အလုပ္ ၾကိဳးစားရံုုတစ္ခုတည္းနဲ႔ မေအာင္ျမင္ဘူးဆိုတာ သင္သိပါသလား ???
ေအာင္ျမင္ဖို႔အတြက္ အလုပ္ ၾကိဳးစားဖို႔ မလုိဘူးလားလို႔ေမးရင္ေတာ့ လိုပါတယ္။ ဒါေပမယ့္အလုပ္ၾကိဳးစားတိုင္းေတာ့ မေအာင္ျမင္နုိင္ပါဘူး။ ပါးနပ္မႈမပါရင္ေတာ့ အလုပ္ၾကိဳးစားလည္း အလကားပါပဲ။ ပါးနပ္မႈမရွိရင္ၾကိဳးစားထားသမွ်က အရာထင္လာမွာမဟုတ္ပါဘူး။ ဒါမွမဟုတ္ အရာထင္ေကာင္းေတာ့ထင္လာမယ္၊ဒါေပမယ့္ အခ်ိန္အၾကာၾကီးယူရမွာပါ။ အလုပ္ကို အခ်ိန္အဆမရွိ နင္းကန္လုပ္ရင္ ဖိအားမ်ားလာတတ္ပါတယ္။ က်န္းမာေရးလည္း ထိခုိက္လာတတ္ပါတယ္။ လႈမႈဆက္ဆံေရးမွာလည္း ထိခုိက္လာတတ္ပါတယ္။ တကယ္ေတာ့ အခ်ိန္အဆမွ်တေအာင္လုပ္ေဆာင္တတ္ရပါမယ္။ လက္ေဝွ႕ပြဲတစ္ပြဲ သို႔မဟုတ္ ေဘာလံုးပြဲတစ္ပြဲသို႔မဟုတ္ အေျပးျပိဳင္ပြဲတစ္ပြဲကိုပဲ ဥပမာယူၾကည့္ပါ။ ပြဲစကတည္းက အားအင္ကို အကုန္သံုးရင္ ပြဲမျပီးခင္အားအင္ကုန္ခန္းျပီး က်ရႈံးသြားပါလိမ့္မယ္။
ဘဝဆိုတာခရီးရွည္ၾကီးပါ။ ဦးေနွာက္ကိုမသံုးပဲသြားရင္ တစ္ခ်ိန္ေမာပန္းျပီး ေခ်ာ္လဲက်န္ခဲ့မွာပါပဲ။ ဒီေတာ့ ဘယ္လိုအခ်ိန္အဆ ကိုညွိၾကမလဲ? ကြ်န္ေတာ္သိသေလာက္အၾကံေပးပါရေစ။
တစ္ေန႔မွာ ၈နာရီအပိုင္းအျခား(၃)ခုရွိပါတယ္။
🕗 ပထမ(၈)နာရီမွာလူေတြအိပ္ၾကတယ္။
🕗 ဒုတိယ(၈)နာရီမွာအလုပ္လုပ္ၾကတယ္။
🕗 တတိယ(၈) နာရီက ေအာင္ျမင္သူနဲ႔
က်ရႈံးသူကိုအဆံုးအျဖတ္ေပးပါတယ္။
ပထမ(၈)နာရီ အိပ္ၾကတယ္ဆိုေပမယ့္ သင္တကယ္ေရာ(၈)နာရီအျပည့္အိပ္ရဲ့လား? ဂိမ္းေဆာ့မယ္၊ Facebook သံုးမယ္၊ Chatting ထုိင္မယ္၊ ရုပ္ရွင္ၾကည့္မယ္။
ဘယ္ႏွစ္ နာရီေလာက္အိပ္ျဖစ္ပါသလဲ?
