပြီး ထွက်ရှိလာတဲ့ရလဒ်တွေအရ သိရပါတယ်။ သံဓာတ်က ဝမ်းဗိုက်ထဲက ကလေးငယ်ရဲ့ ဦးနှောက်ဆဲလ်တွေထံ
အောက်ဆီဂျင်ရောက်ရှိအောင် သယ်ဆောင်ပေးတဲ့နေရာမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒါကြောင့် သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့
ပဲအမျိုးမျိုး၊ ကြက်သား၊ ဟင်းနုနွယ်၊ စပျစ်သီးခြောက် စတဲ့ အစားအစာတွေကို ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏဆိုသလို စားသုံးပေးသင့်ပါတယ်။
Ref; pregnancy foods make baby smarter womb
Credit: www.people.com

Comments
Post a Comment