တကယ္ေတာ့.. လူတစ္ေယာက္အတြက္အိပ္ခ်ိန္ကအရမ္းအေရးၾကီးပါတယ္။
အိပ္ခ်ိန္က လူတစ္ေယာက္ရဲ့ တစ္ေန႔တာကို အဆံုးအျဖတ္ေပးပါတယ္။ လူတစ္ေယာက္ရဲ့ တစ္ေန႔တာက လူတစ္ေယာက္ရဲ့ တစ္သက္တာကို အဆံုးအျဖတ္ေပးပါတယ္။အိပ္ေရးပ်က္တဲ့အခ်ိန္ေတြဆို စိတ္လည္း
မၾကည္တတ္ပါဘူး။ လုပ္သမွ် အရာေတာ္ေတာ္မ်ားမ်ား အလြဲေတြခ်ည္း
ျဖစ္တတ္ပါတယ္။ အလြဲေတြျဖစ္လာတဲ့အခါ အိပ္ခ်ိန္မျပည့္ဝတာကို သတိမမူတတ္ၾကပါဘူး။ ပတ္ဝန္းက်င္ကိုပဲအျပစ္တင္္တတ္ၾကပါတယ္။
ဒါေပမယ့္ တကယ္ေတာ့ အိပ္ခ်ိန္မျပည့္ဝျခင္းရဲ့ အက်ိဳးဆက္ေတြပါ။
ဒုတိယ(၈)နာရီ အလုပ္လုပ္ၾကတယ္ဆိုေပမယ့္ သင္(၈)နာရီလံုးတကယ္ေရာ မခိုမကပ္ပဲအလုပ္လုပ္ေလ့ ရွိပါသလား?ငါ့ကုမၸဏီမွမဟုတ္တာ ငါလုပ္လည္းဘာမွမထူးပါဘူးဆိုတဲ့ စိတ္ဓာတ္ေမြးဖူးပါသလား? ဒါဆိုရင္ေတာ့ေအာင္ျမင္ဖို႔မလြယ္ပါဘူး။ ဘယ္အလုပ္ျဖစ္ျဖစ္ေစတနာထားလုပ္မွ သင္ကိုယ္တုိင္လည္း တိုးတက္တာပါ။ သင္ေစတနာထားသလိုသင့္ကိုျပန္မသိတတ္တဲ့ ကုမၸဏီေတြရွိေကာင္းရွိမွာပါ။ ဒါေပမယ့္ အဲ့ဒါကသူတို႔ကိစၥပါ။
သင္ၾကိဳစားတဲ့အတြက္ ...
☑️(၁) သင့္ရဲ့အရည္အခ်င္းတိုးတက္လာတယ္။
☑️(၂) သင္အလုပ္လုပ္ရတာလိပ္ျပာလံုတယ္။
သူတို႔သင့္ကို အသိအမွတ္ျပဳသည္ျဖစ္ေစ မျပဳသည္ျဖစ္ေစ ၾကိဳးစားတာကိုဘယ္ေတာ့မွ မရပ္ပါနဲ႔။ ဒါေပမယ့္ ပါးနပ္ပါေစ။
တတိယ(၈)နာရီ တတိယ(၈)နာရီမွာေရာ သင္ဘာလုပ္ေလ့ရွိပါသလဲ? သင့္မွာလိုေနတဲ့ အရည္အခ်င္းတစ္ခုခုကို ျဖည့္စြက္ဖို႔
ၾကိဳးစားဖူးပါသလား? အလုပ္မွာခ်ည္းပဲ ၾကိဳးစားလို႔မရပါဘူး။ သင့္ရဲ့ကိုယ္ပိုင္အခ်ိန္မွာလည္း သင့္အတြက္လိုေနတဲ့ အရည္အခ်င္းေတြကို ျဖည့္စြက္ဖို႔ၾကိဳးစားေနရမွာပါ။ ဒါမွသာ တိုးတက္လာမွာျဖစ္ပါတယ္။ ခႏၶာကိုယ္က်န္းမာေရးအတြက္ ေလ့က်င့္ခန္းတစ္ခုခု လုပ္သင့္ပါတယ္။
စိတ္ဓာတ္က်န္းမာဖို႔အတြက္လည္း စာအုပ္စာေပေတြ အားလပ္ခ်ိန္မွာ ဖတ္သင့္ပါတယ္။ English စကားေျပာတတ္ခ်င္ရင္လည္း တတိယ(၈)နာရီမွာ အၾကိဳးစားသင့္ဆံုးပါပဲ။ သင့္အတြက္ အပန္းေျဖခ်ိန္ကိုလည္း တတိယ(၈)နာရီထဲကပဲ ထုတ္ယူသင့္ပါတယ္။ အခ်ိန္ကိုေတာ့ အစီအစဥ္တက် အသံုးခ်တတ္သြားျပီဆိုရင္ ...
.ေနာက္ထပ္အေရးၾကီးတဲ့ အခ်က္တစ္ခု ရွိပါေသးတယ္။ 👇👇
☑️အဲ့ဒါကေတာ့ ဇြဲပါ။
ဖြဲမီးလို ခဏေလးေတာက္သြားျပီး သိပ္မၾကာခင္မွာ ျပာျဖစ္သြားတာမ်ိဳး မျဖစ္သင့္ပါဘူး။ ဒါေၾကာင့္အလုပ္ကို မဆင္မျခင္ ၾကိဳးစားတာထက္ ဇြဲနဲ႔ပါးနပ္မႈကိုပါ ေပါင္းစပ္ျပီး ပံုမွန္ၾကိဳးစားသင့္ပါတယ္။
🔆 Work hard, but be smart!
Credit: မုိးရွင္း(M.I.T)
Unicode Version#
အောင်မြင်ဖို့အတွက် အလုပ် ကြိုးစားဖို့ မလိုဘူးလားလို့မေးရင်တော့ လိုပါတယ်။ ဒါပေမယ့်အလုပ်ကြိုးစားတိုင်းတော့ မအောင်မြင်နိုင်ပါဘူး။ ပါးနပ်မှုမပါရင်တော့ အလုပ်ကြိုးစားလည်း အလကားပါပဲ။ ပါးနပ်မှုမရှိရင်ကြိုးစားထားသမျှက အရာထင်လာမှာမဟုတ်ပါဘူး။ ဒါမှမဟုတ် အရာထင်ကောင်းတော့ထင်လာမယ်၊ဒါပေမယ့် အချိန်အကြာကြီးယူရမှာပါ။ အလုပ်ကို အချိန်အဆမရှိ နင်းကန်လုပ်ရင် ဖိအားများလာတတ်ပါတယ်။ ကျန်းမာရေးလည်း ထိခိုက်လာတတ်ပါတယ်။ လှုမှုဆက်ဆံရေးမှာလည်း ထိခိုက်လာတတ်ပါတယ်။ တကယ်တော့ အချိန်အဆမျှတအောင်လုပ်ဆောင်တတ်ရပါမယ်။ လက်ဝှေ့ပွဲတစ်ပွဲ သို့မဟုတ် ဘောလုံးပွဲတစ်ပွဲသို့မဟုတ် အပြေးပြိုင်ပွဲတစ်ပွဲကိုပဲ ဥပမာယူကြည့်ပါ။ ပွဲစကတည်းက အားအင်ကို အကုန်သုံးရင် ပွဲမပြီးခင်အားအင်ကုန်ခန်းပြီး ကျရှုံးသွားပါလိမ့်မယ်။
ဘဝဆိုတာခရီးရှည်ကြီးပါ။ ဦးနှောက်ကိုမသုံးပဲသွားရင် တစ်ချိန်မောပန်းပြီး ချော်လဲကျန်ခဲ့မှာပါပဲ။ ဒီတော့ ဘယ်လိုအချိန်အဆ ကိုညှိကြမလဲ? ကျွန်တော်သိသလောက်အကြံပေးပါရစေ။
တစ်နေ့မှာ ၈နာရီအပိုင်းအခြား(၃)ခုရှိပါတယ်။
🕗 ပထမ(၈)နာရီမှာလူတွေအိပ်ကြတယ်။
🕗 ဒုတိယ(၈)နာရီမှာအလုပ်လုပ်ကြတယ်။
🕗 တတိယ(၈) နာရီက အောင်မြင်သူနဲ့
ကျရှုံးသူကိုအဆုံးအဖြတ်ပေးပါတယ်။
ပထမ(၈)နာရီ အိပ်ကြတယ်ဆိုပေမယ့် သင်တကယ်ရော(၈)နာရီအပြည့်အိပ်ရဲ့လား? ဂိမ်းဆော့မယ်၊ Facebook သုံးမယ်၊ Chatting ထိုင်မယ်၊ ရုပ်ရှင်ကြည့်မယ်။
ဘယ်နှစ် နာရီလောက်အိပ်ဖြစ်ပါသလဲ?
တကယ်တော့.. လူတစ်ယောက်အတွက်အိပ်ချိန်ကအရမ်းအရေးကြီးပါတယ်။
အိပ်ချိန်က လူတစ်ယောက်ရဲ့ တစ်နေ့တာကို အဆုံးအဖြတ်ပေးပါတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာက လူတစ်ယောက်ရဲ့ တစ်သက်တာကို အဆုံးအဖြတ်ပေးပါတယ်။အိပ်ရေးပျက်တဲ့အချိန်တွေဆို စိတ်လည်း
မကြည်တတ်ပါဘူး။ လုပ်သမျှ အရာတော်တော်များများ အလွဲတွေချည်း
ဖြစ်တတ်ပါတယ်။ အလွဲတွေဖြစ်လာတဲ့အခါ အိပ်ချိန်မပြည့်ဝတာကို သတိမမူတတ်ကြပါဘူး။ ပတ်ဝန်းကျင်ကိုပဲအပြစ်တင်တတ်ကြပါတယ်။
ဒါပေမယ့် တကယ်တော့ အိပ်ချိန်မပြည့်ဝခြင်းရဲ့ အကျိုးဆက်တွေပါ။
ဒုတိယ(၈)နာရီ အလုပ်လုပ်ကြတယ်ဆိုပေမယ့် သင်(၈)နာရီလုံးတကယ်ရော မခိုမကပ်ပဲအလုပ်လုပ်လေ့ ရှိပါသလား?ငါ့ကုမ္ပဏီမှမဟုတ်တာ ငါလုပ်လည်းဘာမှမထူးပါဘူးဆိုတဲ့ စိတ်ဓာတ်မွေးဖူးပါသလား? ဒါဆိုရင်တော့အောင်မြင်ဖို့မလွယ်ပါဘူး။ ဘယ်အလုပ်ဖြစ်ဖြစ်စေတနာထားလုပ်မှ သင်ကိုယ်တိုင်လည်း တိုးတက်တာပါ။ သင်စေတနာထားသလိုသင့်ကိုပြန်မသိတတ်တဲ့ ကုမ္ပဏီတွေရှိကောင်းရှိမှာပါ။ ဒါပေမယ့် အဲ့ဒါကသူတို့ကိစ္စပါ။
သင်ကြိုစားတဲ့အတွက် ...
☑️(၁) သင့်ရဲ့အရည်အချင်းတိုးတက်လာတယ်။
☑️(၂) သင်အလုပ်လုပ်ရတာလိပ်ပြာလုံတယ်။
သူတို့သင့်ကို အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကြိုးစားတာကိုဘယ်တော့မှ မရပ်ပါနဲ့။ ဒါပေမယ့် ပါးနပ်ပါစေ။
တတိယ(၈)နာရီ တတိယ(၈)နာရီမှာရော သင်ဘာလုပ်လေ့ရှိပါသလဲ? သင့်မှာလိုနေတဲ့ အရည်အချင်းတစ်ခုခုကို ဖြည့်စွက်ဖို့
ကြိုးစားဖူးပါသလား? အလုပ်မှာချည်းပဲ ကြိုးစားလို့မရပါဘူး။ သင့်ရဲ့ကိုယ်ပိုင်အချိန်မှာလည်း သင့်အတွက်လိုနေတဲ့ အရည်အချင်းတွေကို ဖြည့်စွက်ဖို့ကြိုးစားနေရမှာပါ။ ဒါမှသာ တိုးတက်လာမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုခု လုပ်သင့်ပါတယ်။
စိတ်ဓာတ်ကျန်းမာဖို့အတွက်လည်း စာအုပ်စာပေတွေ အားလပ်ချိန်မှာ ဖတ်သင့်ပါတယ်။ English စကားပြောတတ်ချင်ရင်လည်း တတိယ(၈)နာရီမှာ အကြိုးစားသင့်ဆုံးပါပဲ။ သင့်အတွက် အပန်းဖြေချိန်ကိုလည်း တတိယ(၈)နာရီထဲကပဲ ထုတ်ယူသင့်ပါတယ်။ အချိန်ကိုတော့ အစီအစဉ်တကျ အသုံးချတတ်သွားပြီဆိုရင် ...
.နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ 👇👇
☑️အဲ့ဒါကတော့ ဇွဲပါ။
ဖွဲမီးလို ခဏလေးတောက်သွားပြီး သိပ်မကြာခင်မှာ ပြာဖြစ်သွားတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့်အလုပ်ကို မဆင်မခြင် ကြိုးစားတာထက် ဇွဲနဲ့ပါးနပ်မှုကိုပါ ပေါင်းစပ်ပြီး ပုံမှန်ကြိုးစားသင့်ပါတယ်။
🔆 Work hard, but be smart!
Credit: မိုးရှင်း(M.I.T)

Comments
Post a Comment